မဲခေါင်၊ နိုဝင်ဘာ ၂၂
နိုဝင်ဘာ ၁၉ ရက်၌ ရုရှားသမ္မတ ပူတင်သည် သိပ္ပံနည်းပညာပြပွဲတစ်ခုသို့ တက်ရောက်လာပြီး AI မောင်းနှင့် အကစက်ရုပ် မိတ်ဆက်ပြသမှုကို လေ့လာကြည့်ရှုစဉ်မှာပင် မဆီမဆိုင် ပရိသတ်လူပုံ အလယ် လူတစ်ယောက်သက်တမ်းသည် အသက် ၁၅၀ အထိ နေရလျှင်ပင် မလုံလောက်ဟု ဖွင့်ဟ ပြောကြားသွားခဲ့ပြန်သည်။
အသက် ၇၃ နှစ်ရှိပြီဖြစ်သော ပူတင်သည် နိုဝင်ဘာ ၁၈ ရက်ညမှာပင် ယူကရိန်းနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများရက်စက်စွာ လုပ်ဆောင်ခိုင်းသဖြင့် အနည်းဆုံး ၂၅ ယောက်သေဆုံးပြီး ၇၅ ယောက် ဒဏ်ရာရခဲ့သော်လည်း အကစက်ရုပ်ပြပွဲသို့ တက်လာစဉ်တွင် ဘော်ဒီဂတ်တစ်ယောက်က နျူကလီးယားခလုပ်များပါသည်ဟု ယူဆရသော လက်ကိုင်သေတ္တာကို ကိုင်ဆွဲလာသည်ကို တွေ့ရပြီး နောက်ထပ် ဘော်ဒီဂတ်တစ်ယောက်သည် အကစက်ရုပ် ဖောက်ပြန်ပြီး ပူတင်အား အန္တရာယ် ဖြစ်စေ မည်ကို စိုးရိမ်သဖြင့် ပူတင်နှင့်စက်ရုပ်ကြား ကာထားပြီး ခပ်ခွာခွာ နေစေခဲ့သည်ကိုလည်း မြင်တွေ့ရ သည်။
စက်ရုပ်နှင့် မိတ်ဆက်ပြီးနောက် ပူတင်က လူပုံအလယ်တွင် ယနေ့ခေတ် လူသားများ အသက် ၁၅၀ ကျော်အထိ နေထိုင်ရှင်သန်နိုင်ကြောင်း၊ အသက် ၁၅၀ နေခွင့်ရသည်က မလုံလောက်ကြောင်းပြော ဆိုကာ မသေသောသူအဖြစ် ရူးသွပ်ခြင်းကို ထပ်မံပြောဆိုသွားခဲ့သည်။
“အသက် ၁၅၀ ရောက်ဖို့ ဆိုတာက ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ငွေလိုပဲ ရှားတာတော့ အမြဲ ရှားနေမှာပဲ” ဟု ပြောသွားခဲ့သည်။
ပူတင်သည် စက်တင်ဘာလက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ရှီကျင့်ဖျင်၊ ကင်ဂျုံအန်တို့ နှင့်အတူရှိနေစဉ် ဇီ၀နည်းပညာများတိုးတက်ခြင်းက လူသားများကို လိုအပ်သည့် အင်္ဂါအစိတ်အပိုင်း များ လဲလှယ်နိုင်ခြင်းဖြင့် မသေဆုံးနိုင်သည့် လူသားများဘ၀ ရရှိနိုင်သည်ဟု အုပ်စုဖွဲ့ တစ်ယောက်နှင့် တစ်ယောက် ထောက်ခံ ပြောဆိုခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ပူတင်
#မသေဆေး
#စက်ရုပ်








