နိုင်ငံတကာသတင်း

ပြည်သူများစွာဆီမှ ငွေလိမ်ခဲ့သူ ထိုင်းဂျက်မားကို သမိုင်းတွင် ထောင်ဒဏ် နှစ် ၁၀၀၀ ကျော်ချ

မဲခေါင် 28 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၈ ထိုင်းဂျက်မားဟု ခေါ်ဆိုစေသော ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီး ပရာဆစ်ဂျီရော်ကုတ်ကို ထိုင်းရာဇဝတ်တရားရုံးမှ ပြည်သူများစွာထံမှ ငွေကြေးများစွာ လိမ်လည်ခဲ့မှု ကြောင့် သမိုင်းတွင် ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ်ပေါင်း ၁၂၁၀ ချမှတ်လိုက်ပြီဖြစ်သည်။ ထိုင်းစစ်တပ်နှင့် အလွန်နီးစပ်သည့်အပြင် ထိုင်းတော်ဝင်ဘုရင်မိသားစုနှင့်ပါ ပတ်သက်သူဟု သိရသော ပရာဆစ်သည် ကနဦး ပြည်ပခရီးသွားလုပ်ငန်းဖြင့် အောင်မြင်ချမ်းသာလာခဲ့ရာမှ နောက်ပိုင်း အွန်လိုင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် တရားမဝင် ငွေချေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကမ္ဘာကျော် ဇိမ်ခံ အသုံးအဆောင်များအား ဝယ်ယူစေပြီး ပြန်ရောင်းသည့်လုပ်ငန်း၌ တစ်နှစ် အမြတ် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရစေမည်ဟု အာမခံကာ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးဆွဲဆောင်ကာ လိမ်လည်

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ထိုင်းဂျက်မားဟု ခေါ်ဆိုစေသော ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီး ပရာဆစ်ဂျီရော်ကုတ်ကို ထိုင်းရာဇဝတ်တရားရုံးမှ ပြည်သူများစွာထံမှ ငွေကြေးများစွာ လိမ်လည်ခဲ့မှု ကြောင့် သမိုင်းတွင် ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ်ပေါင်း ၁၂၁၀ ချမှတ်လိုက်ပြီဖြစ်သည်။

ထိုင်းစစ်တပ်နှင့် အလွန်နီးစပ်သည့်အပြင် ထိုင်းတော်ဝင်ဘုရင်မိသားစုနှင့်ပါ ပတ်သက်သူဟု သိရသော ပရာဆစ်သည် ကနဦး ပြည်ပခရီးသွားလုပ်ငန်းဖြင့် အောင်မြင်ချမ်းသာလာခဲ့ရာမှ နောက်ပိုင်း အွန်လိုင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် တရားမဝင် ငွေချေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကမ္ဘာကျော် ဇိမ်ခံ အသုံးအဆောင်များအား ဝယ်ယူစေပြီး ပြန်ရောင်းသည့်လုပ်ငန်း၌ တစ်နှစ် အမြတ် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရစေမည်ဟု အာမခံကာ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးဆွဲဆောင်ကာ လိမ်လည် ရယူသည့် လုပ်ငန်းများပါ လုပ်ဆောင်ရာမှ ဘီလီယံချီ လိမ်လည်သွားခဲ့သူဖြစ်သည်။

ထို့ကြောင့် တော်ဝင်အသရေဖျက်မှု၊ လိမ်လည်မှု၊ ကွန်ပျူတာအက်ဥပဒေစသည့်စွဲချက်ပေါင်းများစွာဖြင့် ၂၀၂၁ တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၁၁၅၅ နှစ်ချမှတ်ခဲ့ပြီး နွန်သာဘူရီခရိုင် ဘန်ကွမ်းဗဟိုအကျဉ်းထောင်တွင် ထောင်ချထားသည်။

ထိုစဉ်က စွဲချက်များစွာအနက်မှ တချို့ကိုသာ စစ်ဆေးပြီး ထောင်ဒဏ် ၁၁၅၅ နှစ် ချမှတ်ခြင်းနှင့် ဘတ် ၁၄၅ သန်း ပြန်ပေးရန် ပြစ်ဒဏ်ချရာတွင် ထိုင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ သာကျခံရမည်ဆိုသဖြင့် ကျန်အမှုများကို ထောင်ချထားစဉ် ယခုမှ ထပ်မံ စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။

ယခုနောက်ဆုံး စွဲချက်များမှ စီရင်ချက်ထုတ်ရာတွင်လည်း တစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ဖြင့် စွဲချက် ၂၄၂ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂၁၀ နှစ် ထပ်ချခဲ့သလို ၎င်းနှင့်အတူ ကြံရာပါ ကုမ္ပဏီများကို လည်း ဒဏ်ငွေ ဘတ် ၁၂၁ ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အမှုတွင် ပူးပေါင်းပါဝင်သည်ဟုဆိုကာ ထိုပြစ်ဒဏ်အား ပြန်လျှော့ပေးပြီး ထောင်ဒဏ် ၈၀၆ နှစ်နှင့် ၈ လ၊ ဒဏ်ငွေ ဘတ်သန်း ၈၀ ပေးဆောင် ရန်ပြင်ဆင်သတ်မှတ်ခဲ့သည်။

ထောင်ချထားစဉ် ၂ ကြိမ် ထောင်ဖောက်ပြေးရန် ကြိုးစားသူ ပရာဆစ်သည် ယခုတစ်ကြိမ် ပြစ်ဒဏ်တွင်လည်း ထိုင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ သာ လက်တွေ့ကျခံပေးရမည်ဟု ဆိုသဖြင့် မည်မျှ ပြစ်ဒဏ်ချသည်ဆိုစေ ထောင်ဒဏ် နှစ် ၂၀ ပြည့်လျှင် ပြန်လွတ်မြောက်မည်သာဖြစ်သည်။ တရားရုံးက လိမ်ခံရသူများကို ပရာဆစ်နှင့်အတူ ကြံရာပါ ဝင်ဂရစ်၊ ၎င်းတို့၏ ကုမ္ပဏီများက နစ်နာသည့်ငွေ ဘတ် တစ်ဘီလီယံကျော် ပြန်ပေးစေဟုလည်း ချမှတ်ခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ထိုင်းဂျက်မား
#လိမ်လည်မှု
#ထောင်ဒဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now