မဲခေါင်၊ ဇန်နဝါရီ ၅
ဗင်နီဇွဲလားသမ္မတ မာဂျူရိုနှင့် ဇနီးကို ကာရာကက်စ်မြို့တွင် အမေရိကန်တပ်များက ဝင်ရောက် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခဲ့မှု၌ ကျူးဘားစစ်သား ၃၂ ဦးအပါအဝင် စုစုပေါင်း ၈၀ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။
ဇန်နဝါရီ ၃ ရက်တွင် ကာရာကက်စ်မြို့သို့ အမေရိကန် စစ်လေယာဉ် အစီး ၁၅၀ ကျော် ပျံသန်းဝင်ရောက် တိုက်ခိုက်ပြီး မာဂျူရိုနှင့် ဇနီးကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာတွင် အနည်းဆုံး သေဆုံးသူ ၈၀ ရှိပြီ ဖြစ်ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက နယူးယောက်တိုင်းမ်သို့ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှု၌ ဗင်နီဇွဲလားနှင့် ၂ နိုင်ငံကာကွယ်ရေး သဘောတူ စာချုပ်ကြောင့် မာဂျူရိုအား လာရောက် ကာကွယ်ပေးနေသည့် ကျူးဘား စစ်သားများလည်း သေဆုံးခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကာ တကယ်တမ်းလည်း ကျူးဘားစစ်သား ၃၂ ယောက် သေဆုံးကြောင်း သမ္မတ မီဂွဲဒီယက်ဇ် ကန်နယ်က ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
ထို့နောက် တရားဝင် စစ်ရေးတာဝန်အဖြစ် ရဲရင့်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသည့် စစ်သည်များအတွက် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များကို အမျိုးသား ဝမ်းနည်းဖွယ်နေ့များ အဖြစ် သတ်မှတ်ကြောင်းပါ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
မာဂျူရိုကို မူးယစ်အကြမ်းဖက် ခေါင်းဆောင်အဖြစ် သတ်မှတ်ကာ ယခုလိုဝင်ရောက် ဖမ်းဆီးခဲ့မှုအပြီး ကိုလံဘီယာ သမ္မတ ဂူစတာဗိုပီထရိုနှင့် အစိုးရသည်လည်း မာဂျူရိုအစိုးရနှင့် မခြား ကိုကင်းများကို ထုတ်လုပ်ကာ အမေရိကန်နိုင်ငံအတွင်း ပေးပို့ ရောင်းချနေသည့်အတွက် ထပ်မံ လုပ်ဆောင်နေဦးမည် ဆိုလျှင် ဗင်နီဇွဲလားကဲ့သို့ စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခြင်းမျိုးမှာ မိမိအတွက် နားဝင်ချိုသည့် အသံဖြစ်သည် ဟုဆိုကာ ထရမ့်က ထပ်မံ သတိပေး ခြိမ်းခြောက်သွားခဲ့သည်။
ကိုကလင်း
Ref: New York Times
#MeKongNews
#မာဂျူရို
#အမေရိကန်
#ကျူးဘား
#စစ်သား
#သေဆုံး








