ကမ္ဘာ့သတင်း

ဆွစ်ဇာလန် အပန်းဖြေစခန်း ဘားမီးလောင်မှု ၄၀ ဦးခန့် သေဆုံး၊ လူရာကျော် ဒဏ်ရာရ

မဲခေါင် 2 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂ ဆွစ်ဇာလန်နိုင်ငံ အဲ့လ်ပ်တောင်တန်း အပန်းဖြေစခန်းတစ်ခု၏ နှစ်သစ်ကူး ပွဲတော်အတွင်း ဒေသစံတော်ချိန် ကြာသပတေး နံနက် ၁ နာရီကျော် ( မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၇ နာရီခန့် ) က အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ရာ လူပေါင်း ၄၀ ခန့် သေဆုံးပြီး ၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဒဏ်ရာရသူ အများစုမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အာဏာပိုင်များက ဆိုသည်။ ထို့ပြင် သေဆုံးသူဦးရေ အတိအကျကို လတ်တလော အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူ များက ပြောသည်။ ဆွစ်ဇာလန်၏ ခရန်စ် – မွန်တာနာ

မဲခေါင်၊ ဇန်နဝါရီ ၂

ဆွစ်ဇာလန်နိုင်ငံ အဲ့လ်ပ်တောင်တန်း အပန်းဖြေစခန်းတစ်ခု၏ နှစ်သစ်ကူး ပွဲတော်အတွင်း ဒေသစံတော်ချိန် ကြာသပတေး နံနက် ၁ နာရီကျော် ( မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၇ နာရီခန့် ) က အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ရာ လူပေါင်း ၄၀ ခန့် သေဆုံးပြီး ၁၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒဏ်ရာရသူ အများစုမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အာဏာပိုင်များက ဆိုသည်။

ထို့ပြင် သေဆုံးသူဦးရေ အတိအကျကို လတ်တလော အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူ များက ပြောသည်။

ဆွစ်ဇာလန်၏ ခရန်စ် – မွန်တာနာ အပန်းဖြေစခန်းသည် စကိတ်နှင့် ဂေါက်သီးရိုက် နိုင်ငံတကာ အားကစားပြိုင် ပွဲများ ကျင်းပရာ နေရာအဖြစ် ထင်ရှားသော်လည်း ယမန်နေ့ကမူ လူများဖြင့် စည်ကားနေသည့် Le Constellation ဘားသည် ပျော်ရွှင်ဖွယ် မြင်ကွင်းတစ်ခု အဖြစ်မှ ဆွစ်ဇာလန်နိုင်ငံ၏ အဆိုးရွားဆုံး ကပ်ဘေးတစ်ခု ဖြစ်ပွားရာ နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

ဘားအတွင်း၌ လုံးဝကို ရုတ်ရုတ်သဲသဲနှင့် ဖရိုဖရဲ ဖြစ်နေခဲ့ကြောင်း ယင်းမီးလောင်မှုမှ လွတ်မြောက်လာခဲ့သူ ပဲရစ်မြိုခံ အသက် ၁၆ နှစ်အရွယ် အေဇယ်ကလေဗီယာက ပြောပြခဲ့ပြီး ၎င်း၏ သူငယ်ချင်းတစ်ဦး သေဆုံးခဲ့ကာ အခြားသူငယ်ချင်း ၂ ဦး၊ ၃ ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောခဲ့သည်။

မီးစတင်လောင်ကျွမ်းမှုကို ၎င်းကိုယ်တိုင် မမြင်လိုက်ရသော်လည်း စားပွဲထိုး အမျိုးသမီးများက ဖယောင်းတိုင်များ စိုက်ထားသည့် ရှန်ပိန်ပုလင်းများ သယ်ဆောင်လာသည်ကိုမူ မြင်တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့နောက် အသက်ရှူ ကျပ်လာသလို ခံစားခဲ့ရပြီး အစပိုင်းတွင် စားပွဲတစ်ခု၏ နောက်၌ အကာအကွယ် ယူနေခဲ့ပြီးနောက် အပေါ်ထပ်သို့ ပြေးတက်ကာ ပလပ်စတစ်မှန် ပြတင်းပေါက်ကို စားပွဲတစ်လုံးဖြင့် ရိုက်ခွဲရန် ကြိုးစားခဲ့ကြောင်း ကလေဗီယာက ပြောသည်။

