နေ့စဥ်သတင်း

ထိုင်း – ကမ္ဘောဒီးယားအရေး ကြားဝင်မှု တရုတ် အရှိန်မြှင့်

မဲခေါင် 19 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၉ အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံ‌ရေးအား သမိုင်းတွင် အနိမ့်ဆုံးအမှတ်သို့ တွန်းပို့ခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပေါ် ခဲ့သည့် နယ်စပ်တင်းမာမှုများ ဆက်လက် မြင့်တက်နေစဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ကို ဗုဒ္ဓဟူးနေ့တွင် သီးခြားစီ ဖုန်းခေါ်ဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ဖွမ်ကက်ကီယို နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်တို့က နယ်စပ်တစ်လျှောက်မှ နောက်ဆုံး အခြေအနေများကို တရုတ်အား အသိပေးခဲ့ကြသည်။ တင်းမာမှုများလျော့ပါးရေး နှင့် အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်ရေးကို စိတ်အားထက်သန်ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာကျီယာကျွန် က လူမှုကွန်ရက်တွင် ပြောကြားသည်။

မဲခေါင်၊ ဒီဇင်ဘာ ၁၉

အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံ‌ရေးအား သမိုင်းတွင် အနိမ့်ဆုံးအမှတ်သို့ တွန်းပို့ခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပေါ် ခဲ့သည့် နယ်စပ်တင်းမာမှုများ ဆက်လက် မြင့်တက်နေစဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးတို့ကို ဗုဒ္ဓဟူးနေ့တွင် သီးခြားစီ ဖုန်းခေါ်ဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ဖွမ်ကက်ကီယို နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်တို့က နယ်စပ်တစ်လျှောက်မှ နောက်ဆုံး အခြေအနေများကို တရုတ်အား အသိပေးခဲ့ကြသည်။

တင်းမာမှုများလျော့ပါးရေး နှင့် အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်ရေးကို စိတ်အားထက်သန်ကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာကျီယာကျွန် က လူမှုကွန်ရက်တွင် ပြောကြားသည်။

တိုက်ပွဲများအတွင်း အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းအတွက် နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသောအိမ်နီးချင်းနှင့် မိတ်ဆွေဖြစ်သော တရုတ်နိုင်ငံက အလွန်ဝမ်းနည်းကြောင်း ဝမ်ယီက ဆိုသည်။

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု၏ ပြင်းထန်မှုသည် ယခင် ဖြစ်ရပ်များထက် လွန်ကဲနေသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့ပြီး ဆက်လက် တိုက်ခိုက်နေခြင်းမှာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိဘဲ အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ထိခိုက်ကြောင်းလည်း ၎င်းက သတိပေး ပြောကြားခဲ့သည်။

လောလောဆယ် အရေးအကြီးဆုံး တာဝန်မှာ အပစ်ရပ်ရေး ချက်ခြင်းဆုံးဖြတ်ကြရန်၊ ထိခိုက်နစ်နာမှုများ အချိန်မီ လျှော့ချကြရန်နှင့် နှစ်ဖက်ယုံကြည်မှု ပြန်လည် ထားရှိရန်ဖြစ်ကြောင်း ဝမ်ယီက ဆိုသည်။
တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ်ကိုလည်း အပြန်အလှန် သံတမန်ရေးအတွက် နှစ်နိုင်ငံစလုံးသို့ စေလွှတ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံက ပေါင်းကူးတံတားအဖြစ် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ငြိမ်းချမ်းရေး ပြန်ရရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် တရုတ်စီမံကိန်းများနှင့် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှု သေချာစေရန် ထိရောက်သော အစီအစဉ်များ လုပ်ဆောင်သွားကြရန်လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံစလုံးကို တိုက်တွန်း ပြောကြားခဲ့သလို နှစ်ဖက်စလုံးနှင့် တရုတ်နိုင်ငံကြားက ရင်းနှီးသော ဆက်ဆံ‌ရေး ပျက်စီးသွားစေရန် ရည်ရွယ်သော သတင်းမှား ဖြန့် ချိမှုများကို သတိရှိကြရန်လည်း ပြောကြားသည်။

အေးကျော်
Ref:Thai PBS World
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#တရုတ်
#အရှိန်မြှင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now