မဲခေါင်၊ နိုဝင်ဘာ ၂၂
ထိုင်းနိုင်ငံ ချာချိုအန်ဆာအိုခရိုင်တရားရုံးက လက်ရှိ ထိုင်းအထက်လွှတ်တော်အမတ်လည်းဖြစ် အစိုးရ အကြီးအကဲလည်းဖြစ်နေသူ သာနာခွန်းသော်ဝန်ချင်ချော့ဆိုသူအား လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်က ကား မတော်တဆမှုနှင့် တိမ်းမှောက်ကာ သေဆုံးခဲ့သူထံမှ ဘတ် ၁ ဒသမ ၅ သန်းတန် လက်ဝတ်လက်စားများ ဖြုတ်ခိုးခဲ့မှုဖြင့် နိုဝင်ဘာ ၂၁ ရက်၌ ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်သည်။
၂၀၂၁ ခုနှစ်က ဘန်ပါခွန်းခရိုင်တွင် ကားတစ်စီး တိမ်းမှောက်ပြီးနောက် သေဆုံးသူဆီမှ လက်ဝတ် လက်စားများကို အမျိုးသား ၂ ယောက်က ဖြုတ်ယူနေသည့် CCTV မှတ်တမ်း ရရှိခဲ့ပြီး သံသယတရားခံ မှာ ၂၀၂၄ ခုနှစ်ကတည်းက ထိုင်းအထက်လွှတ်တော်အမတ်ဖြစ်လာသလို စိုက်ပျိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ဒုဥက္ကဌ၊ ရေလုပ်ငန်းဆပ်ကော်မတီ ဥက္ကဌအဖြစ်တာဝန်ထမ်းနေသူ သာနာခွန်းဖြစ်သည်ဟု စွဲချက်တင်ပြီး သာနာခွန်းက ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#လွှတ်တော်အမတ်
#ထောင်ဒဏ်
#အစိုးရယန္တယား








