နေ့စဥ်သတင်း

ပင်လောင်းတွင် အအေးဒဏ်ကြောင့် စစ်ရှောင်သက်ကြီးပိုင်းများ သေဆုံးမှုများလာ

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ စစ်ဘေးတိမ်းရှောင်နေရသော သက်ကြီးပိုင်းအဖိုးအဖွားများသည် အအေးဒဏ်မခံနိုင်ခြင်း၊ ရာသီတုပ်ကွေးဖြစ်ပွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သေဆုံးမှု များလာကြောင်း စစ်ရှောင်ကူညီသူများထံမှသိရသည်။ စစ်ရှောင်နေရသည့် ကာလအတွင်းတွင် နေစရာ အခက်အခဲရှိသည့်အတွက် မြေကြီးပေါ်အိပ်စက်ရခြင်း၊ အနွေးထည်၊ စောင်နှင့်အမိုးအကာပစ္စည်းများ အရေးပေါ်ဆေးဝါးများ မရှိခြင်းကြောင့် အဖိုးအဖွားတချို့လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပေါ်နေကြောင်းသိရသည်။ “ဒီပင်လောင်း – ဖယ်ခုံ နယ်စပ်ဆို PNO တွေကစစ်ကြောင်းထိုးလာတော့ စစ်ရှောင်တွေကတစ်နေရာပြီး တစ်နေရာရှောင်ရတယ်။ အခုကအေးတဲ့ရာသီလည်းဖြစ်တယ်၊ မနက်ခင်းလည်း မြူကျ၊နှင်းရည်တွေကျတော့ သက်ကြီးပိုင်းတွေကမခံနိုင်တော့ဘူး။ ဒီတစ်ပတ်အတွင်းဘဲတောင်စလုံးဖက်ပဲကို သေဆုံးတဲ့သက်ကြီးရွယ်အို စစ်ရှောင် ၃ယောက်ရှိတယ်။ သေရေးထက်နေရေးခက်တဲ့ အဖိုးအဖွားတို့ရဲ့ဘဝနေဝင်ချိန်မှာ လူသားဆန်စွာမရှင် သန်ခဲ့ရဘူး။ စိတ်လည်းမကောင်းဖြစ်ရတယ်” ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက

မဲခေါင်၊ နိုဝင်ဘာ ၁၁

စစ်ဘေးတိမ်းရှောင်နေရသော သက်ကြီးပိုင်းအဖိုးအဖွားများသည် အအေးဒဏ်မခံနိုင်ခြင်း၊ ရာသီတုပ်ကွေးဖြစ်ပွားခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သေဆုံးမှု များလာကြောင်း စစ်ရှောင်ကူညီသူများထံမှသိရသည်။

စစ်ရှောင်နေရသည့် ကာလအတွင်းတွင် နေစရာ အခက်အခဲရှိသည့်အတွက် မြေကြီးပေါ်အိပ်စက်ရခြင်း၊ အနွေးထည်၊ စောင်နှင့်အမိုးအကာပစ္စည်းများ အရေးပေါ်ဆေးဝါးများ မရှိခြင်းကြောင့် အဖိုးအဖွားတချို့လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပေါ်နေကြောင်းသိရသည်။

“ဒီပင်လောင်း – ဖယ်ခုံ နယ်စပ်ဆို PNO တွေကစစ်ကြောင်းထိုးလာတော့ စစ်ရှောင်တွေကတစ်နေရာပြီး တစ်နေရာရှောင်ရတယ်။ အခုကအေးတဲ့ရာသီလည်းဖြစ်တယ်၊ မနက်ခင်းလည်း မြူကျ၊နှင်းရည်တွေကျတော့ သက်ကြီးပိုင်းတွေကမခံနိုင်တော့ဘူး။ ဒီတစ်ပတ်အတွင်းဘဲတောင်စလုံးဖက်ပဲကို သေဆုံးတဲ့သက်ကြီးရွယ်အို စစ်ရှောင် ၃ယောက်ရှိတယ်။ သေရေးထက်နေရေးခက်တဲ့ အဖိုးအဖွားတို့ရဲ့ဘဝနေဝင်ချိန်မှာ လူသားဆန်စွာမရှင် သန်ခဲ့ရဘူး။ စိတ်လည်းမကောင်းဖြစ်ရတယ်” ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက မဲ‌ခေါင်သို့ ပြောသည်။

သက်ကြီးပိုင်းအဖိုးအဖွားများအပြင် ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစ လသားအရွယ်ကလေးငယ်များနှင့် ရောဂါအခံရှိသူများအတွက်ဆေးရုံ၊ ဆေးခန်းမသွားနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း တို့ကြောင့် ကျန်းမာရေး ချွတ်ယွင်းသူ ပိုများလာကြောင်း သိရသည်။

“ကျွန်မတို့က မိုးကာနဲ့ပဲဆိုတော့ နေပူရင်လူကို ပလပ်စတစ်နဲ့ထုပ်ထားသလိုပဲ။ ချမ်းတဲ့အခါလည်း ရေခဲသေတ္တာထဲ နေရသလိုပဲ အရမ်းချမ်းတယ်။ အရမ်းအေးလာတယ်၊ စောင်ကလည်းနည်းတော့ ညဖက်ဆိုအိပ်တောင်မပျော်တော့ဘူး၊ မီးပဲမွေးပြီးမီးလှုံရတာ။ တချို့ဆိုအအေးဒဏ် မခံနိုင်၊ မြေကြီးပေါ်လည်းအိပ်တော့လေဖြန်းသွားတာ၊ ပါစပ်းစောင်းသွားတာ၊ ခြေလက်မသန်တော့တာတို့ဖြစ်တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ်ပဲ ပြန်နေချင်ပါတယ်”ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိပြီး ဖယ်ခုံ – ပင်လောင်းနယ်စပ် တောတောင်ထဲနှင့် ဝါးလီ၊ သဲကုန်း၊ တောင်လေး၊ ထိဗိ၊ ပင်ခွန်၊ စင်းတောင်၊ ဆောင်းခါနှင့် နန်းထာစစ်ဘေးရှောင် စခန်းများတွင် အများဆုံးနေထိုင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ပင်လောင်းမြို့နယ်တွင် အအေးဒဏ်မခံနိုင်ခြင်းတို့ကြောင့် အသက် ၆၀ကျော် သက်ကြီးရွယ်အို၊ အဖိုးအဖွားသေဆုံးသူ ၂၀ ကျော်ရှိကြောင်း စစ်ရှောင်ကူညီသူထံမှသိရသည်။

#MeKongNews
#ရှမ်းတောင်
#ပင်လောင်း
#အအေးဒဏ်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now