ထိုပြတင်းပေါက်မှာ တံခါးပေါင်မှ ပြုတ်ထွက်သွားခဲ့သဖြင့် ၎င်းလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျနော် အခုထိ လန့်နေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ဖြစ်စဉ်တွင် ရှိနေခဲ့သည့် အမျိုးသမီး ၂ ဦးက ပြင်သစ်ရုပ်သံ BFMTV သို့ ပြောကြားရာတွင် ၎င်းတို့ ဘားအတွင်းရှိနေစဉ် အမျိုးသား ဘားတင်ဒါတစ်ဦးက အမျိုးသမီး ဘားတင်ဒါတစ်ဦးအား ပုခုံးပေါ်သို့ ပွေ့ချီလိုက်ပြီး ထိုအမျိုးသမီးက ဖယောင်းတိုင် ထွန်းထားသည့် ပုလင်းတစ်လုံး ကိုင်ထားသည်ကို မြင်ခဲ့ရကြောင်း ဆိုသည်။

ထိုမှတစ်ဆင့် မီးတောက်များ ပျံ့နှံ့သွားပြီး သစ်သား မျက်နှာကြက် ပြိုကျလာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ရုပ်သံသို့ ပြောပြခဲ့သည်။

မျက်မြင် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ လူများသည် မြေအောက် ကလပ်အတွင်းမှ ကျဉ်းမြောင်းသော လှေခါးများနှင့် တံခါးပေါက်လေး တစ်ခုမှတစ်ဆင့် အသည်းအသန် ထွက်ပြေးရန် ကြိုးစားကြစဉ် လူအုပ်ကြီးမှာ တစ်ဦးပေါ်တစ်ဦး ပိမိကာ တိုးကြိတ် ရုန်းကန်ခဲ့ကြရသည်ဟု ဆိုသည်။

ထို့နောက် မီးဘေးမှ လွတ်မြောက်ရန် ပြတင်းပေါက်များကို ရိုက်ခွဲ ထွက်ပြေးနေကြသူများ၊ ဒဏ်ရာ အပြင်းအထန် ရရှိထားသူများနှင့် မိမိတို့၏ သားသမီးများ အထဲမှာ ပိတ်မိနေသလား ဆိုသည်ကို သိနိုင်ရန် မီးလောင်ရာသို့ ရေးကြီးသုတ်ပြာ ကားမောင်းလာကြသော ထိတ်လန့် တုန်လှုပ်နေသည့် မိဘများကို မြင်တွေ့ခဲ့ရကြောင်း BFMTV သို့ ဖြေကြားခဲ့သည့် အခြား မျက်မြင်သက်သေ တစ်ဦးကလည်း ပြောပြခဲ့သည်။

၎င်းက လမ်းတစ်ဖက်ခြမ်းမှ ကြည့်နေစဉ် မီးခိုးလုံးများနှင့် မီးတောက်များကြားမှ လူ ၂၀ ခန့် အတင်း ရုန်းထွက် လာသည်ကို တွေ့ခဲ့ရပြီး မြင်ကွင်းမှာ ကြောက်မက်ဖွယ် ရုပ်ရှင်တစ်ကားနှင့်ပင် တူနေကြောင်း ယင်းမျက်မြင်သက်သေ လူငယ်က ဆိုသည်။

