မဲခေါင်၊ နိုဝင်ဘာ ၃၀
ရုရှားတပ်များသည် ယူကရိန်းလမ်းများပေါ် ကာရန်အုပ်မိုးပေးထားသည့် ပိုက်ကွန်များကို နဂါးဒရုန်း ပေါ်မှ သာမိုက်ဒြပ်ပေါင်းသုံး မီးတောက်များ ကြဲချလောင်ကြွမ်းစေခဲ့ကြောင်း ရုပ်သံများ အခိုင်အမာ ထွက်ပေါ်လာသည်။
စစ်ဇုန်များတွင် တိုက်ရိုက် ဒရုန်းပစ်မှတ်များဖြစ်မသွားစေရေး အရေးကြီးသော လမ်းများအား အုပ်မိုး ကာရန်ထားလေ့ရှိသည့် ပိုက်ကွန်များကို ယူကရိန်းက အသက်ကယ် ဥမင်များ (tunnels of life) ဟု ခေါ်ဆိုပြီး ထိုပိုက်များသည် ကာမီကာဇီဒရုန်းပစ်မှတ်များ ဖမ်းယူရရှိခြင်းတွင် အနှောင့်အယှက်ကြီးစွာ ပေးသဖြင့် ရုရှားဘက်က အလွန်လူသားမဆန်သော တီထွင်မှုလက်နက်ဖြစ်သည့် နဂါးဒရုန်းများဖြင့် မီးတောက်မီးလုံးများ ကြဲချပြီး လောင်းကျွမ်းဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ရုရှား၏ နဂါးဒရုန်းများ (Dragon drones) သည် မီးရထားသံလမ်းများ အရည်ဖျော်ရာတွင် အသုံးပြုသော နည်းပညာဖြစ်သည့် ထိတွေ့သမျှအရာအားလုံး လောင်ကျွမ်းစေသည့် လက်နက်စနစ် ထည့်သွင်းထားခြင်းဖြစ်သည်။
အလူမီနီယံနှင့် အိုင်းယွန်းအောက်ဆိုက်ဓာတ်များကို ရောစပ်ထားသော သာမိုက် ဒြပ်ပေါင်းပါ ဗူးများကို မီးတောက်ဖြစ်စေပြီး ထိုမီးတောက်များသည် ၂၅၀၀ ဒီဂရီအထိ အရည်ပျော်စေနိုင်စွမ်းရှိသည်။
ဗြိတိန်စစ်ဘက်အရာရှိဟောင်း နီကိုးလပ်စ်ဒရမ်မွန့်က ရုရှား၏ နဂါးဒရုန်းအန္တရာယ်သည့် အလွန်ကြောက်မက်ဖွယ်ရာကောင်းပြီး လူသားများ ယင်းမီးတောက်များထိပါက လောင်စာမကုန်မချင်း ငြိမ်းသတ်မရနိုင်ဘဲ အရည်ပျော်သွားကြောင်း၊ လူသားကိုသာမက သံချပ်ကာကားများ၊ တင့်ကားများကိုပင် အရည်ပျော်စေနိုင်သည်အထိ အပူရှိန် မြင့်မားစွာ ထုတ်လုပ်ပေးသည့် လူမဆန်သော လက်နက်ဖြစ်သည်ဟု သုံးသပ်ပြောဆိုခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#နဂါးဒရုန်း
#သာမိုက်ဒြပ်ပေါင်း
#ကာမီကာဇီဒရုန်း








