နေ့စဥ်သတင်း

UWSA ထိန်းချုပ် နမ့်တစ်တွင် အစောင့်ကိုသတ်ပြီး ထောင်ဖောက်ပြေးသည့် အကျဥ်းသားများ ပြန်မိ

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ UWSA ထိန်းချုပ် နမ့်တစ်မြို့မှ အစောင့်ကိုသတ်ပြီး ထောင်ဖောက်ပြေးသူ ၇ ဦးကို ပြန်လည် ဖမ်းဆီးမိကြောင်း UWSA နှင့်နီးစပ်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်က နမ့်တစ်မြို့တွင် အကျဉ်းသား ၇ ဦးသည် ပြင်ပတွင် အလုပ်လုပ်နေစဉ် ကြိုတင် ကြံစည်ထားသော တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အစောင့်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့ နံနက် ၈ နာရီခန့်တွင် အကျဥ်းသားများက အစောင့်တာဝန်ကျ ရဲအရာရှိ Lu ကို အနောက်မှ ရုတ်တရက် ရိုက်ပြီး ၎င်းမေ့မြောသွားချိန်တွင် ၎င်း၏

မဲခေါင်၊ ဇန်နဝါရီ ၅

UWSA ထိန်းချုပ် နမ့်တစ်မြို့မှ အစောင့်ကိုသတ်ပြီး ထောင်ဖောက်ပြေးသူ ၇ ဦးကို ပြန်လည် ဖမ်းဆီးမိကြောင်း UWSA နှင့်နီးစပ်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်က နမ့်တစ်မြို့တွင် အကျဉ်းသား ၇ ဦးသည် ပြင်ပတွင် အလုပ်လုပ်နေစဉ် ကြိုတင် ကြံစည်ထားသော တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အစောင့်တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီခန့်တွင် အကျဥ်းသားများက အစောင့်တာဝန်ကျ ရဲအရာရှိ Lu ကို အနောက်မှ ရုတ်တရက် ရိုက်ပြီး ၎င်းမေ့မြောသွားချိန်တွင် ၎င်း၏ ကျည် ၅ တောင့်ပါ K12 ရိုင်ဖယ် ကိုလုယူသွားကြောင်း သိရသည်။

ဖူးဘန်ကောင်တီ ထိန်းသိမ်းရေးစခန်းမှ ရဲအရာရှိ Li ၊ Lu နှင့် အစောင့် Zhou Shuangzhu တို့ဦးဆောင်သော အကျဉ်းသား ၁၀ ဦးကို နန်ဒင်းခရိုင် ဓာတ်အားပေး စက်ရုံအနီးရှိ ကျွန်းတောတွင် အလုပ်လုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် အကျဉ်းသား ၇ ဦးက Lu ကို နွယ်ကြိုးများဖြင့် တုပ်ထားပြီးကုန်စုံဆိုင်မှ ပြန်လာသော အလုပ်သမား Ai ကိုပါ ဖမ်းဆီးကာ ၎င်း၏ ဖုန်းနှင့် ကားကို လုယူပြီး ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

နောက်ပိုင်းတွင် Ai ကထွက်ပြေးနိုင်ခဲ့ပြီး Lu နှင့် ပြန်ဆုံခဲ့ပြီးနောက် ဖြစ်ရပ်ကို တိုင်ကြားရန် ထိန်းသိမ်းရေးစခန်းသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အလုပ်ခွင်အနီးတွင် ချက်ပြုတ်နေသော ရဲအရာရှိ Li သည်လည်း ဖြစ်ရပ်ကို သိရှိပြီး အလုပ် ခွင်သို့ ရောက်လာရာ ဦးခေါင်းတွင် ဓားဒဏ်ရာများစွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေသည့် အလှည့်ကျကြီးကြပ် ရေးမှူး ‘ကျိုး’ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် Li က ဖြစ်ရပ်ကို အထက်သို့ ချက်ချင်း သတင်းပို့ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရထားသူ ‘ကျိုး’ ကို နန်ဒင်းဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း ဆိုသည်။

ဝရမ်းပြေးများက နယ်စပ်ဖြတ်ကျော် လာနိုင်သောကြောင့် “ဝ” ဒေသ တရားစီရင်ရေး ကော်မတီက ဒေသဖြတ် ကျော် တရားစီရင်ရေးအရ ကိုးကန့်ဒေသရှိ သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပြီး ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထွက် ပြေးသူ ၇ ဦးစလုံးကို ဖမ်းဆီးမိခဲ့ကြောင်း ယနေ့တွင် UWSA နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ပါဝင်ပတ်သက်သူ အားလုံးကို ဖမ်းဆီးထားပြီး UWSA တရားရေးဌာနက အမှုကို ဥပဒေနှင့်အညီ တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

#MeKongNews
#UWSA
#နမ့်တစ်
#ထောင်ဖောက်
#အကျဥ်းသား
#ပြန်မိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now