ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် နေထိုင်သည့် ကိုအောင်ကိုကို (ခ) ဖိုးနီ သည် ဒီဇင်ဘာ ၁၉ ရက်နေ့က စံကားကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှ ပြန်လာစဉ် မိသားစုနှင့် အဆက်သွယ်ပြတ်ကာ ပျောက်ဆုံးလျက်ရှိပါသည်။
ဒီဇင်ဘာ၊ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် ပြန်သွားပြီး ၁၈ ရက်နေ့က စံကားကျေးရွာအုပ်စု၊ ကုန်းသာရွာရှိ အဒေါ်အိမ်တွင်ညအိပ်ခဲ့သည်။ ယင်းနောက် ၁၉ ရက်နေ့ နံနက်ပိုင်းက ဇနီးဖြစ်သူအား ပြန်လာတော့မည် ဟု ဖုန်းဆက်ပြီးနောက် ယခုထိ အဆက်အသွယ် ပြတ်တောက်နေသည့်အတွက် မိဘဆွေမျိုးက စိတ်ပူလျက်ရှိပါသည်။ တွေ့ရှိပါက ဖုန်းနံပါတ် 09697647082 သို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားပါသည်။
#MeKongNews
#လူပျောက်ကြော်ငြာ








