မဲခေါင်၊ နိုဝင်ဘာ ၂၄
နိုဝင်ဘာ ၂၂ ရက်တွင် အစ္စရေးက ဂါဇာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ် ခဲ့ရာ အနည်းဆုံး ၂၄ ယောက် သေဆုံးပြီး ၅၄ ယောက်ဒဏ်ရာရခဲ့သည်ဟု ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၀ ရက်ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြားဝင်စေ့စပ်ပေးမှု ကြောင့် ဂါဇာတွင် အစ္စရေးနှင့် ဟားမက်စ်တို့ အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ခဲ့သော်လည်း နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင်လည်း အစ္စရေး၏ ဂါဇာအတွင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးနှင့်အမျိုးသမီးများ အများဆုံးပါဝင်သော ပါလက်စတိုင်း ၃၃ ယောက် သေဆုံးခဲ့ရသေးသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပြီးခဲ့သည့်တစ်ပတ် နိုဝင်ဘာ ၁၇ ရက်က ဂါဇာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုသော ဒေါ်နယ်ထရမ့်တင်ပြသည့် လမ်းစဉ်များကို ကန့်ကွက်မဲမရှိဘဲ အတည်ပြုပေးခဲ့ကာ ထရမ့်ကိုယ်တိုင် ယင်းနိုင်ငံတကာ ဂါဇာထိန်းကြောင်းလမ်းညွှန်မှု ဘုတ်အဖွဲ့ကို ဦးဆောင်သွားမည်ဟု ဆိုခဲ့သည်။
သို့သော်လည်း အစ္စရေးသည် ထရမ့်ကြိုးပမ်းခဲ့သော ဟားမက်စ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကို လက်မှတ်ထိုးထားပြီးသည့်ကြားမှ ယခုလို ဂါဇာအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက အပြောနှင့်အလုပ်မညီသည့် ဝေဖန်စရာ တိုက်ခိုက်မှုများ ဖြစ်လာနေသည်။
ကိုကလင်း
Ref: AP
#MeKongNews
#အစ္စရေး
#ဂါဇာ
#လုံခြုံရေးကောင်စီ
#အပစ်ရပ်








