နေ့စဥ်သတင်း

တရုတ်ဒုစရိုက်သမားများ ထောင်တွင်း တရုတ်မော်ဒယ် ၂ ဦး ခေါ်သွင်း လိင်ဆက်ဆံသဖြင့် ထောင်ဝန်ထမ်းများ ဖမ်းဆီး စစ်ဆေးခံနေရ

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ ထိုင်းနိုင်ငံ နာမည်ကြီး ဘန်ကောက် ရမန်ထောင်အတွင်း တရုတ်ရာဇဝတ်ဂိုဏ်းသားများသည် ငွေကြေး တတ်နိုင်သဖြင့် ထောင်တွင်းသူဌေးများသဖွယ် နေချင်သလို နေထိုင်နေကာ မိန်းကလေးများပင် ခေါ်ယူ လိင်ဆက်ဆံမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထောင်မှူး မာနော့ချွမ်ချန်းနှင့် ထောင်တာဝန်ရှိ သူ ၁၄ ယောက်အား ဖမ်းဆီးပြီး စစ်ဆေးနေပြီဖြစ်သည်။ အစောပိုင်းသတင်းများအရ တရုတ်ဒုစရိုက်အကျဉ်းသားများသည် အဆင့်မြင့်ဂျပန်လိင်ဝန်ဆောင်မှု ပေးသူ အမျိုးသမီးအား ထောင်တွင်းအထိ ခေါ်ယူပြီး လေအေးပေးစက်တပ်ထားသည့် မြေအောက် အချုပ်ခန်းအတွင်း အတူနေကာ လိင်ဆက်ဆံမှု ပြုကြောင်း သတင်းပေါက်ကြားပြီးနောက် တရားရေး ဝန်ကြီးကိုယ်တိုင် ထိုင်းဝန်ကြီးချုပ် အနုတင်အမိန့်ဖြင့် ထောင်အား နိုဝင်ဘာ ၁၆ ရက်မှ စတင်ပြီး အဆောင်အလိုက် စီးနင်းစစ်ဆေးမှုများ

မဲခေါင်၊ နိုဝင်ဘာ ၂၂

ထိုင်းနိုင်ငံ နာမည်ကြီး ဘန်ကောက် ရမန်ထောင်အတွင်း တရုတ်ရာဇဝတ်ဂိုဏ်းသားများသည် ငွေကြေး တတ်နိုင်သဖြင့် ထောင်တွင်းသူဌေးများသဖွယ် နေချင်သလို နေထိုင်နေကာ မိန်းကလေးများပင် ခေါ်ယူ လိင်ဆက်ဆံမှုများရှိနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ထောင်မှူး မာနော့ချွမ်ချန်းနှင့် ထောင်တာဝန်ရှိ သူ ၁၄ ယောက်အား ဖမ်းဆီးပြီး စစ်ဆေးနေပြီဖြစ်သည်။

