နိုင်ငံတကာသတင်း

မွေထိုင်းဂန္ထဝင် ဘွတ်ခေါင်းကို နိုင်ငံသားအဖြစ် ထိုင်းနှင့် ကမ္ဘောဒီးယား အပြိုင်လုနေ

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ နယ်စပ်စစ်ပွဲများ ပြန်လည် ဖြစ်ပွားနေချိန် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား လူမှုကွန်ရက်များတွင် အပြန်အလှန် စကားလုံးစစ်ပွဲများ ဆင်နွှဲနေရာ ယခုနောက်ဆုံး ထိုင်းနိုင်ငံ၏ မွေထိုင်းဂန္ထဝင်ကြီး ဘွတ်ခေါင်းမှာ ၎င်းတို့နိုင်ငံသား ဖြစ်သည်ဟု နှစ်ဖက်အပြန်အလှန် ငြင်းခုံနေကြခြင်းလည်း ပါဝင်လာခဲ့သည်။ ဘွတ်ခေါင်းသည် ကမ္ဘောဒီးယားနိုင်ငံသား စစ်စစ်ဖြစ်ကာ ထိုင်းနိုင်ငံသားအဖြစ် နောက်မှ ခံယူခဲ့သူဟု ကမ္ဘောဒီးယား ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုက ဆိုကာ ၎င်း၏ ကမ္ဘောဒီးယားပတ်စ်ပို့တ်ကို ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။ ထိုင်းတော်ဝင်စစ်တပ်တွင် အရာရှိအဖြစ်လည်း တာဝန်ထမ်းနေသည့် ဘွတ်ခေါင်းသည် မည်သည့်အခါမျှ ကမ္ဘောဒီး ယားပြိုင်ဘက်နှင့် မွေထိုင်း၊ ကစ်ဘောင်ဆင်ပွဲများ မထိုးသတ်ခဲ့ခြင်းသည် ၎င်း၏ လူမျိုးဖြစ်ခြင်းကြောင့်ဟု ကမ္ဘော့ဒီးယားဘက်မှ တင်သည့်ပို့စ်တွင် ဖော်ပြထားသည်။

မဲခေါင်၊ ဒီဇင်ဘာ ၂၃

နယ်စပ်စစ်ပွဲများ ပြန်လည် ဖြစ်ပွားနေချိန် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား လူမှုကွန်ရက်များတွင် အပြန်အလှန် စကားလုံးစစ်ပွဲများ ဆင်နွှဲနေရာ ယခုနောက်ဆုံး ထိုင်းနိုင်ငံ၏ မွေထိုင်းဂန္ထဝင်ကြီး ဘွတ်ခေါင်းမှာ ၎င်းတို့နိုင်ငံသား ဖြစ်သည်ဟု နှစ်ဖက်အပြန်အလှန် ငြင်းခုံနေကြခြင်းလည်း ပါဝင်လာခဲ့သည်။

ဘွတ်ခေါင်းသည် ကမ္ဘောဒီးယားနိုင်ငံသား စစ်စစ်ဖြစ်ကာ ထိုင်းနိုင်ငံသားအဖြစ် နောက်မှ ခံယူခဲ့သူဟု ကမ္ဘောဒီးယား ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုက ဆိုကာ ၎င်း၏ ကမ္ဘောဒီးယားပတ်စ်ပို့တ်ကို ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

ထိုင်းတော်ဝင်စစ်တပ်တွင် အရာရှိအဖြစ်လည်း တာဝန်ထမ်းနေသည့် ဘွတ်ခေါင်းသည် မည်သည့်အခါမျှ ကမ္ဘောဒီး ယားပြိုင်ဘက်နှင့် မွေထိုင်း၊ ကစ်ဘောင်ဆင်ပွဲများ မထိုးသတ်ခဲ့ခြင်းသည် ၎င်း၏ လူမျိုးဖြစ်ခြင်းကြောင့်ဟု ကမ္ဘော့ဒီးယားဘက်မှ တင်သည့်ပို့စ်တွင် ဖော်ပြထားသည်။

ယင်းအခြေအနေတွင် ၎င်းအား ကမ္ဘောဒီးယားသားဟု ပတ်စ်ပို့တ် ထုတ်ပြလာခြင်းသည် AI ဖြင့် အတုပြုလုပ်ထားသော ပုံသာဖြစ်ကြာင်း ထိုင်းစစ်တပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဒီဇင်ဘာ ၂၀ ရက်၌ ထုတ်ပြန် ရှင်းလင်းခဲ့သည်။

တစ်ရက်တည်းမှာပင် ဘွတ်ခေါင်း၏ ဖေ့စ်ဘုတ်ပေ့ချ်ဖြစ်သော Banchamek Gym က ထိုပို့စ်ကိုမျှဝေကာ “ ခင်ဗျားတို့ ယုံပါတယ်လို့ ကျွန်တော့်ကို မပြောကြပါနဲ့” ဆိုသည့် မှတ်ချက်ဖြင့် မယုံလျှင် haha နှိပ်၊ ယုံလျှင် Wow နှိပ်ဟု ပြန်ရေးတင်ခဲ့သည်။

ယင်းဖော်ပြမှုတွင် ၎င်း၏ ပို့စ်အား ကြည့်ရှုသူ ၁၆၀၀ ကျော်က haha နှင့် ၅၅၀ က Like ပေးခဲ့ပြီး မည်သူကမျှ Wow မပေးခဲ့ဟု ထိုင်းမီဒီယာ The Nation က ဖော်ပြသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#မွေထိုင်းဂန္ထဝင်
#ဘွတ်ခေါင်း
#ထိုင်း
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now