ကမ္ဘာ့သတင်း

ပူတင်အိမ် ဒရုန်း တိုက်ခိုက်ခံရပြီးနောက် ဇီလန်စကီးကို သုတ်သင်ပြီး ရုပ်အလောင်း လှည့်ပြမည်ဟု ရုရှား ခြိမ်းခြောက်

မဲခေါင် 30 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၀ ပူတင်အချစ်ဆုံး ချစ်သူ ကျွမ်းဘားမယ် အလီနာကာ‌ဘေးဗားနှင့် သား ၂ ဦးနေသည့် ဗယ်လ်ဒိုင်း နန်းတော်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရသည်ဟု ရုရှားဘက်က ထုတ်ပြန်ပြီးနောက် ၎င်းတို့ လုပ်ခဲ့ခြင်းမရှိဟု ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းချက်ထုတ်ထားသော်လည်း ဇီလန်စကီးအား သုတ်သင်ပြီး ရုပ်အလောင်းအား လှည့်လည်ပြမည်ဟုပါ ပူတင်၏ လက်ရုံး ရုရှား သမ္မတဟောင်း မက်ဗီဒက်ဗ်က ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ယူကရိန်းဘက် မှ ဒရုန်းပေါင်း ၉၁ စီးဖြင့် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ရာတွင် ၄၁ စီးအား နော့ဗ်ဂိုရော့ဒ်ဒေသမှာပင် ဖျက်ချခဲ့ပြီး ကျန် ၄၉

မဲခေါင်၊ ဒီဇင်ဘာ ၃၀

ပူတင်အချစ်ဆုံး ချစ်သူ ကျွမ်းဘားမယ် အလီနာကာ‌ဘေးဗားနှင့် သား ၂ ဦးနေသည့် ဗယ်လ်ဒိုင်း နန်းတော်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရသည်ဟု ရုရှားဘက်က ထုတ်ပြန်ပြီးနောက် ၎င်းတို့ လုပ်ခဲ့ခြင်းမရှိဟု ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းချက်ထုတ်ထားသော်လည်း ဇီလန်စကီးအား သုတ်သင်ပြီး ရုပ်အလောင်းအား လှည့်လည်ပြမည်ဟုပါ ပူတင်၏ လက်ရုံး ရုရှား သမ္မတဟောင်း မက်ဗီဒက်ဗ်က ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ယူကရိန်းဘက် မှ ဒရုန်းပေါင်း ၉၁ စီးဖြင့် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ရာတွင် ၄၁ စီးအား နော့ဗ်ဂိုရော့ဒ်ဒေသမှာပင် ဖျက်ချခဲ့ပြီး ကျန် ၄၉ စီးမှာ ပူတင်နန်းတော်သို့ ဦးတည်ပြီး အားလုံးကို ဖျက်ချနိုင်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ဗ်က ထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်နေချိန် ယခုလိုလုပ်ရပ် မှန်သည်ဆိုပါက ဒေါသထွက်စရာ ဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်မှု ရှိ၊ မရှိကို စုံစမ်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။

သို့သော် ဒရုန်းတိုက်ခိုက်မှုရှိသည်ဟု လူဦးရေ ၁၅၀၀၀ နေထိုင်သည့် ဗယ်လ်ဒိုင်အရပ်မှ မည်သူကမျှ အသံမထွက်ခဲ့သဖြင့် ရုရှားဘက်က ငြိမ်းချမ်းရေး မလိုချင်သောကြောင့် အကွက်ဆင်ခြင်းသာ ဖြစ်သည်ဟု ဇီလန်းစကီးက တုံ့ ပြန်ဝေဖန်ခဲ့သည်။

သို့သော်လည်း “ငြိမ်းချမ်းရေးဆွေးနွေးနေတုန်း ဒီတိုက်ခိုက်လာမှုဟာ မိုက်မဲတာပဲ။ သူ (ဇီလန်းစကီး) က စစ်ကို လိုလားနေသူပါ။ ကောင်းပြီပေါ့။ ဒါဆိုလည်း အနည်းဆုံးတော့ သူ့ရဲ့ တန်ဖိုးမရှိတဲ့ အသက်အတွက် တစ်သက်လုံး ပုန်းအောင်းနေပေရော့ပဲ။ ဒီမှာ ရေးနေတာ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ရမယ့် အကြောင်းမဟုတ်ဘူး။ အခု Grim Reaper (သေမင်း) က ဆင်းလာနေပြီ။ အနာဂတ်အတွက် သိပ်အရေးကြီးတဲ့ ကိစ္စ။ သူသေဆုံးရင် အလောင်းကို ကျောင်းတွေမှာ လှည့်ပြရမယ်။ စိန့်ပီတာစဘာ့ဂ်မြို့က ဇာဘုရင်တွေ သတ်ဖြတ်ပြီး သိမ်းထားတဲ့ အလောင်းတွေထားရာ ကန့်စ်ကာမာရာ ပြတိုက်မှာ ပြထားရမယ်” ဟု လူမှု ကွန်ရက် X တွင် မက်ဗီဒက်ဗ်က ရေးတင်သွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်အိမ်
#ဒရုန်း
#တိုက်ခိုက်
#ဇီလန်စကီး
#ခြိမ်း ခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now