မဲခေါင်၊ နိုဝင်ဘာ ၁၃
အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးသော အစိုးရရပ်ဆိုင်းမှု (US Shutdown) အဆုံးသတ်စေရန် သမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၂ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးပေးလိုက်ပြီဖြစ်သည်။
ထရမ့်၏ ရီပါဘလစ်ကန်နှင့် မဟာပြိုင်ဘက် ဒီမိုကရက်တစ်ပါတီတို့အကြား နိုင်ငံရေးလွန်ဆွဲမှုအဖြစ် စွန့်စားမှုများသည့် အစိုးရ ရပ်ဆိုင်းမှုမှာ ၄၃ ရက်ကြာမြင့်သွားသဖြင့် အမေရိကန် သမိုင်း၌ အရှည်ကြာဆုံး US Shutdown ဖြစ်ခဲ့ကာ ထောင်ပေါင်းများစွာသော အစိုးရ အလုပ်သမားများ လစာမရဘဲ ကာလရှည်စောင့်ဆိုင်းရသည့် အဖြစ်များ ဖြစ်ပွားခဲ့သည်။
ရီပါဘလစ်ကန်အမတ်များပိုများသည့် အမေရိကန်အထက်လွှတ်တော်ထံ ဒီမိုကရက်တစ်များကြီးစိုးရာ အောက်လွှတ်တော်က ဒေါ်နယ်ထရမ့်ပိတ်လိုက်သည့် အစိုးရဌာများ၊ အေဂျင်စီများကို ပြန်လည်ဖွင့်လှစ် ပေးရန်တောင်းဆိုထားပြီး လာမည့်နှစ်ဘတ်ဂျက်အသုံးစားရိတ်ထုတ်ပြန်မှုကိုပါတီကြီး နှစ်ခုအကြား ညှိနှိုင်းမရသဖြင့် အစိုးရလုပ်ငန်းဆောင်တာများ ရပ်ဆိုင်းမှု ၄၃ ရက်ကြာ ကြာမြင့်သွားခြင်းဖြစ်သည်။
ထိုဘတ်ဂျက်သတ်မှတ်ရေးနှင့် လွှတ်တော်အကြား အားပြိုင်မှုကြောင့် Shutdown ကာလအတွင်း လစာမရဘဲ အလုပ်ဆင်းရသူ အစိုးရဝန်ထမ်းပေါင်း သောင်းချီရှိခဲ့ပြီး အလုပ်မှ ထွက်သွားသဖြင့် လုပ်ငန်း ယန္တရားများ ရပ်ဆိုင်းမှုများဖြင့် နိုင်ငံ အကျိုးစီးပွားများစွာသည်လည်း ထိခိုက်ခဲ့ရသည်။
ယခု ထရမ့်က နောက်နောင် ထိုသို့ နိုင်ငံနစ်နာစေမည့်အဖြစ်မျိုး ထပ်မဖြစ်စေရဟုဆိုကာ အစိုးရ Shutdown ရပ်တန့်ရန် လက်မှတ်ထိုးပေးလိုက်ခြင်းကြောင့် အလုပ်သမားပေါင်း ၆၇၀၀၀၀ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြတော့မည် ဖြစ်သည်။
ထိုသို့ လုပ်ငန်းခွင်မှ ကိုယ်တိုင်ထွက်သွားသော ဝန်ထမ်းများ ကြားကာလ အလုပ်မလုပ်သည့်ရက်များအတွက် လစာလျှော်ကြေးများ ရမည်မဟုတ်ဘဲ လေကြောင်းဆိုင်ရာ ထိန်းချုပ်ရေးနှင့် လုံခြုံရေးဝန်ထမ်း ၆၀၀၀၀၀ ကျော်လည်း ထိုအထဲပါဝင်မည် ဖြစ်သည်။
ထရမ့်က ဒီမိုကရက်များကြောင့်ဖြစ်ရသည့် US Shutdown သည် နိုင်ငံ စီးပွားရေးထိခိုက်မှုအဖြစ် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံထိခိုက်ရသည်ဟု စွပ်စွဲခဲ့သော်လည်း မှားယွင်းစွပ်စွဲမှုဖြစ်ကာ လွှတ်တော်ဘတ်ဂျက်ရုံးမှ ထုတ်ပြန်မှုအရ ဒေါ်လာ ၁၄ ဘီလီယံသာ နစ်နာဆုံးရှုံးရသည်ဟုလည်း အတည်ပြု ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: kyivpost
#MeKongNews
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ဘတ်ဂျက်
#အစိုးရယန္တယား








