နေ့စဥ်သတင်း

အာလူးစျေး အဆမတန် ကျသဖြင့် ပင်လောင်းတောင်သူများ အရှုံးပေါ်

မဲခေါင် 21 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၁ ယခုနှစ်တွင် သွင်းအားစု အဆမတန် စျေးတက်ပြီး အရင်းနှီးကြီးကာ လက်ရှိ၌ အာလူးစျေး အဆမတန် ကျခြင်းကြောင့် ပင်လောင်းတောင်သူများ အရှုံးပေါ်နေကြာင်း ဒေသခံများထံမှ သိရသည်။ ယခင်နှစ်တွင် အာလူးတစ်ပိဿာ ၆ ထောင်၊ ၇ ထောင်ကျပ်အထိ ရရှိသော်လည်း ယခုနှစ်တွင် ၂ ထောင်ကျပ် ဝန်းကျင်သာရှိသဖြင့် အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။ “အာလူးစိုက်တာက အရင်းအနှီးများတယ်။ ရရင်လည်း များတယ်၊ အခုနှစ်က ဈေးမရှိတော့ အများကြီးရှုံးတယ်။ ဆေးဖျန်းဖိုးရော၊ ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော၊ လူငှားခရော အများကြီးကုန်ခဲ့တာ။ အခုဈေးမရှိဘူး၊ အာလူးက အကြာကြီး သိုလှောင်ထားလည်း မရတော့ အရှုံးနဲ့ပဲ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

ယခုနှစ်တွင် သွင်းအားစု အဆမတန် စျေးတက်ပြီး အရင်းနှီးကြီးကာ လက်ရှိ၌ အာလူးစျေး အဆမတန် ကျခြင်းကြောင့် ပင်လောင်းတောင်သူများ အရှုံးပေါ်နေကြာင်း ဒေသခံများထံမှ သိရသည်။

ယခင်နှစ်တွင် အာလူးတစ်ပိဿာ ၆ ထောင်၊ ၇ ထောင်ကျပ်အထိ ရရှိသော်လည်း ယခုနှစ်တွင် ၂ ထောင်ကျပ် ဝန်းကျင်သာရှိသဖြင့် အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။

“အာလူးစိုက်တာက အရင်းအနှီးများတယ်။ ရရင်လည်း များတယ်၊ အခုနှစ်က ဈေးမရှိတော့ အများကြီးရှုံးတယ်။ ဆေးဖျန်းဖိုးရော၊ ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော၊ လူငှားခရော အများကြီးကုန်ခဲ့တာ။ အခုဈေးမရှိဘူး၊ အာလူးက အကြာကြီး သိုလှောင်ထားလည်း မရတော့ အရှုံးနဲ့ပဲ ရောင်းကြရတာ များတယ်”ဟု ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိက စိုက်ပျိုးကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ‌အားလူးဈေး ကောင်းသည့်အပြင် ကျေးရွာထိ လာဝယ်ပေးသည့် ပွဲစားရှိသော်လည်း ယခုနှစ်တွင် လာဝယ်မှုလည်း မရှိကြောင်း ဒေသခံများက ဆိုသည်။

“ဂိတ်မှာ အရမ်းတောင်းတော့ ရွာအထိ မဝယ်ကြတော့ဘူး။ ကုန်စိမ်းသယ်ပြီ ဆိုရင် ဂိတ်တစ်ခုမှာ ကားတစ်စီးကို တစ်သိန်းကျော်လောက် တောင်းတာ။ တချို့ ဂိတ်ဆို ကားပါဖမ်းထားတာ အဲလိုတွေကြောင့် ပွဲစားက ရွာဘက်အထိ လာမဝယ်ရဲကြဘူး။ တောင်သူတွေ ကိုယ်တိုင် အောင်ပန်းအထိ သွားရောင်းရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်း၊ နောင်တရား ဒေသခံအချို့မှာ မိသားစုဝင်ငွေ အတွက် အာလူးစိုက်ပျိုးမှု အပေါ်သာ မှီခိုနေရခြင်းကြောင့် လက်ရှိတွင် စားဝတ်နေရေး အခက်အခဲနှင့်လည်း ရင်ဆိုင်နေရကြောင်း အာလူးစိုက် တောင်သူများက ပြောသည်။

ပင်လောင်းနှင့် နောင်တရားဒေသတွင် အာလူးကို မိုးရာသီတွင် တစ်ကြိမ်နှင့် နွေရာသီတွင် ရေသွင်းပြီး တစ်နှစ် ၂ ကြိမ် စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရသည်။

#MeKongNews
#အာလူးစျေး
#ပင်လောင်း
#တောင်သူများ
#အရှုံးပေါ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now