ကမ္ဘာ့သတင်း

မာဂျုရို ဗင်နီဇွဲလား အာဏာစွန့်လျှင် ဉာဏ်ကောင်းရာ ကျလိမ့်မည်ဟု ထရမ့်ပြော

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဂျုရို ရာထူးမှဆင်းလျှင် ဉာဏ်ကောင်းရာ ကျမည်ဟု အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မကြာသေးမီ သီတင်းပတ်များက ဗင်နီဇွဲလားကမ်းလွန်မှ သိမ်း ပိုက် ထားသော ရေနံများကို အမေရိကန်ကသိမ်းထားခြင်း၊ သို့မဟုတ် ရောင်းချခြင်း လုပ်သွားနိုင်သည်ဟုလည်း ဆိုသည်။ ၎င်း၏ ရည်မှန်းချက်မှာ မာဂျုရိုအား အတင်းအကျပ် ဆင်းခိုင်းရန် ဖြစ်ပါသလားဟု မေးမြန်းရာတွင် “ အဲဒီလို ဖြစ်နိုင်ပါတယ်။ သူဘာလုပ်ချင်သလဲ ဆိုတာ သူ့ပေါ်မှာ မူတည်ပါတယ်။ သူ အဲလိုလုပ်ခဲ့ရင် သူ ဉာဏ်ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” ဟု ထရမ့်က ဆိုသည်။ “သူတစ်ခုခုလုပ်ခဲ့ရင်၊

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဂျုရို ရာထူးမှဆင်းလျှင် ဉာဏ်ကောင်းရာ ကျမည်ဟု အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မကြာသေးမီ သီတင်းပတ်များက ဗင်နီဇွဲလားကမ်းလွန်မှ သိမ်း ပိုက် ထားသော ရေနံများကို အမေရိကန်ကသိမ်းထားခြင်း၊ သို့မဟုတ် ရောင်းချခြင်း လုပ်သွားနိုင်သည်ဟုလည်း ဆိုသည်။

၎င်း၏ ရည်မှန်းချက်မှာ မာဂျုရိုအား အတင်းအကျပ် ဆင်းခိုင်းရန် ဖြစ်ပါသလားဟု မေးမြန်းရာတွင် “ အဲဒီလို ဖြစ်နိုင်ပါတယ်။ သူဘာလုပ်ချင်သလဲ ဆိုတာ သူ့ပေါ်မှာ မူတည်ပါတယ်။ သူ အဲလိုလုပ်ခဲ့ရင် သူ ဉာဏ်ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” ဟု ထရမ့်က ဆိုသည်။

“သူတစ်ခုခုလုပ်ခဲ့ရင်၊ အကြောတင်းတင်း ကစားခဲ့မယ်ဆိုရင် ဒါဟာ သူတင်းမာမှုပြတာ နောက်ဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။

သတင်းစာ ရှင်းလင်းပွဲမှာပင် ၎င်းနှင့် တစ်နှစ်ပတ်လုံး အငြင်းပွားခဲ့သော ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရို အကြောင်းလည်း ထရမ့်က ပြောသည်။

“ သူက အမေရိကန် ရဲ့ မိတ်ဆွေမဟုတ်ပါဘူး။ အလွန်ဆိုးတဲ့လူပါ။ သူက ကိုကင်းတွေထုတ်လုပ်ပြီး အမေရိကန်ကို ပို့နေတာကြောင့် သူ သတိထားနေသင့်ပါတယ်” ဟု ဗင်နီဇွဲလားနှင့် တင်းမာမှုများကို ကိုင်တွယ်နေမှုအပေါ် ပက် ထရို၏ ဝေဖန်မှုများနှင့် ပတ်သက်၍ ၎င်းက ပြောသည်။

မာဂျုရိုအပေါ် ထရမ့်၏ ဖိအားပေးခြင်းတွင် ဒေသတွင်း၌ စစ်အင်အားသိသာစွာ တိုးမြှင့်ထားခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံ အနီး ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင် မူးယစ်ဆေးဝါးများ မှောင်ခိုကူးနေသည် ဆိုသော သင်္ဘောများအား အကြိမ်ပေါင်း ၂ ဒါဇင်ကျော် တိုက်ခိုက်ခဲ့ခြင်းများလည်း ပါဝင်သည်။

ယင်းတိုက်ခိုက်မှုများတွင် အနည်းဆုံး လူပေါင်းတစ်ရာကျော် သေဆုံးခဲ့သည်။

မူးယစ်မှောင်ခို သင်္ဘောများအား တိုက်ခိုက်မှုအပြင် ဒဏ်ခတ် ပိတ်ဆို့ထားသည့် ဗင်နီဇွဲလားနိုင်ငံသို့ အဝင်အထွက် လုပ်နေသော ရေနံတင်သင်္ဘောများ အားလုံးကို ပိတ်ဆို့ တားဆီးသွားရန် ထရမ့်က ယခင်ကတည်းက ကြေညာ ထားခဲ့ကာ မကြာသေးမီ သတင်းပတ်များတွင် ယင်းကို စတင်လိုက်ပြီး သီတင်း ၂ ပတ်မပြည့်မီ ရေနံတင်သင်္ဘော ၃ စီးကို ဖမ်းဆီး သိမ်းပိုက်လိုက်သည်။

အေးကျော်
Ref: Reuters
#MeKongNews
#ဗင်နီဇွဲလား
#မာဂျုရို
#အာဏာစွန့်
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now