ကမ္ဘာ့သတင်း

မော်စကို ကားဗုံးကွဲမှု ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီး သေဆုံး

မဲခေါင် 22 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၂ ရုရှားနိုင်ငံ၊ မော်စကိုမြို့တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်း စစ်ဆေးရေးမှူးများက ပြောသည်။ ရုရှား စစ်ဆင်ရေးလေ့ကျင့်ရေးဌာန အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ်ဆာဗာရော့ဗ် သတ်ဖြတ်ခံ ရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း ရုရှားစုံစမ်း စစ်ဆေးရေးကော်မတီက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် ယူကရိန်း အထူးတပ်ဖွဲ့များ ပါဝင်ပတ်သက်နိုင်ခြေ ရှိ၊ မရှိကိုလည်း ထည့်သွင်း စုံစမ်းနေကြောင်း တာဝန်ရှိသူများက ပြောသည်။ ဆာဗာရော့ဗ်၏ ကားအောက်၌ ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရရှိထားသော ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခြင်းခြင်း ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။ မော်စကိုစံတော်ချိန်

မဲခေါင်၊ ဒီဇင်ဘာ ၂၂

ရုရှားနိုင်ငံ၊ မော်စကိုမြို့တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်း စစ်ဆေးရေးမှူးများက ပြောသည်။

ရုရှား စစ်ဆင်ရေးလေ့ကျင့်ရေးဌာန အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ်ဆာဗာရော့ဗ် သတ်ဖြတ်ခံ ရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်း ရုရှားစုံစမ်း စစ်ဆေးရေးကော်မတီက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် ယူကရိန်း အထူးတပ်ဖွဲ့များ ပါဝင်ပတ်သက်နိုင်ခြေ ရှိ၊ မရှိကိုလည်း ထည့်သွင်း စုံစမ်းနေကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆာဗာရော့ဗ်၏ ကားအောက်၌ ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရရှိထားသော ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခြင်းခြင်း ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဆိုသည်။

မော်စကိုစံတော်ချိန် ယနေ့နံနက် ၇ နာရီခန့်တွင် ယာဆနီဗာယာလမ်းရှိ ကားပါကင်တစ်ခုအတွင်း အဖြူရောင်ယာဉ်တစ်စီး ပေါက်ကွဲသွားခဲ့ကြောင်း ရုရှားသတင်းဌာနများ ဖော်ပြသည်။

“မော်စကိုမြို့ ယာဆနီဗာယာလမ်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး လေ့ကျင့်ရေး ညွှန်ကြားမှုဦးစီးဌာန အကြီးအကဲ ဖာနေးလ်ဆာဗာရော့ဗ်ဟာ ပေါက်ကွဲမှုကြောင့် ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါပြီ ”ဟု စုံစမ်းစစ်ဆေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆဗက်လာနာပီထရန်ကိုက ပြောကြားကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး လမ်းကြောင်းများစွာကို စုံစမ်းစစ်ဆေးရေးမှူးများက လိုက်နေပြီး ယူကရိန်းထောက်လှမ်းရေးဌာနများက စီစဉ်ညွှန်ကြားခဲ့ခြင်း ဖြစ်နိုင်သည့် အချက်လည်း ပါဝင်ကြောင်း ပီထရန်ကိုက ဆက်ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ရုရှား၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်ကို ၎င်း၏ နေအိမ်တိုက်ခန်း အပြင်ဘက်ရှိ လျှပ်စစ်စကူတာ တစ်စီးတွင် ဗုံးထောင် လုပ်ကြံခဲ့မှုတွင် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကိဗ်ဘက်က ဝန်ခံခဲ့သည်။

ယင်းမတိုင်မီ တစ်လကလည်း အရပ်သား ပစ်မှတ်များကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် အမိန့်ပေးခဲ့မှုကြောင့် ယူကရိန်းဘက်က စစ်ရာဇဝတ်ကောင် အဖြစ် စွပ်စွဲထားသည့် ရုရှားရေတပ်ဗိုလ်ကြီး ဗလာရီထရန်‌ကော့ဗ်စကီးကို ကားဗုံးဖြင့် လုပ်ကြံနိုင်ခဲ့ကြောင်း ယူကရိန်း သတင်းရင်းမြစ်များက ပြောသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ပင်လယ်နက်အတွင်း ရေငုပ်သင်္ဘောကို ကွပ်ကဲခဲ့ပြီး ယူကရိန်း၏ စစ်ရာဇဝတ်ကောင် စာရင်းတွင် ပါဝင်နေသူ ရုရှားစစ်အရာရှိ စတန်နီဆလဗ်ရစ်စကီသည် ရုရှားတောင်ပိုင်း ခရက်စနိုဒါမြို့တွင် နံနက်ခင်း အပြေးလေ့ကျင့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင်မူ အစွန်းရောက် အမျိုးသားရေးဝါဒီ သဘောတရားရေး ပညာရှင် အလက်ဇန်းဒါးဒူဂျင်း၏ သမီးဖြစ်သူ ဒါရီယာဒူဂျီနာသည်လည်း ကားဗုံး ပေါက်ကွဲမှုကြောင့်ပင် သေဆုံးခဲ့သေးသည်။

#MeKongNews
#မော်စကို
#ကားဗုံးကွဲ
#ဗိုလ်ချုပ်ကြီး
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now