ကမ္ဘာ့သတင်း

နိုင်ငံလေကြောင်းပိတ်ထားဟု ထရမ့်သတိပေးပြီးနောက် ဗင်နီဇွဲလားသမ္မတ မာဂျူရို၏လေယာဉ် ဘရာဇီးနယ်စပ်သို့ ခရီးနှင်ခဲ့

မဲခေါင် 1 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၉ ရက်တွင် ဗင်နီဇွဲလားလေပိုင်နက်နှင့် အနီးအနား လေပိုင်နက်များအားလုံး မည်သူမျှ မလာဘဲ ပိတ်ထားသင့်သည်ဟု ထုတ်ပြန်ပြီးနောက် မကြမီမှာပင် အမေရိကန်မှ ဒေါ်လာသန်း ၅၀ ဆုကြေးထုတ်ထားသည့် ဗင်နီဇွဲလားသမ္မတ မာဂျူရိုစီးနေကြ လေယာဉ်သည် ဘရာဇီးနယ်စပ်သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည့် လေယာဉ်တင်သင်္ဘောအပါ စစ်သင်္ဘောများစွာ၊ ဖိုက်တာ ဂျက်လေယာဉ်များနှင့် ဗုံးကျဲလေယာဉ်များပါ ပို့ဆောင်ပြီး ဗင်နီဇွဲလားကို ဝိုင်းရန်ထားကာ မကြာမီ ကုန်းတွင် တိုက်ပွဲဆင်နွှဲရမည်ဟုလည်း ပြင်းထန်စွာ သတိပေးထားသည်။ နိုဝင်ဘာ ၂၉ ရက်တွင် Truth Social ပေါ်တွင် ဗင်နီဇွဲလားလေပိုင်နက်နှင့် အနီးအနားလေပိုင်နက်များ အားလုံးပိတ်ထားသင့်သည်ဟု

မဲခေါင်၊ ဒီဇင်ဘာ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၉ ရက်တွင် ဗင်နီဇွဲလားလေပိုင်နက်နှင့် အနီးအနား လေပိုင်နက်များအားလုံး မည်သူမျှ မလာဘဲ ပိတ်ထားသင့်သည်ဟု ထုတ်ပြန်ပြီးနောက် မကြမီမှာပင် အမေရိကန်မှ ဒေါ်လာသန်း ၅၀ ဆုကြေးထုတ်ထားသည့် ဗင်နီဇွဲလားသမ္မတ မာဂျူရိုစီးနေကြ လေယာဉ်သည် ဘရာဇီးနယ်စပ်သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည့် လေယာဉ်တင်သင်္ဘောအပါ စစ်သင်္ဘောများစွာ၊ ဖိုက်တာ ဂျက်လေယာဉ်များနှင့် ဗုံးကျဲလေယာဉ်များပါ ပို့ဆောင်ပြီး ဗင်နီဇွဲလားကို ဝိုင်းရန်ထားကာ မကြာမီ ကုန်းတွင် တိုက်ပွဲဆင်နွှဲရမည်ဟုလည်း ပြင်းထန်စွာ သတိပေးထားသည်။

နိုဝင်ဘာ ၂၉ ရက်တွင် Truth Social ပေါ်တွင် ဗင်နီဇွဲလားလေပိုင်နက်နှင့် အနီးအနားလေပိုင်နက်များ အားလုံးပိတ်ထားသင့်သည်ဟု ရေးတင်ခဲ့သည်။ ထိုကြေညာချက်အပြီး မာဂျူရိုစီးနေကြ Airbus A-319 လေယာဉ်ကြီးသည် ဘရာဇီးနိုင်ငံနှင့်နယ်စပ် ဆန်နာအီလီနာဒီအိုင်ရန် လေဆိပ်သို့ ကာရာကက်စ်မြို့မှ ထွက်ခွာသွားပြီး မကြာခင် ပြန်လာခဲ့သည်ဟု သိရသည်။

အမေရိကန်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) ကလည်း ဗင်နီဇွဲလားနိုင်ငံအထက် ကောင်းကင်များ တွင်း လေကြောင်းစစ်ရေးလှုပ်ရှားမှုများစွာရှိနေသည့်အတွက် လေကြောင်းလိုင်းများ မဖြတ်သန်းရန် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ထရမ့်က “ လေကြောင်းလိုင်းအားလုံး၊ လေယာဉ်မောင်အားလုံး၊ မူးယစ်မှောင်ခိုသမားအားလုံးနဲ့ လူမှောင်ခိုသမားအားလုံး ကျေးဇူးပြုပြီး ဗင်နီဇွဲလာနိုင်ငံပေါ်နဲ့ အနီးပတ်ဝန်းကျင်က လေပိုင်နက်ထဲမှာ လုံး၀မသွားဘဲ ပိတ်ပင်ထားသင့်ပါတယ်” ဟု လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့ခြင်းဖြစ်သည်။

ယင်းထရမ့်၏ ထုတ်ပြန်ချက်အပေါ် ဗင်နီဇွဲလားသမ္မတ မာဂျူရိုကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန်သည် ရွှေ့ပြောင်းလုပ်သားများပြန်ပို့နေရသည့်‌ လေကြောင်းလိုင်းများကိုပင် တစ်ဖက် သတ်ပိတ်ခဲ့ပြီးဖြစ်ကာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများအရ အခြားနိုင်ငံ လေပိုင်နက်အား ပိတ်ပင် ခွင့်မရှိဘဲ ယခုလို ထရမ့်ဘက်မှ ပိတ်ထားရန်လုပ်ခြင်းမှာ ကိုလိုနီခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခုအပေါ် ကုလသမဂ္ဂစည်းမျဉ်းများပါ ချိုးဖောက်ပြီး လာရောက်ပိတ်ပင်မှု ကို ဆန့်ကျင်ရှုတ်ချသည်ဟု နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဗင်နီဇွဲလားတွင် နိုဝင်ဘာ ၂၆ ရက်မှစတင်ပြီး ထရမ့်၏ သတိပေးမှုကြောင့် အဓိက လေကြောင်းလိုင်းကြီး ၆ ခုအထိ လေကြောင်း ခရီးစဉ်များအားလုံး ပိတ်ထားရဆဲဖြစ်သည်။

ကိုကလင်း
Ref: BBC
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#မာဂျူရို
#လေကြောင်းလိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now