ကမ္ဘာ့သတင်း

၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း မိုးသည်း၊ ရေလွှမ်းမိုးမှုများသည် New normal အခြေအနေဖြစ်လာ

မဲခေါင် 2 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အဓိက ရေလွှမ်းမိုးမှုကပ်ဘေးကြီး ၅ ခုမှာပင် သေဆုံးသူ ထောင်ချီ များပြားခဲ့ကာ စီးပွားရေးဆုံးရှုံးမှုပမာဏ ဘတ်ဘီလီယံ ၉၀၀ ကျော်ရှိခဲ့သည်မှာ မကြုံစဖူး၊ မမျှော်လင့် ထားသည့် သဘာ၀ထူးခြားဖြစ်စဉ်များအဖြစ် မဟုတ်တော့ဘဲ အသစ်ဖြစ်သော ပုံမှန်အခြေအနေ (New normal) အသွင်ဆောင်သွားခဲ့ပြီဟု ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအစိုးရအချင်းချင်း ဆက်ဆံရေးအဖွဲ့ (IPCC) က သုံးသပ် သတိပေးသွားခဲ့သည်။ ကမ္ဘာကြီးတစ်နေ့တခြား ပူနွေးလာခြင်းကြောင့် လေထုစိုထိုင်းစကို ပိုမိုမြင့်မားစေကာ ရက်ဆက် စံချိန် တင်မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းများ၊ ရေခဲတောင် အရေပျော်ခြင်းများသည် ယခုလို ရုတ်တရက်ရေလွှမ်းမိုးမှုများကို ဖြစ်စေကာ မြေပြိုမှုများနှင့်အတူ လူ့

မဲခေါင်၊ ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အဓိက ရေလွှမ်းမိုးမှုကပ်ဘေးကြီး ၅ ခုမှာပင် သေဆုံးသူ ထောင်ချီ များပြားခဲ့ကာ စီးပွားရေးဆုံးရှုံးမှုပမာဏ ဘတ်ဘီလီယံ ၉၀၀ ကျော်ရှိခဲ့သည်မှာ မကြုံစဖူး၊ မမျှော်လင့် ထားသည့် သဘာ၀ထူးခြားဖြစ်စဉ်များအဖြစ် မဟုတ်တော့ဘဲ အသစ်ဖြစ်သော ပုံမှန်အခြေအနေ (New normal) အသွင်ဆောင်သွားခဲ့ပြီဟု ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအစိုးရအချင်းချင်း ဆက်ဆံရေးအဖွဲ့ (IPCC) က သုံးသပ် သတိပေးသွားခဲ့သည်။

ကမ္ဘာကြီးတစ်နေ့တခြား ပူနွေးလာခြင်းကြောင့် လေထုစိုထိုင်းစကို ပိုမိုမြင့်မားစေကာ ရက်ဆက် စံချိန် တင်မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းများ၊ ရေခဲတောင် အရေပျော်ခြင်းများသည် ယခုလို ရုတ်တရက်ရေလွှမ်းမိုးမှုများကို ဖြစ်စေကာ မြေပြိုမှုများနှင့်အတူ လူ့ အသက်ပေါင်းများစွာကို နှုတ်ယူနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရ ပိုမိုပြီး ပူနွေးသထက်ပူနွေးလာခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဘိုလီးဗီးယား၊ ဟိမ၀န္တာဒေသနှင့် ထိုင်းနိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပွားခဲသော အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများသည် ထူးခြားဖြစ်စဉ်မဟုတ်တော့ဘဲ နောင်လည်း ဆက်ကြုံနေကြစမြဲဖြစ်မည့် New normal အခြေအနေ သစ်အသွင်ဖြစ်သွားပြီဟု IPCC က သုံးသပ်သွားခဲ့သည်။

