ကမ္ဘာ့သတင်း

ရုရှားနှင့် အပစ်ရပ်ပြီးပါက ယူကရိန်းသို့ နိုင်ငံတကာတပ်ဖွဲ့ စေလွှတ်ရန် မဟာမိတ်များ သဘောတူ

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ ရုရှားနှင့် အပစ်ရပ်စဲမှု ရရှိခဲ့ပြီးပါ ယူကရိန်း၏ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးရန် နိုင်ငံစုံ တပ်ဖွဲ့တစ်ခု စေလွှတ်ပေးရေး ယူကရိန်းကို ထောက်ခံသော နိုင်ငံများက သဘောတူခဲ့ကြသည်။ ၎င်းတွင် ပြင်သစ်နှင့် ဗြိတိန်တို့၏ တပ်များ ပါဝင်လာနိုင်သော်လည်း ၎င်းတို့၏ တပ်ဖွဲ့ အင်အားကို မသိရသေးပေ။ မဟာမိတ်အဖွဲ့ဝင်များသည် အမေရိကန်က အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး ယန္တရားတွင် ပါဝင်သွားကြမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။ အနာဂတ်တွင် ရုရှား၏ တိုက်ခိုက်မှု ဖြစ်လာပါက ယူကရိန်းကို ကူညီ ထောက်ပံ့သွားရန် ဥပဒေအရ စည်းကြပ်မှုရှိသော ကတိကဝတ်များကို အပြီးသတ် လုပ်ဆောင်သွားကြရန်လည်း အဖွဲ့ဝင်များက သဘောတူခဲ့ကြသည်။ ယင်းကတိကဝတ်များတွင် စစ်ရေးတုံ့ပြန်မှုများ ပါဝင်နိုင်သလို

မဲခေါင်၊ ဇန်နဝါရီ ၈

ရုရှားနှင့် အပစ်ရပ်စဲမှု ရရှိခဲ့ပြီးပါ ယူကရိန်း၏ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးရန် နိုင်ငံစုံ တပ်ဖွဲ့တစ်ခု စေလွှတ်ပေးရေး ယူကရိန်းကို ထောက်ခံသော နိုင်ငံများက သဘောတူခဲ့ကြသည်။

၎င်းတွင် ပြင်သစ်နှင့် ဗြိတိန်တို့၏ တပ်များ ပါဝင်လာနိုင်သော်လည်း ၎င်းတို့၏ တပ်ဖွဲ့ အင်အားကို မသိရသေးပေ။

မဟာမိတ်အဖွဲ့ဝင်များသည် အမေရိကန်က အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး ယန္တရားတွင် ပါဝင်သွားကြမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

အနာဂတ်တွင် ရုရှား၏ တိုက်ခိုက်မှု ဖြစ်လာပါက ယူကရိန်းကို ကူညီ ထောက်ပံ့သွားရန် ဥပဒေအရ စည်းကြပ်မှုရှိသော ကတိကဝတ်များကို အပြီးသတ် လုပ်ဆောင်သွားကြရန်လည်း အဖွဲ့ဝင်များက သဘောတူခဲ့ကြသည်။

ယင်းကတိကဝတ်များတွင် စစ်ရေးတုံ့ပြန်မှုများ ပါဝင်နိုင်သလို တားဆီး ပိတ်ဆို့ခြင်းများ ထပ်မံ လုပ်ဆောင်မှုလည်း ပါဝင်နိုင်သည်။

ယမန်နေ့ ပါရီမြို့ ထိပ်သီး အစည်းအဝေးသို့ ‌ဥရောပခေါင်း‌ဆောင်များ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးနှင့် အမေရိကန် အထူး သံတမန် စတိဗ်ဝစ်ကော့ဖ်တို့လည်း တက်ရောက်ခဲ့ကြသည်။

ယူကရိန်းအမာခံ နိုင်ငံများမှ တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး အမေရိကန် ထောက်ခံသော နိုင်ငံစုံတပ်ဖွဲ့များအား ယူကရိန်းနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ထိပ်သီး ဆွေးနွေးပွဲ အပြီး ပူးတွဲထုတ်ပြန်ချက်က ဖော်ပြသည်။

ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကြောင့် ယူကရိန်းက လက်နက်ချခြင်း၊ သို့မဟုတ် တစ်ဖန် ခြိမ်းခြောက်ခံရမှုဆီသို့‌ မ‌ရောက်သွားရေး သေချာစေရန် ယင်းလုံခြုံရေး အာမခံချက်များ လိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သတင်း‌ထောက်များအား ပြောကြားသည်။

ယူကရိန်းတွင် အနောက်တိုင်းတပ်ဖွဲ့များ ထားရှိခြင်းကို ရုရှားက ဆန့်ကျင်သည့်အတွက် ထိုသို့ တပ်ဖွဲ့များ ချထားမှုအား မော်စကိုက သဘောတူမည်လားဆိုသည်ကိုလည်း စောင့်ကြည့်ရဦးမည် ဖြစ်သည်။

အေးကျော်
Ref: NHK
#MeKongNews
#ရုရှား
#ယူကရိန်း
#နိုင်ငံတကာတပ်ဖွဲ့
#မဟာမိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now