မဲခေါင်၊ ဒီဇင်ဘာ ၂၀
ရုရှားကို လေးစားသမှုနှင့် ဆက်ဆံခဲ့ပါက ယူကရိန်းပြီးလျှင် စစ်ပွဲများရှိတော့မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီး ဥရောပနိုင်ငံများကို မော်စကိုက တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် ပြောဆိုမှုများကိုလည်း အဓိပ္ပာယ်မရှိသော ပြောဆိုမှုများအဖြစ် ပယ်ချခဲ့ သည်။
၄ နာရီခွဲနီးပါး ကြာမြင့်သော ရုပ်သံမှ တင်ဆက်သည့် အခမ်းအနားတွင် အထူးစစ်ဆင်ရေးများ ရှိလာနိုင်သလား ဟု ယူကရိန်းအား အလုံးစုံ ကျူးကျော်မှုတွင် ပူတင်ပြောသော အသုံးအနှုန်းဖြင့် ဘီဘီစီသတင်းဌာနက ပူတင်အား မေးမြန်းခဲ့သည်။
“ခင်ဗျားတို့က ကျုပ်တို့ကို လေးစားသမှုနဲ့ ဆက်ဆံရင်၊ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားတွေကို လေးစားဖို့ အမြဲတမ်း ကျွန်တော်တို့ ကြိုးစားခဲ့သလို ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကို လေးစားကြရင် စစ်ဆင်ရေးတွေ ရှိလာမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ရုရှားက ဥရောပနှင့် စစ်တိုက်ရန် စီစဉ်နေခြင်း မရှိသော်လည်း ဥရောပက အလိုရှိပါက ချက်ခြင်း စစ်တိုက်ရန် အသင့်ရှိကြောင်း ပူတင်က ယခုလထဲတွင် ပြောကြားခဲ့သည်။
“နေတိုးအဖွဲ့ရဲ့ အရှေ့ဘက် တိုးချဲ့မှုမျိုးနဲ့ ခင်ဗျားတို့က ကျုပ်တို့ကို လှည့်စားခဲ့သလိုမျိုး ခင်ဗျားတို့က လှည့်စားမှုမလုပ်ရင် ရုရှား ကျူးကျော်မှုတွေ ထပ်ရှိလာမှာ မဟုတ်ဘူး”ဟု ယမန်နေ့က ဘီဘီစီ ရုရှားသတင်းဌာန၏ မေးခွန်းကို ဖြေကြားရာတွင် ပူတင်က ဖြည့်စွက် ပြောကြားသည်။
“Direct Line” ဟု နာမည်ပေးထားသော တက်သုတ်ရိုက် အမေး၊ အဖြေ အခမ်းအနားကို မော်စကိုမြို့မှ ခန်းမတစ်ခုတွင် ကျင်းပပြီး ရုရှား နိုင်ငံတစ်ဝန်းမှ ပြည်သူလူထုနှင့် ဂျာနယ်လစ်များ၏ မေးခွန်းများကို ၂၀၁၄ ခုနှစ် တွင် ယူကရိန်းထံမှ သိမ်းယူထားသော ခရိုင်းမီးယားဒေသကိုပါ ထည့်သွင်း ရေးဆွဲထားသည့် ရုရှားနိုင်ငံ မြေပုံကြီးအား နောက်ခံထား၍ ပူတင်က ဖြေကြားခဲ့သည်။
အေးကျော်
Ref:BBC
#MeKongNews
#ရုရှား
#အနောက်တိုင်း
#စစ်ပွဲများ
#ပူတင်