IPCC ၏ လေ့လာမှုနှင့် တွက်ချက်မှု စီမံကိန်းအရ ကမ္ဘာ့အပူချိန် ၁ ဒီဂရီဆဲလ်စီးယက်စ် မြင့်တက်သည် နှင့် မိုးသည်းထန်စွာရွာသွန်းမှုနှုန်းသည်လည်း ၇ ရာခိုင်နှုန်းအထိ မြင့်တက်ကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ရေလွှမ်းမိုးမှုကပ်ဘေးများ ကမ္ဘာအနှံ့ များပြားလာခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကပ်ဘေး အားလုံးအနက် ရေဘေးဒဏ်သည် ၃၅ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းကြား ရှိလာကြောင်း၊ ကမ္ဘာကြီး ပိုမို ပူနွေးလာနေမြဲဖြစ်သောကြောင့် ယခုလို မိုးသည်းထန် ရေကြီးရေလျံမှုများသည် မကြာခဏ ကြုံလာရ တော့မည့် အခြေအနေတစ်ရပ်ဖြစ်သွားခဲ့ပြီဟု သုံးသပ်တင်ပြသွားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ရေလွှမ်းမိုးမှုကပ်ဘေးကြီးများအနက် အကြီးဆုံးသော အထက်ဖော်ပြပါ ၅ ခုကြောင့် စီးပွားရေး နစ်နာဆုံးရှုံးခဲ့ရမှုပေါင်းမှာ ဘတ် ဘီလီယံ ၉၀၀ ကျော်ဖိုးရှိခဲ့သည်။ ရေဘေးကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး စီးပွားဆုံးရှုံးမှုများကို ကမ္ဘာနှင့်ချီတွက်ချက်လျှင် နှစ်စဉ် ဆုံးရှုံးမှုငွေကြေးပမာ ဏသည် ဘတ် ၁၃ ဒသမ ၉၇ ထရီလီယံအထိ ရှိသည်ဟုလည်း IPCC ၏တွက်ချက်ဖော်ပြမှုကို ထိုင်းမီဒီယာ The Nation Thailand က ဘတ်ငွေဖြင့် တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်သည်။

၁၉၇၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း ယခုလို သဘာ၀ကပ်ဘေးကြောင့် နှစ်စဉ် နစ်နာဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ နှင့် ၈၀ ကြားသာရှိရာမှ ၂၀၀၁ မှ ၂၀၂၀ ပြည့်နှစ်အကြား ဆုံးရှုံးမှုပမာ ဏသည် နှစ်စဉ် ဒေါ်လာ ၁၈၀ ဘီလီယံမှ ၂၀၀ ဘီလီယံအထိ ၂ ဆ ကျော် မြင့်တက်သွားခဲ့သည်။ ဆုံးရှုံး မှုများသော အခြေအနေသည့် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အာဖရိကတိုက်များကဲ့သို့ လူနေ အလွန်ထူထပ်ပြီး အခြေခံအဆောက်အအုံများ ခိုင်မာမှုမရှိသည့် ဒေသများတွင် အမြင့်မားဆုံး ဖြစ်သည် ဟုလည်း ဆိုသည်။

၂၀၂၅ အဆိုးရွားဆုံး ရေဘေးကြီး ၅ ခု

(၁) ဆူမားတြား ၊ အင်ဒိုနီးရှား (အောက်တိုဘာ – နိုဝင်ဘာ ၂၀၂၅)
ဆိုင်ကလုံးမုန်တိုင်းတစ်ခုရိုက်ခတ်မှုကြောင့် ရက်ပေါင်းများစွာ မိုးသည်းထန်လွန်းခြင်းကြောင့် ဆူမားတြားမြောက်ပိုင်းဒေသ ရေလွှမ်းမိုး၊ မြေပြိုမှုများဖြစ်ပွားပြီး ၅ ပတ်အကြာ ရေပြန်ကျမှ ကယ်ဆယ်မှုလုပ်ငန်းများ စတင်နိုင်သည်။ နိုဝင်ဘာ ၂၉ ရက် စာရင်းအရ အနည်းဆုံး ၃၀၃ ယောက် သေဆုံးကာ ထိုင်းဘတ်ငွေ ဘီလီယံ ၃၆၀ ဖိုး ပျက်စီးနစ်နာ ဆုံးရှုံးခဲ့ရသည်။

(၂) တောင်ကိုရီးယား (ဇူလိုင် – ဩဂုတ် ၂၀၂၅)
မုန်သုန်ရာသီ အဆက်မပျက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ချောင်းများစွာ မြစ်ရေလျံခြင်းမှ ရုတ်တရက်ရေကြီး ရေလျံမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် တောင်တန်းထူထပ်ရာဒေသများ တွင် မြေပြိုကာ လူသေဆုံးမှုများခဲ့သည်။ အနည်းဆုံး ၂၃ ဦးသေဆုံးကာ စိုက်ပျိုးမြေများစွာ ရေနစ်မြုပ် ခဲ့သည်။ တောင်ကိုရီးယားသမိုင်းတွင် ရေနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှု စံချိန်တင်အများဆုံးအဖြစ် ဘတ် ၂၈၀ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရသည်။

