ကမ္ဘာ့သတင်း

ဘွန်ဒိုင်းကမ်းခြေ အကြမ်းဖက်မှု မွတ်ဆလင် သင်္ချိုင်းဂူများကို ဝက်ခေါင်းဖြင့် ပေါက်ခဲ့ရာမှ စတင်၊ အီရန် နောက်ကွယ်မှ ကြိုးကိုင်ဟု အစ္စရေး စွပ်စွဲ

မဲခေါင် 16 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၆ ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေ၌ ဂျူးလူမျိုးများ၏ ပွဲလမ်းသဘင်ဖြစ်သော ဟာနုကာပွဲတော် ကာလအတွင်း ဒီဇင်ဘာ ၁၄ ရက်တွင် အစ္စလာမ်ဘာသာဝင် သားအဖနှစ်ဦးက မဲမဲမြင်မြင်ရာ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ဆစ်ဒနီအနောက်ပိုင်း မွတ်ဆလင် သုဿာန်တစ်ခုတွင် ဝက်ခေါင်းများဖြင့် ပစ်ပေါက်ရာမှ အစပျိုးခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စေရန် နောက်ကွယ်မှ အီရန် ကြိုးကိုင်ခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေး က စွပ်စွဲခဲ့သည်။ ယင်းဖြစ်စဉ်တွင် အနည်းဆုံး ၁၆ ယောက်သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသော ၅ ဦး အပါ ဒဏ်ရာရသူ ပေါင်း ၄၀‌ ကျော်ရှိခဲ့သည်။ ကျည်ဆံပေါင်း ၁၀၃ တောင့် ပစ်ခတ်ခဲ့သည့်

မဲခေါင်၊ ဒီဇင်ဘာ ၁၆

ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေ၌ ဂျူးလူမျိုးများ၏ ပွဲလမ်းသဘင်ဖြစ်သော ဟာနုကာပွဲတော် ကာလအတွင်း ဒီဇင်ဘာ ၁၄ ရက်တွင် အစ္စလာမ်ဘာသာဝင် သားအဖနှစ်ဦးက မဲမဲမြင်မြင်ရာ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ဆစ်ဒနီအနောက်ပိုင်း မွတ်ဆလင် သုဿာန်တစ်ခုတွင် ဝက်ခေါင်းများဖြင့် ပစ်ပေါက်ရာမှ အစပျိုးခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စေရန် နောက်ကွယ်မှ အီရန် ကြိုးကိုင်ခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေး က စွပ်စွဲခဲ့သည်။

ယင်းဖြစ်စဉ်တွင် အနည်းဆုံး ၁၆ ယောက်သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသော ၅ ဦး အပါ ဒဏ်ရာရသူ ပေါင်း ၄၀‌ ကျော်ရှိခဲ့သည်။

ကျည်ဆံပေါင်း ၁၀၃ တောင့် ပစ်ခတ်ခဲ့သည့် သားအဖသည် အိုင်အက်စ်အတွက် သစ္စာခံထားသူများ ဖြစ်သည့် ၅၀ နှစ်အရွယ် ဆာဂျစ်အက်ကရန်နှင့် သားဖြစ်သူ နာဗီအက်ကရန်တို့ဖြစ်ပြီး ဖခင်အာဂျစ်မှာမူ ပစ်ခတ်မှုများ ကြောင့် သေဆုံးခဲ့ရသည်။

၂၀၂၃ ခုနှစ်က ဂါဇာကို အစ္စရေးဝင်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်း ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနှင့် အိုင်အက်စ်များက သပ်လျှိုရန် ဩစတြေးလျသို့ ပို့ထားသည့် ဘာသာဝင်များက မကြာခဏဆိုသလို ဂျူးအသိုင်းအဝိုင်း များအား အကြမ်းဖက်ခဲ့ကြပြီး ယခုလည်း အခင်းမဖြစ်ပွားမီ မွတ်ဆလင် သုဿာန်တစ်ခုတွင် ဝက်ခေါင်းများဖြင့် ဘာသာရေး စော်ကားမှုအဖြစ် ပစ်ပေါက်ထားရာမှ အမုန်းတရားဖြင့် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်လာရ ကြောင်း ဆစ်ဒနီဒေသခံ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် အာမက်ဟရိုင်ချီးက ပြောသည်။

ဝက်ခေါင်းဖြင့်ပေါက်သူသည် ယခု အကြမ်းဖက်မှု တရားခံများထဲ ထည့်ရမည့်သူ ဖြစ်ပြီး အကြမ်းဖက်သော မှားယွင်းသည့် လက်စားချေသူ သားအဖကိုလည်း မွတ်ဆလင် ဘာသာဝင်အဖြစ် အသိအမှတ် မပြုနိုင်သဖြင့် မွတ်ဆလင် ဘာသာရေး ထုံးတမ်းနှင့်အညီ နာ‌ရေးအခမ်းအနား ကျင်းပပေးမည် မဟုတ်ဟု ၎င်းက ဆိုခဲ့သည်။

ယခု အကြမ်းဖက်မှုကို ဩစတြေးလျသို့ ခိုလှုံ ရောက်ရှိနှင့်ပြီးသော ဟစ်ဇ်ဘိုလာအဖွဲ့ဝင် လျှို့ဝှက်နေထိုင်သူ သားအဖအား လူအများအပြားကို သတ်ဖြတ်ရန် အီရန် အမျိုးသားအစောင့်တပ် – IRGC က နောက်ကွယ်မှ စေခိုင်းခြင်း ဖြစ်သည်ဟု အစ္စရေး ထောက်လှမ်းရေး – ASIO အဖွဲ့အကြီးအကဲ မိုက်ဘားဂက်စ်က စွပ်စွဲခဲ့သည်။

ယင်းဖြစ်စဉ်တွင် သူရဲကောင်းဖြစ်ခဲ့သူမှာ ဒေသခံ မွတ်ဆလင်လူမျိုး စျေးဆိုင်ပိုင်ရှင် အာမက်အယ်လ်အာ မက် ဆိုသူ ၄၂ နှစ်အရွယ် အမျိုးသားဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်နေသူ နာဗီကို လက်ဗလာဖြင့် ဝင်လုံးပြီး သေနတ် လုယူနိုင်ခဲ့ကာ အရှင်ဖမ်းဆီး နိုင်ခဲ့စေသည်။

၎င်း၏ လက်ကိုလည်း ကျည် ၅ ချက်ထိထားပြီး သေနတ်ရချိန်တွင် နာဗီအက်ကရန်ကို သေနတ်ဖြင့် အရင် ချိန်ခဲ့သော်လည်း ခလုတ်မညှစ်ဘဲ လက်ရှောင်လိုက်ခြင်း ဖြစ်သည်။

ကိုကလင်း
Ref: Thesun
#ဘွန်ဒိုင်းကမ်းခြေ
#အကြမ်းဖက်မှု
#အီရန်
#အစ္စရေး
#စွပ်စွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now