အစောပိုင်းသတင်းများအရ တရုတ်ဒုစရိုက်အကျဉ်းသားများသည် အဆင့်မြင့်ဂျပန်လိင်ဝန်ဆောင်မှု ပေးသူ အမျိုးသမီးအား ထောင်တွင်းအထိ ခေါ်ယူပြီး လေအေးပေးစက်တပ်ထားသည့် မြေအောက် အချုပ်ခန်းအတွင်း အတူနေကာ လိင်ဆက်ဆံမှု ပြုကြောင်း သတင်းပေါက်ကြားပြီးနောက် တရားရေး ဝန်ကြီးကိုယ်တိုင် ထိုင်းဝန်ကြီးချုပ် အနုတင်အမိန့်ဖြင့် ထောင်အား နိုဝင်ဘာ ၁၆ ရက်မှ စတင်ပြီး အဆောင်အလိုက် စီးနင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ် အနုတင်က ယခုလို ရှက်စရာ ကောင်းလွန်းသော အကျင့်ပျက်မှုကြီးတွင် မည်မျှ ရာထူးကြီးနေပါစေ ကျူးလွန်သူတိုင်းကို ခွင့်မလွှတ် ဘဲ အရေးယူမည်ဖြစ်ကာ တရားရေးဝန်ကြီးက ဦးဆောင်တာဝန်ယူရမည်ဟု အစောပိုင်းကတည်းက ဒေါသတကြီး ပြောကြားသွားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်နေ့တွင် ရမန်ထောင် ဇုန် (၈) သို့ တရားရေးဝန်ကြီး ဒုတိယရဲမှူးချုပ် ရတ်သာပေါင်နာ အိုဝါရတ်ကိုယ်တိုင် ဦးဆောင်ပြီး စီးနင်းခဲ့ရာ ထောင်စောင့်များနေသည့် ထောင်တွင်းအခန်းအောက် မြေအောက်ခန်းထဲ ဇိမ်ခံလျှပ်စစ်ပစ္စည်းများ၊ လေအေးပေးစက်များ၊ တီဗီ၊ မီးခြစ်နှင့်အခြား ထောင်သား များ မသုံးဆောင်ရသည့် ဇိမ်ခံပစ္စည်းများစွာကို တွေ့ရသည့်အပြင် အအေးခန်းထဲ တရုတ်မော်ဒယ်မ လေး ၂ ဦးကို လိင်ကိစ္စ အသုံးတော်ခံရန် ခေါ်ထည့်ထားသည်ကိုပါ ပက်ပင်း ဖမ်းမိခဲ့သည်။

ယင်းရမန်ထောင် ဇုန် (၈) အဆောင်သည် အကျဉ်းသား ၉၀၀ ရှိပြီး တရုတ်မော်ဒယ်မ ၂ ဦးသည် ဧည့်သည် များဝင်ပေါက်မှ ဝင်ခြင်းမဟုတ်ဘဲ ထောင်စောင့် အခြံအရန်များဖြင့် ထောင်တွင်းသို့ အရာရှိ ဝင်ထွက်ခွင့်ကတ်ဖြင့်ဝင်ကာ မြေအောက် လေအေးပေးစက်တပ်ထားသည့် အခန်းအတွင်းသို့ ဝင်သွားခဲ့သည်ကို ဖျက်ထားသည့် CCTV မှတ်တမ်း များ ပြန်ဖော်ကြည့်ရာမှ မြင်တွေ့ခဲ့ရသည်။

ဒုရဲမှူးချုပ် ရတ်သာပေါင်က မိမိရဲဝန်ထမ်းဘ၀ နှစ်ပေါင်းများစွာအတွင်း ယခုလို ထောင်သားများ ထောင်တွင်း ဇိမ်ခံပြီး လိုချင်ရာ ရရှိနေသည်မျိုးကို မမြင်ဖူး၊ မကြားဖူးခဲ့ကြေင်း၊ တရားရေးစနစ်ကြီး တစ်ခုလုံးအတွက် အဆိုးရွားဆုံး အရှက်ကွဲခြင်းဖြစ်ကြောင်း၊ လက်ခံမရနိုင်သည့် အကျင့်ပျက်ခြစား မှုဖြစ်သောကြောင့် ဘန်ကောက်ရမန်ထောင်သာမက တစ်နိုင်ငံလုံးရှိ ထောင်များကိုပါ စီးနင်း စစ်ဆေး ရတော့မည်ဟု ပြောသွားခဲ့သည်။

ရမန်ထောင်မှူး မာနော့သည် ယခင်ကတည်းက မက္ကာအိုသို့ မကြာခဏသွားနေခဲ့သည်မှတ်တမ်းရှိသဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းသားများနှင့် ရင်းနှီးပတ်သက်မှုများ ရှိနေခြင်းမှ ယခုလို တရုတ်အကျဉ်းသား ၂၀၀ ကျော်ရှိသည့်ထောင်အတွင်း လုပ်ချင်ရာ လုပ်နေနိုင်ခြင်းဖြစ်မည်ဟုလည်း ထိုင်းသတင်းများက သုံးသပ် နေကြသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ဘန်ကောက်
#အကျဉ်းထောင်
#တရုတ်နိုင်ငံသား
#ထောင်မှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now