မဲခေါင်၊ နိုဝင်ဘာ ၁၁
နိုဝင်ဘာ ၈ ရက်နေ့က ထိုင်းယမကာထိန်းချုပ်ရေး အက်ဥပဒေအဖြစ် ညည့်သန်းခေါင်မှ မနက် ၁၁ နာရီ အထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်၊ ဘီယာ ယမကာရောင်းချခြင်း၊ သောက်သုံးခြင်းကို ပိတ်ပင်လိုက်မှုအား ထိုင်းပြည်သူ့ပါတီ ဘန်ကောက်ကိုယ်စားပြု အမတ် တာအိုပီဖော့လင်ဂျစ်ရာခွန်းက ကန့်ကွက်လိုက်ကာ မိမိသည် ၂၄ နာရီ အရက်ရောင်းချမှုကို ထောက်ခံသူဖြစ်သည်ဟု ဝေဖန်ချက် ထုတ်ပြန်သွားခဲ့သည်။
ယမကာထိန်းချုပ်ရေး ဥပဒေသစ်တွင် အရက်သမားများ ထိုသတ်မှတ်ချိန်အတွင်း သောက်မိပါက ဘတ် ၁၀၀၀၀ ဒဏ်ရိုက်ခံရမည်ကို သဲကွဲစွာ မသိနိုင်ကြသေးသဖြင့် တာဝန်ရှိသူများက ထိုဥပဒေ အသက်ဝင် ပုံအား လူထုထံ ထဲထဲဝင်ဝင် အသိပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွန်းလွဲ ၂ နာရီမှ ၅ နာရီအတွင်း နိုင်ငံတကာလေဆိပ်များ၊ တရားဝင်လိုင်စင်ခွင့်ပြုချက်ရထားသည့် အခမ်းအနားပွဲများတွင် ရောင်းချ သောက်သုံးခွင့်ပြုသော်လည်း ဟိုတယ်၊ အရက်ဆိုင်နှင့်စားသောက်ဆိုင်များတွင် ရောင်းချသောက်သုံး ခွင့်မပြုခြင်းမှာ ရှုပ်ထွေးစေပြီး ပိတ်ပင်လျှင်လည်း အကုန်ပိတ်မှ အမြင်ရှင်းမည်ဖြစ်ကြောင်း၊ ယခုလို ထိန်းချုပ်ခြင်းက ထိရောက်နိုင်မှု အလွန်အားနည်းမည်ဖြစ်သည်မှာ သေချာသည်ဟု တာအိုပီဖော့က ထောက်ပြဝေဖန်သွားခဲ့သည်။
ယခုလို အချိန်ကန့်သတ်လိုက်ခြင်းကြောင့် အရက်သများများ အရက်ကို အမြန်ဆုံး အလောသုံးဆယ် သောက်ကြမည်ဖြစ်ရာ ရေဓာတ်ခန်းခြောက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အာရုံကြောစနစ် ထိန်းချုပ်မှု မညီမျှခြင်းများဖြစ်ပေါ်ပြီး ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ သဘာ၀မကျသော ထိန်းချုပ်ကန့် သတ်ခြင်းဖြင့် အကျိုးသက်ရောက်မှုမရှိနိုင်သည့် ဥပဒေဖြစ်သောကြောင့် မိမိတို့ ပြည်သူပါတီကမူ ၂၄ နာရီ အရက်ရောင်းချ သောက်သုံးနိုင်ခွင့်အား အခြားနိုင်ငံကြီးများကဲ့သို့ ခွင့်ပြုပေးခြင်းကို ထောက်ခံသည်ဟု တာအိုပီဖော့က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ယမကာသောက်သုံးခွင့်
#အရက်သမား
#တားမြစ်








