နေ့စဥ်သတင်း

ကမ္ဘောဒီးယားအပေါ် ထိုင်းလေကြောင်း တိုက်ခိုက်မှုများ ဆက်လက် အရှိန်မြှင့်နေသည့် တကျော့ပြန် ထိုင်း – ကမ္ဘော ဒီးယား စစ်ပွဲ နောက်ဆုံးရ အခြေအနေ

မဲခေါင် 20 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၀ – ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်များအပေါ် ထိုင်းလေတပ်က လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်နေပြီး ဖနွမ်းပင်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးအတွက် အဓိကသတ်မှတ်ချက် ၃ ချက်ကို လက်မခံမချင်း စစ်ဆင်ရေးများကို ရပ်တန့်မည် မဟုတ်ကြောင်း သတိပေးလိုက်သည်။ – ထိုင်းတပ်ဖွဲ့ဝင်များက ထမော်ဒါ ကာစီနိုရုံကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းအဆောက်အအုံ တစ်ခုလုံးသည် ထိုင်းပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်နေသော ကမ္ဘောဒီးယားပိုင် ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ – ယနေ့တွင် ထိုင်းလေတပ်မှ F – 16 တိုက်လေယာဉ်များက

မဲခေါင်၊ ဒီဇင်ဘာ ၂၀

– ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်များအပေါ် ထိုင်းလေတပ်က လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်နေပြီး ဖနွမ်းပင်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးအတွက် အဓိကသတ်မှတ်ချက် ၃ ချက်ကို လက်မခံမချင်း စစ်ဆင်ရေးများကို ရပ်တန့်မည် မဟုတ်ကြောင်း သတိပေးလိုက်သည်။

– ထိုင်းတပ်ဖွဲ့ဝင်များက ထမော်ဒါ ကာစီနိုရုံကို အောင်မြင်စွာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းအဆောက်အအုံ တစ်ခုလုံးသည် ထိုင်းပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်နေသော ကမ္ဘောဒီးယားပိုင် ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

– ယနေ့တွင် ထိုင်းလေတပ်မှ F – 16 တိုက်လေယာဉ်များက ပဲ့ထိန်းဗုံးများဖြင့် အိုချစ်တံတားကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တောင်ကုန်းအမှတ်(၃၅၀)နှင့် ပရာဆက်တာကွေးရှိ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များအတွက် အဓိက ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ တံတားကို ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် ရှေ့တန်းသို့ စစ်ရေး ထောက်ပို့မှုများ ပြန်လည် စတင်ရန် ကြိုးပမ်းပါက ထပ်မံတိုက်ခိုက်ရန် အသင့်ရှိကြောင်း ထိုင်းလေတပ်က သတိပေးထားသည်။

– ထိုင်းစစ်တပ်၏ ယနေ့ ထုတ်ပြန်ချက်အရ ထိုင်းတပ်ဖွဲ့ဝင်များသည် အငြင်းပွားနေသော တောင်ကုန်းအမှတ် (၃၅၀) ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို တောင်ခြေရှိ ပြန်လည် သယ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

– ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ထိုင်းအရပ်သား ၂၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကာ အနည်းဆုံး နေအိမ် ၃၀ ခန့် ပျက်စီးခဲ့ကြောင်း ထိုင်းတော်ဝင်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
အရပ်သား သေဆုံးမှုများထဲတွင် လူနေ ရပ်ကွက်များအတွင်းသို့ BM-21 ဒုံးကျည် တိုက်ရိုက်ကျရောက် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ကျန်ရှိသူများမှာ ပဋိပက္ခ၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

– ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများအတွင်း ရှေးဟောင်း သမိုင်းဝင် နေရာ များကို ကမ္ဘောဒီးယား တပ်ဖွဲ့ များ က စစ်ရေးအရ အသုံးချနေကြောင်း ထိုင်းအမှတ်(၂) စစ်ဒေသက ယနေ့တွင် ပြောကြားသည်။
ထိုင်းအာဏာပိုင်များက စစ်ဆေးတွေ့ရှိရသည့် ဗီဒီယိုများနှင့် မှတ်တမ်းဓာတ်ပုံများအရ အမျိုးသမီးများနှင့် ကလေး ငယ်များအပါအဝင် အရပ်သားများကို တိုက်ပွဲနယ်မြေအတွင်း ထားရှိထားကြောင်းနှင့် ယင်းနေရာများအတွင်း မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အသုံးပြုနေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now