(၃) ဘိုလီးဗီးယား (ဇန်နဝါရီ – မတ် ၂၀၂၅)
ရက်သတ္တပတ်များစွာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဒေသများစွာတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ လူနေ မထူထပ်ဘဲ လူဦးရေ နည်းပါးခြင်းကြောင့်သာ အနည်းဆုံး ၅၅ ဦး သေဆုံးသော်လည်း စီးပွားရေး ဆုံးရှုံးမှုပမာဏ ဘတ် ၁၄၀ ဘီလီယံ အထိ ရှိခဲ့သည်။

(၄) ဟိမ၀န္တာ ဒေသ (ဇွန် – စက်တင်ဘာ ၂၀၂၅)
တစ်မိုးတွင်းလုံး ၄ လအတွင်း အလွန်အေးသည့် ရေခဲဖုံးလွှမ်းရာ ဟိမ၀န္တာဒေသမှ ရေခဲကန်ကြီးများ အပူရှိန်မြင့်တက်သဖြင့် အရည်ပျော်ခြင်းမှ ရေများ လျှံကာ ဆည်များပြိုခြင်းနှင့် ပိုမိုကြီးများသော ကန်ကြီးများအတွင်းသို့ အရည်ပျော်ရေခဲရေများ အရှိန်ပြင်းစွာ စီးဆင်းမှုမှ သေဆုံးမှုများ ရှိခဲ့သည်။ လူနေ အလွန်ကျဲပါးခြင်းကြောင့်သာ သေဆုံးနှုန်းမများခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု ဘတ် ၇၂ ဘီလီယံ ဖိုးရှိခဲ့သည်။

(၅) အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကမ်းခြေမြို့များ (၂၀၂၅ တစ်နှစ်လုံး)
ထူးကဲ မိုးရေချိန်များဖြင့် မိုးသည်းထန်လွန်းချိန် ပင်လယ်ကမ်းခြေမြို့များရှိ မြေနိမ့်ပိုင်းများအတွင်း မြင့်တက်လာသော ပင်လယ်ရေများ စီးဆင်းခြင်း၊ မြင့်တက်ဒီရေများ ထိုးတက်ခြင်း၊ ပင်လယ်အတွင်း သို့ မြစ်ချောင်းများမှ ရေစီးဝင်မှုနှုန်း နှေးကွေးလာခြင်းကြောင့် ကမ္ဘာ့ နေရာအသီးသီးတွင် ၂၀၂၅ ခုနှစ် အတွင်း ရေလွှမ်းမိုးမှုများစွာ ရှိခဲ့သည်။ အဆိုပါ ဒေသများတွင် ကြုံသည့် ၂၀၂၅ ခုနှစ် ရေဘေးကြောင့် နစ်နာဆုံးရှုံးမှု ဘတ် ၅၄ ဘီလီယံ ရှိခဲ့သည်။ ထိုင်းနိုင်ငံကမူ နောက်ဆုံး ထိုင်းတောင်ပိုင်း ရေကြီးမှုကြောညင့် ပျက်စီးဆုံးရှုံးမှု၊ စီးပွားရေး ဆုံးရှုံးမှုပမာဏ ဘတ် ဘီလီယံ ၅၀၀ ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် IPCC က ကမ္ဘာကြီး အဓွန့်ရှည်ကျန်းမာရေး ပူနွေးသထက် ပူနွေးလာနေသော ကမ္ဘာကြီးအား ပြန်လည် ကောင်းမွန်လာစေရန် နိုင်ငံအဆင့်၊ ခရိုင်၊ ပြည်နယ်အဆင့်၊ ရပ်ကျေးအဆင့်၊ တစ်အိမ်ချင်း အဆင့်မှသည် တစ်ဦးတစ်ယောက်ချင်းအဆင့်အထိ ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးကြရန် တာဝန် ယူကြရမည်ဖြစ်သည်ဟု သတိပေး နှိုးဆော်တိုက်တွန်းသွားခဲ့သည်။

ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ရာသီဥတု
#သဘာဝပတ်ဝန်းကျင်
#ဖောက်ပြန်မှု
#ကမ္ဘာကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now