နေ့စဥ်သတင်း

အမှု ၄ ခုမှ စိတ်ကြွဆေး ၁၃ သန်းကျော် ဖမ်းမိကြောင်း ချင်းမိုင်တွင် သတင်းစာရှင်းလင်း

မဲခေါင် 12 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၂ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်၌ ထိုင်းနိုင်ငံ ချင်းမိုင်ရှိ အမှတ် (၅) ခရိုင်ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ရက်ပိုင်းအတွင်း မူးယစ်ဆေး အမှု ၄ ခုတွင် စိတ်ကြွဆေး ၁၃ ဒသမ ၂ သန်း သိမ်းဆည်းရမိသလို သံသယတရားခံ ၁၀ ဦးပါ ဖမ်းဆီးရမိခဲ့သည်ဟု ခရိုင် ဒုရဲမှူးကြီး ကရစ်သာပွန်က ထုတ်ပြန်ပြောဆိုခဲ့သည်။ အမှုဖြစ်စဉ် (၁) မှာ လမ်းဖန်းခရိုင် ဆော့ပရပ်ရဲစခန်းမှ ဖမ်းဆီးရမိသော အမှုဖြစ်ပြီး ငွေရောင် တိုယိုတာစီဒင်ကားတစ်စီး ရတ်ချာဘူရီရပ်မှ ရာယောင်းသို့ ဦးတည်မောင်းနှင်လာစဉ် စစ်ဆေးရေး ဂိတ်၌ ရဲတပ်ဖွဲ့က တားဆီး စစ်ဆေးရာ

မဲခေါင်၊ နိုဝင်ဘာ ၁၂

နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်၌ ထိုင်းနိုင်ငံ ချင်းမိုင်ရှိ အမှတ် (၅) ခရိုင်ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ရက်ပိုင်းအတွင်း မူးယစ်ဆေး အမှု ၄ ခုတွင် စိတ်ကြွဆေး ၁၃ ဒသမ ၂ သန်း သိမ်းဆည်းရမိသလို သံသယတရားခံ ၁၀ ဦးပါ ဖမ်းဆီးရမိခဲ့သည်ဟု ခရိုင် ဒုရဲမှူးကြီး ကရစ်သာပွန်က ထုတ်ပြန်ပြောဆိုခဲ့သည်။

အမှုဖြစ်စဉ် (၁) မှာ လမ်းဖန်းခရိုင် ဆော့ပရပ်ရဲစခန်းမှ ဖမ်းဆီးရမိသော အမှုဖြစ်ပြီး ငွေရောင် တိုယိုတာစီဒင်ကားတစ်စီး ရတ်ချာဘူရီရပ်မှ ရာယောင်းသို့ ဦးတည်မောင်းနှင်လာစဉ် စစ်ဆေးရေး ဂိတ်၌ ရဲတပ်ဖွဲ့က တားဆီး စစ်ဆေးရာ စိတ်ကြွဆေး ၂၀၀၀၀၀ နှင့်အတူ ယာဉ်မောင်းစုံတွဲဖြစ်သော မစ္စတာရာချန်နှင့် မစ္စမာယုရာတို့ကို လက်လုပ်သေနတ်နှင့် ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ် (၂) မှာ ဒန်ချိုင်ခရိုင်၊ ဟွိုင်ရိုင်စစ်ဆေးရေးဂိတ်၌ ပတ်ချာဘန်းခရိုင် ကားနံပတ်ပြားနှင့် နစ်ဆန်းစီဒင်ကားတစ်စီး မောင်းလာစဉ် စစ်ဆေးမခံဘဲ လှည့်မောင်းပြေးရာမှ လိုက်ဖမ်းရာ ကားကို ၁ ကီလိုမီတာအကွာ၌ ထားပြီး ထွက်ပြေးသွားသဖြင့် တရားခံများလွတ်မြောက်ခဲ့သော်လည်း ကားအတွင်း စိတ်ကြွဆေးပြား ၆၉၈၀၀၀ သိမ်းဆည်းရမိကာ နောက်ပိုင်း ကားသမား ဂျီဒါအိုဆိုသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ချင်းရိုင်မှ ယာလာခရိုင်သို့ ပို့ဆောင်ခိုင်းသဖြင့် အခကြေးငွေယူကာ ပို့ဆောင် သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ် (၃) မှာ ချင်းရိုင်ခရိုင် ရင်မ်ခုတ်ခရိုင်ခွဲမှ ကုန်လှောင်ရုံတစ်ခုအတွင်း ဆိုဖာခုံများထဲ ဝှက် ထားသည့် စိတ်ကြွဆေးပြား ၁၀ သန်းကို ချင်းရိုင်ထောက်လှမ်းရေးအသင်းမှ ရှာဖွေဖော်ထုတ်ဖမ်းဆီး မိခြင်းဖြစ်ကာ အလုပ်သမား ၅ ယောက်ကို ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

အမှုဖြစ်စဉ် (၄) မှာ ထောက်လှမ်းရေးအသင်းမှ သတင်းကြိုတင်ရရှိသဖြင့် တိုယိုတာကားတစ်စီးအား စောင့်ဖမ်းရာ ရှေ့ပြေး တိုယိုတာကားနှင့်အတူ ချော့ချိုင်ဆိုသူနှင့် အဖီချက်ဆိုသူ နှစ်ဦးကို ချင်းမိုင်- လမ်ဖန်းအမြန်လမ်းပေါ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အသီးအနှံများကြားတွင် ကားထဲ စိတ်ကြွဆေး ၂၅၇၀၀၀ သယ်ဆောင်လာအား တွေ့ရှိရပြီး နယ်စပ်ဒေသမှ သယ်ယူပို့ဆောင်ပေးရန် ငှားရမ်းသဖြင့် သယ်ဆောင်ပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ချင်းမိုင်း မူးယစ်ဆေးကွန်ရက် ဖမ်းဆီးမှု သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
#MeKongNews
#ချင်းမိုင်
#စိတ်ကြွဆေးပြား
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now