မဲခေါင်၊ နိုဝင်ဘာ ၂၃
ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၁၅၄၀ ဖမ်းဆီးထားပြီး မိုဘိုင်းဖုန်း ၂၀၀၀၀ နှင့် ကွန်ပျူတာ ၃၀၀၀ ကျော် လမ်းကြိတ်စက်ဖြင့်နင်းပြီး ဖျက်ဆီးခဲ့သည်ဟု BGF ပြောခွင့်ရှိသူ နိုင်မောင်ဇော်က ဆိုသည်။
ရွှေကုက္ကိုလ်မြို့သစ်ကို ၆ ရက်မြောက် စီးနင်းမှုများလုပ်အပြီး နိုင်ငံခြားသား ၁၅၄၀ ဖမ်းဆီးရမိထား ကြောင်းနှင့် မိုဘိုင်းဖုန်း ၂၀၀၀၀ ကျော်နှင့် ကွန်ပျူတာ ၃၀၀၀ ကျော်တို့ကို သိမ်းဆည်းထားသည်အား နိုဝင်ဘာ ၂၂ ရက်တွင် လမ်းကြိတ်စက်ဖြင့် နင်းချေဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ ကမ္ဘာနှင့် ချီကာ ဒေါ်လာဘီလီယံချီ လိမ်လည်ခဲ့မှုများအတွက် နောက်ကြောင်းများကို ပြန်ရှာနိုင်မည့် သက်သေ များဖြစ်ကာ ယခုလို မည်သူမျှမသိဘဲ ဖျက်ဆီးခဲ့ခြင်းသည် စဉ်းစားစရာဟု ဝေဖန်နေကြသည်။
ယင်းနှိမ်နင်းမှုကို မြန်မာစစ်ကောင်စီနှင့် မြန်မာရဲတပ်ဖွဲ့၊ ဒေသခံ BGF တပ်များပူးပေါင်း လုပ်ဆောင် နေကြောင်းနှင့် ဖမ်းဆီးရမိပစ္စည်းများ၊ လူများကို မြန်မာရဲလက်အပ်ကာ နိုင်ငံခြားသားများကို ထိုင်သို့ လွှဲပြောင်းပြီး နေရပ်သို့ ပြန်ပို့နိုင်ရေးများလုပ်ဆောင်ရန်လည်း နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေး လုပ်ဆောင်နေသည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် ပြောဆိုကြောင်း ထိုင်း The Reporters မီဒီယာက ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: The Reporters
#MeKongNews
#ကျားဖြန့်
#ရွှေကုက္ကိုလ်
#ကွန်ပြူတာ
#သက်သေခံပစ္စည်း
#နိုင်မောင်ဇော်








