မဲခါင်၊ ဒီဇင်ဘာ ၁၈
ယခုတစ်ပတ်အတွင်း ဥရောပအဖွဲ့ဝင် အီးယူနိုင်ငံများ တင်သွင်းသည့် ယူကရိန်း – ရုရှား ငြိမ်းချမ်းရေးအဆို ဖြစ်သော ခရစ္စမတ်မတိုင်ခင် ငြိမ်းချမ်းရေး ရရှိရန်မှာ မဖြစ်နိုင်ဘဲ စစ်ဖြစ်နေခြင်းကြောင့် ထိတ်လန့်တကြား ထွက်ပြေးနေရသည့် ယူကရိန်းပြည်သူ နေအိမ်များကိုပင် သိမ်းပိုက်ရန် ပူတင်က ဥပဒေပြုထားနှင့်ပြီး ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားသည်။
ဒေါ်နယ်ထရမ့်တင်သွင်းသည့် ငြိမ်းချမ်းရေးအဆိုတွင် ဒွန်ဘက်စ်ဒေသမှ ယူကရိန်းတပ်များ ဆုတ်ခွာပေးရမည်ဟု ပါရှိသလို ရုရှားအတွက် ပေးရမည့် နယ်မြေများ သတ်မှတ်ခြင်းအား ဇီလန်စကီးက လက်မခံဘဲ စစ်မဲ့ဇုန် သို့မဟုတ် စီးပွားရေးအထူးဇုန် အဖြစ် သတ်မှတ်မည်ဆိုလျှင်ပင် ရုရှားထိန်းချုပ်နယ်မြေဟု လက်မခံဟု တုံ့ပြန်ထားသဖြင့် အီးယူ နိုင်ငံများက ငြိမ်းချမ်းရေးရရန် ဘာလင်မြို့၌ ယခု တစ်ပတ်အတွင်း ထပ်မံ ကမ်းလှမ်း ဆွေးနွေးကြမည် ဖြစ် ကာ ခရစ္စမတ်အမီ ငြိမ်းချမ်းရေး ရနိုင်မည်ဟု မျှော်လင့်ချက်များ ရှိနေခဲ့သည်။
သို့သော် ယူကရိန်းအား အသက်ရှုခွင့်ပင် မပေးလိုဘဲ ဆက်လက် တိုက်ခိုက်နေမည်ဖြစ်ကာ ငြိမ်းချမ်းရေး မလို သေး ကြောင်း၊ စစ်ပွဲကိုရပ်တန့်လို သော်လည်း ရည်မှန်းချက် အားလုံးပြည့်၀ပြီး အကျိုးစီးပွားအတွက် အာမခံ ချက် ရသည်အထိ တိုက်ခိုက်နေဦးမည် ဖြစ်ကာ ဥရောပလုံခြုံရေး အနာဂတ်အတွက်ပါ အရေးပါသည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ထုတ်ပြန် ပြောဆိုသွားခဲ့သဖြင့် အီးယူတင်သွင်းမည့် ငြိမ်းချမ်းရေး အ ဆိုကို ရုရှား လက်ခံဖွယ်မရှိတော့ဟု တွက်ဆရနိုင်သည်။
ထို့ပြင် ရုရှားသိမ်းပိုက်ပြီးသော ယူကရိန်းနယ်မြေများမှ ယူကရိန်းစစ်ပြေးမိသားစုများ အားလုံး၏ နေအိမ်ကို သိမ်း ပိုက်ခွင့်ပြုသည်ဟု ပူတင်က ဥပဒေပြုပေးလိုက်ကာ ရွှေ့ပြောင်း ရုရှားပြည်သူများ တက်နေထိုင်မည်လား၊ ရုရှား စစ်သားများအတွက် ထိုအိမ်များနှင့် ပိုင်ဆိုင်မှုများကို ပေးမည်လားသာ သိရှိရန်လိုတော့သဖြင့် မိစ္ဆာပူတင် အနေ ဖြင့် ခရစ္စမတ်အမီ ငြိမ်းချမ်းရေး ယူမည်မဟုတ်ဟု ဇီလန်စကီး က ထုတ်ဖော် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီးယူ
#ငြိမ်းချမ်းရေး
#ယူကရိန်း
#ပူတင်
#သိမ်းပိုက်








