နိုင်ငံတကာသတင်း

ထိုင်းနှင့် ကမ္ဘောဒီးယား ၇၂ နာရီကြာ အပစ်ရပ်

မဲခေါင် 27 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရက်ပေါင်း ၂၀ ခန့် နှစ်ဖက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် ၇၂ နာရီကြာ အပစ်ရပ်ရန် ထိုင်းနှင့် က‌မ္ဘောဒီးယားတို့ သဘောတူညီမှုရပြီ ဖြစ်သည်။ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးမှုများအပြီးတွင် အောက်တိုဘာ ၂၆ ရက်က ရရှိခဲ့သော ကွာလာလမ်ပူ သဘောတူညီချက် နှင့်အညီ အပစ်အခတ်ရပ်စဲရေးနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့် ပူးတွဲကြေညာချက်ကို ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက် အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ထိန်းသိမ်းထားသော ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကို ထိုင်းက ပြန်လွှဲပေးမည် ဖြစ်သည်။ ထိုင်းနိုင်ငံ၊

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ရက်ပေါင်း ၂၀ ခန့် နှစ်ဖက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် ၇၂ နာရီကြာ အပစ်ရပ်ရန် ထိုင်းနှင့် က‌မ္ဘောဒီးယားတို့ သဘောတူညီမှုရပြီ ဖြစ်သည်။

နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးမှုများအပြီးတွင် အောက်တိုဘာ ၂၆ ရက်က ရရှိခဲ့သော ကွာလာလမ်ပူ သဘောတူညီချက် နှင့်အညီ အပစ်အခတ်ရပ်စဲရေးနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့် ပူးတွဲကြေညာချက်ကို ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသဘောတူညီချက် အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ထိန်းသိမ်းထားသော ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကို ထိုင်းက ပြန်လွှဲပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချန်ဌာဘူရီခရိုင်၌ ယနေ့နံနက်တွင် ပြုလုပ်သည့် ထိုင်း – ကမ္ဘောဒီးယား အထွေထွေ နယ်စပ်ကော်မတီ အစည်းအဝေးသို့ ထိုင်းကာကွယ်ရေးဝန်ကြီး နက်သဖွန်နာ့ခ်ဖနစ်နှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီဆေးဟတို့ ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံအကြား သီးသန့်ဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားစစ်သံရုံးမှ လက်ထောက်စစ်သံမှူးနှင့် ထိုင်းနိုင်ငံရောက် အာဆီယံလေ့လာရေးအဖွဲ့ အကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ် ဆမ်ဆူရီဇယ်ဘင်မူဆာ ဦးဆောင်သောအဖွဲ့ကလည်း လုပ်ငန်းစဉ်များကို စောင့်ကြည့်ရန် တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံအကြား လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခ၏ အဓိက အကြောင်းအရင်းမှာ ၁၁ ရာစုက တည်ဆောက်ခဲ့သည့် ပရီယာဝိဟာရ ဟိန္ဒူဘုရားကျောင်း နယ်မြေပိုင်ဆိုင်မှုနှင့် ဆက်စပ််သည်။

ယင်းဘုရားကျောင်းအား ကမ္ဘောဒီးယားပိုင် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး – ICJ က ၁၉၆၂ ခု နှစ်တွင် ဆုံးဖြတ်ခဲ့သော်လည်း ဘုရားကျောင်းဘေးရှိ ၄ ဒသမ ၆ စတုရန်းကီလိုမီတာ ကျယ်သည့် နယ်မြေကို နှစ်ဖက်စလုံးက ၎င်းတို့ပိုင်ဖြစ်ကြောင်း အငြင်းပွားနေကြဆဲ ဖြစ်သည်။

လတ်တလော တိုက်ပွဲများအတွင်း လူပေါင်း ၁၀၁ ဦးခန့် သေဆုံးခဲ့ပြီး နှစ်ဖက်စလုံးမှ လူပေါင်းတစ်သန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်။

Ref: Khaosod
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#၇၂နာရီ
#အပစ်ရပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now