မီးလောင်မှုကြောင့် လောင်ကျွမ်းလွယ်သော ဓာတ်ငွေ့များ ထွက်လာကာ ထိုဓာတ်ငွေ့များက ပြင်းထန်စွာ ပေါက်ကွဲ လောင်ကျွမ်းခဲ့ပြီး ထိုဖြစ်စဉ်ကို ဝုန်းကနဲ မီးအရှိန်မြင့်လာခြင်းဟု သတ်မှတ်ကြောင်း မီးသတ်သမားများက ရှင်းပြခဲ့သည်။

“ဒီညနေခင်းဟာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲရမယ့်၊ အတူတူ ဆုံစည်းရမယ့် အချိန်ဖြစ်သင့်ပေမဲ့ အခုတော့ တကယ့်ကို ခြောက်လှန့်ဖွယ် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားခဲ့ရပါတယ်” ဟု ဗာလိုင်းစ်ပြည်နယ် အစိုးရအကြီးအကဲ မားသီးယပ်စ်ရေးနဒ်က ပြောသည်။

ဒဏ်ရာရသူဦးရေမှာ အလွန် များပြားလွန်းသဖြင့် ဒေသဆိုင်ရာ ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်နှင့် ခွဲစိတ်ခန်းများ၌ ခဏလေးမှာပင် လူနာများ ပြည့်နှက်သွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗာလိုင်းစ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ဖရက်ဒရစ်ဂီဆလာက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာ၌ သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန်နှင့် ၎င်းတို့၏ မိသားစုများထံ အကြောင်းကြားရန် လုပ်ဆောင်နေပြီ ဖြစ်ပြီး၊ ယင်းဖြစ်ရပ်ကြောင့် ဒေသခံလူထုမှာ အလွန် စိတ်ထိခိုက် တုန်လှုပ်နေကြရသည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

မီးလောင်ရသည့် အကြောင်းရင်းကို အတည်ပြုရန် စောလွန်းသေးကြောင်း ပြည်နယ် အမျိုးသမီးရှေ့နေချုပ် ဘဲထရစ်ပဲလ်လောက်က ပြောသည်။

“ဒါဟာ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုမျိုးမှ မဟုတ်ဘူး ဆိုတာကတော့ လုံးဝ သေချာပါတယ်” ဟု ပဲလ်လောက်က ဆိုသည်။

ထို့နောက် ဘားအတွင်း ရှိနေခဲ့သည့် လူဦးရေကို လက်ရှိတွင် လုံးဝ မသိရသေးကြောင်းနှင့် အများဆုံး ဝင်ဆန့်သည့် ဦးရေသည်လည်း စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ၎င်းက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ တစ်ယောက်ယောက်ကို ဖမ်းဆီးထားခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် “လောလောဆယ် မှာတော့ သံသယရှိသူ တစ်ယောက်မှ မရှိသေးပါဘူး” ဟု ၎င်းက ဖြေကြားခဲ့သည်။

“စုံစမ်း စစ်ဆေးမှုဟာ လူတစ်ဦးတစ်ယောက်ကို ဦးတည်ထားတာ မဟုတ်ဘဲ၊ ဒီလို ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားရတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ပဲ ဖွင့်လှစ်ထားတာ ဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ခရန်စ် – မွန်တာနာ အပန်းဖြေစခန်းသည် ဆီယာမြို့နှင့် ၃ မိုင်ပင် မဝေးဘဲ ယင်းမြို့တွင်ပင် ၂၀၁၂ ခုနှစ်အတွင်းက ဘယ်လ်ဂျီယံနိုင်ငံမှ ခရီးသည်တင် ဘတ်စ်ကားတစ်စီး ဆွစ်ဇာလန် ဥမင်လိုဏ်ခေါင်းအတွင်း တိုက်မိပြီး ကလေးငယ် အများအပြား အပါအဝင် လူပေါင်း ၂၈ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

Ref: AP
#MeKongNews
#ဆွစ်ဇာလန်
#နှစ်ကူးပွဲ
#အပန်းဖြေစခန်း
#မီးလောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now