ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့် ပြောကြားချက်အပေါ် စစ်ရေး ခြိမ်းခြောက်မှုဟု မာဂျူရို တုံ့ပြန်ပြီးနောက် နှစ်နိုင်ငံ စစ်ဖြစ်ရန် နီးကပ်လာ

မဲခေါင် 18 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၈ ဗင်နီဇွဲလားသို့ မည်သည့် ရေနံတင်သင်္ဘောမှ ဝင်ထွက်ခွင့် မပြုဘဲ ပိတ်ပင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရက်ပိုင်းတွင် Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ ဗင်နီဇွဲလားသမ္မတ မာဂျူရိုက နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ချိုးဖောက်ခြင်းနှင့် စစ်လိုလားသော ခြိမ်းခြောက်ခြင်းဟု တုံ့ပြန်လိုက်သဖြင့် နှစ်နိုင်ငံ စစ်ဖြစ်ရန် အလွန် နီးကပ်လာပြီ ဖြစ်သည်။ ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ရဟတ်ယာဉ်ပေါ်မှ ကွန်မန်ဒိုများ ဆင်းကာ သိမ်းပိုက်ခဲ့ပြီးနောက် ထရမ့်၏ ‌ရေးသားမှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမေရိကန် စစ်သင်္ဘောများ၊ စစ်လေယာဉ်များဖြင့် ကာရစ်ဘီယံ ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနိုင်ငံကို ဝိုင်းပိတ်ဆို့ထားပြီး

မဲခေါင်၊ ဒီဇင်ဘာ ၁၈

ဗင်နီဇွဲလားသို့ မည်သည့် ရေနံတင်သင်္ဘောမှ ဝင်ထွက်ခွင့် မပြုဘဲ ပိတ်ပင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရက်ပိုင်းတွင် Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ ဗင်နီဇွဲလားသမ္မတ မာဂျူရိုက နိုင်ငံတကာ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ချိုးဖောက်ခြင်းနှင့် စစ်လိုလားသော ခြိမ်းခြောက်ခြင်းဟု တုံ့ပြန်လိုက်သဖြင့် နှစ်နိုင်ငံ စစ်ဖြစ်ရန် အလွန် နီးကပ်လာပြီ ဖြစ်သည်။

ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ရဟတ်ယာဉ်ပေါ်မှ ကွန်မန်ဒိုများ ဆင်းကာ သိမ်းပိုက်ခဲ့ပြီးနောက် ထရမ့်၏ ‌ရေးသားမှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အမေရိကန် စစ်သင်္ဘောများ၊ စစ်လေယာဉ်များဖြင့် ကာရစ်ဘီယံ ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနိုင်ငံကို ဝိုင်းပိတ်ဆို့ထားပြီး မာဂျူရိုကို ပိုမို အကြပ်ရိုက်စေရန် ထရမ့်က ဗင်နီဇွဲလားနိုင်ငံ၏ အဓိက ဝင်ငွေရင်းမြစ် ရေနံ တင်ပို့မှုများကိုပါ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

မာဂျူရိုသည် ခိုးယူထားသော ရေနံလုပ်ကွက်များမှ ရေနံများကို ပိတ်ဆို့ အရေးယူထားသည့် သင်္ဘောများဖြင့် တတိယကြားခံနိုင်ငံ (တရုတ်) သို့ တင်ပို့ပြီး ဝင်ငွေရင်းမြစ် ရယူကာ မူးယစ် အကြမ်းဖက်မှုများ၊ လူမှောင်ခိုမှုများ၊ လူသတ်မှုနှင့် ပြန်ပေးဆွဲမှုများ လုပ်ဆောင်နေ ခြင်းကြောင့် အမေရိကန် နိုင်ငံအနေဖြင့် သမ္မတဂျိုးဘိုင်ဒန် လက်ထက်တွင် နိုင်ငံအတွင်း ခိုလှုံခွင့် ပေးခဲ့သော မည်သည့် ဗင်နီဇွဲလား နိုင်ငံသားကိုမှ လက်မခံဘဲ ပြန်ပို့ကာ နှိမ်နင်းမှုများ ပြုလုပ်သွားမည်ဟု ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန် ကြေညာသွားခဲ့သည်။

ကာရစ်ဘီယံ ပင်လယ်ပြင်တွင် တပ်ဖွဲ့စုံ ပို့ထားသော စစ်ဆင်ရေးသည် အာမန်ဒါ စစ်ဆင်ရေး ဖြစ်သည်ဟု ထရမ့်က အသိပေးထားပြီး မိမိစေလွှတ်ထားသည့် စစ်အင်အား ပိုကြီးသထက် ကြီးထွားလာမည်ဟု မာဂျူရို၏ တုံ့ပြန်မှုပြီးနောက် ထပ်မံ သတိပေးလိုက်ရာ အမေရိကန်က ဗင်နီဇွဲလားမြေအတွင်း အချိန်မရွေး ဝင်ရောက် တိုက်ခိုက်လာဖွယ် ရှိကြောင်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဒေါ်နယ်ထရမ့်
#မာဂျူရို
#ခြိမ်းခြောက်မှု
#ဗင်နီဇွဲလား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now