နိုင်ငံတကာသတင်း

ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီမှုမရ

မဲခေါင် 22 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၂ သီတင်းသုံးပတ်ထဲ ဝင်ရောက်လာပြီ ဖြစ်သော နှစ်နိုင်ငံနယ်စပ် တိုက်ခိုက်မှုများအတွက် မ‌လေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြိုတွင် ယနေ့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရခဲ့ဘဲ နှစ်ဖက် ကာကွယ်ရေးအရာရှိများ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံရေးကို သဘောတူခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန် ကြီး သီဟာဆက်ဖွမ်ခက်ကောက ပြောသည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ယနေ့ အထူးအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ ကာကွယ်ရေးအရာရှိများက နှစ်နိုင်ငံကြား အပစ်ရပ်ရေး ဖြစ်နိုင်ခြေကို ဆွေးနွေးကြမည် ဖြစ်သည်။ ယင်းတွေ့ဆုံမှုကို နှစ်ဖက် ထူထောင်ထားသော စေ့စပ်ရေးယန္တရား ဖြစ်သည့် အထွေထွေနယ်ခြားကော်မတီ – GBC မှတစ်ဆင့် လုပ်ဆောင်သွားကြရန်

မဲခေါင်၊ ဒီဇင်ဘာ ၂၂

သီတင်းသုံးပတ်ထဲ ဝင်ရောက်လာပြီ ဖြစ်သော နှစ်နိုင်ငံနယ်စပ် တိုက်ခိုက်မှုများအတွက် မ‌လေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြိုတွင် ယနေ့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရခဲ့ဘဲ နှစ်ဖက် ကာကွယ်ရေးအရာရှိများ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံရေးကို သဘောတူခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန် ကြီး သီဟာဆက်ဖွမ်ခက်ကောက ပြောသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ယနေ့ အထူးအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ ကာကွယ်ရေးအရာရှိများက နှစ်နိုင်ငံကြား အပစ်ရပ်ရေး ဖြစ်နိုင်ခြေကို ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းတွေ့ဆုံမှုကို နှစ်ဖက် ထူထောင်ထားသော စေ့စပ်ရေးယန္တရား ဖြစ်သည့် အထွေထွေနယ်ခြားကော်မတီ – GBC မှတစ်ဆင့် လုပ်ဆောင်သွားကြရန် နှစ်နိုင်ငံကြား သဘောတူခဲ့ကြကာ ထိုင်းနိုင်ငံ၊ ချမ်ဌာဘူရီခရိုင်ရှိ နယ်စပ်တစ်နေရာတွင် တွေ့ဆုံသွားကြရေးကို ထိုင်းက အဆိုပြုထားကြောင်း ဖွမ်ခက်ကောက ကွာလာလမ်ပူမြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။

ကမ္ဘောဒီးယားထံမှ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုနှင့် စစ်မှန်သော အပစ်အခတ် ရပ်စဲမှုကို ထိုင်းနိုင်ငံက အလိုရှိကြောင်းနှင့် လုပ်ငန်းစဉ်အား ရှေ့ဆက်နိုင်ရန် မိုင်းများရှင်းလင်းခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။

“ အပစ်အခတ်ရပ်စဲမှု တစ်ခုကို ကြေညာလို့ မရပါဘူး။ ဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဆီယံ အိမ်နီးချင်းနှစ်နိုင်ငံကြား သီတင်းနှစ်ပတ်ကြာ အပြင်းအထန် တိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ပေါင်း ၈၀ သေဆုံးခဲ့ကာ လူပေါင်း ၅ သိန်းခန့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်။

နှစ်ဖက်ဆွေး‌‌နွေးပွဲများ ပြန်လည်စတင်ရန် နှစ်နိုင်ငံကြား ဆုံးဖြတ်ချက်တွင် အမေရိကန်လည်း မပါဝင်သလို၊ တရုတ်လည်း မပါဝင်ဘဲ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကသာ လုပ်ဆောင်ခဲ့ကြသည်ဟု သီဟာဆက်က ပြောသည်။

လာအိုနိုင်ငံအနီး သစ်တောထူထပ်သော ဧရိယာများမှ တောင်ပိုင်းကမ်းရိုးတန်း တစ်လျှောက်အထိ မိုင်းပေါင်း ၅၀၀ ကျော် ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက် နေရာအများအပြားတွင် နှစ်ဖက်ကြား ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အခြားတစ်ဖက်က ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။

ထိုင်းနိုင်ငံက တိုက်ခိုက်မှုများ ပိုမိုလုပ်‌ဆောင်၍ ၎င်းတို့၏ အချုပ်အခြာ နယ်မြေကို ချိုး‌ဖောက်နေကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားပြီး ၎င်းတို့၏ ပိုင်နက်ကို အစွမ်းကုန် ကာကွယ်သွားမည်ဟု သန္နိဌာန်ပြုခဲ့သည်။

ထို့အတူ နယ်စပ်မှ မြို့တစ်မြို့ဆီသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ရန် ကမ္ဘောဒီးယားက ကြိုးစားနေကြောင်းနှင့် မြေမြှုပ် မိုင်းထိမှန်ပြီး နောက်ထပ် ထိုင်းစစ်သားတစ်ဦး ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ကြောင်း ထိုင်းစစ်တပ်က ယနေ့တွင် ထုတ်ပြန်ပြောကြားသည်။

ကမ္ဘောဒီးယားက မိုင်းအသစ်များ ထပ်ထောင်ပြီး နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း ဘန်ကောက်က စွပ်စွဲပြီး ယင်းပြောဆိုမှုများကို ဖနွမ်းပင်က ပယ်ချသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#အပစ်ရပ်
#သဘောတူညီမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now