နေ့စဥ်သတင်း

ရွှေကုက္ကိုလ်ထူထောင်သူ ရထိုက်ဥက္ကဌ ရှာဇီးကျန့်အား တရုတ်သို့ ပြန်ပို့ရန်ဆုံးဖြတ်ချက် အတည်ပြု

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ ထိုင်းအယူခံတရားရုံးက အောက်ရုံးတော်တစ်ခုမှ ဆုံးဖြတ်သည့် ရှာဇီးကျန့်အား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်၌ ထောက်ခံ အတည်ပြုပေးလိုက်ပြီဖြစ်သည်။ ရှာဇီးကျန့်သည် ကရင်ပြည်နယ် ထိုင်းနှင့်နယ်စပ် ရွှေကုက္ကိုလ်၌ ရထိုက်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်တည်ဆောက်ခဲ့သော ခေါင်းဆောင်ဖြစ်ကာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အစိုးရက တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် တရုတ်အသုံးပြုသူများကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေး လိမ်လည်မှုများကျူးလွန်သူအဖြစ် စွပ်စွဲကာ အလိုရှိနေခဲ့သူဖြစ်သည်။ ၎င်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ပြီး တရုတ်၏ အဆိုအရ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)မှ အနီရောင်အဆင့် ရာဇဝတ်သားအဖြစ် ဖမ်း၀ရမ်းထုတ်ထားမှုကြောင့်

မဲခေါင်၊ နိုဝင်ဘာ ၁၁

ထိုင်းအယူခံတရားရုံးက အောက်ရုံးတော်တစ်ခုမှ ဆုံးဖြတ်သည့် ရှာဇီးကျန့်အား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်၌ ထောက်ခံ အတည်ပြုပေးလိုက်ပြီဖြစ်သည်။

ရှာဇီးကျန့်သည် ကရင်ပြည်နယ် ထိုင်းနှင့်နယ်စပ် ရွှေကုက္ကိုလ်၌ ရထိုက်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်တည်ဆောက်ခဲ့သော ခေါင်းဆောင်ဖြစ်ကာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အစိုးရက တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် တရုတ်အသုံးပြုသူများကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေး လိမ်လည်မှုများကျူးလွန်သူအဖြစ် စွပ်စွဲကာ အလိုရှိနေခဲ့သူဖြစ်သည်။

၎င်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ပြီး တရုတ်၏ အဆိုအရ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)မှ အနီရောင်အဆင့် ရာဇဝတ်သားအဖြစ် ဖမ်း၀ရမ်းထုတ်ထားမှုကြောင့် ဟု အကြောင်းပြချက်ပေးကာ ထောင်သွင်းအကျဉ်းချထားသည်မှာ ယခုထိပင်ဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ်ကို လုံခြုံရေးယူပေးနေသည့် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူ ဦးဆောင်သည့် BGF မိသားစုဝင်များသည် ကျေးဇူးရှင် ရှာဇီးကျန့် ဖမ်းခံထားရမှုမှ အမြန်ဆုံးလွတ်မြောက်စေရန် ရွှေကုက္ကိုလ်မြို့သစ်တွင် ဆုတောင်းပွဲပင် ကျင်းပခဲ့သေးပြီး ထိုပွဲ၌ ဗီဒီယို မှတ်တမ်းမှတစ်ဆင့် ရှာဇီးကျန့်က သူတည်ထောင်ထားသည့် ရွှေကုက္ကိုလ်မြို့သို့ မကြာမီ အရောက်ပြန်လာမည်ဟုပင် ပြောဆိုခဲ့သည့် ဗီဒီယို ပြသခဲ့သေးကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ထုတ်ဖော် ပြသသွားခဲ့သေးသည်။

ရှာဇီးကျန့်၏ ရှေ့နေများကမူ မိမိတို့အကျဉ်းသားသည် ထိုင်းထောင်အတွင်း တစ်ကိုယ်တည်း အထီးကျန်စွာ ပိတ်လှောင်ထားရှိခြင်း၊ ဒဏ်ရာများရသည်အထိ နှိပ်စက်ခြင်းများ ရှိကြောင်းနှင့် စွဲချက် များသည် ခိုင်လုံမှုမရှိသလို အနီရောင်ရာဇဝတ်သားအဖြစ် အင်တာပို ဖမ်း၀ရမ်းထုတ်သည်မှာလည်း တရုတ်အစိုးရကသာ ထုတ်သည့် ၀ရမ်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့သည့်အတွက် တရုတ်သို့ ပြန်လည်လွှဲအပ်မည်ဆိုလျှင် နိုင်ငံတကာဥပဒေ၊ လူသား အခွင့်အရေးကို ချိုးဖောက်ရာရောက်သလို ၂၀၀၈ ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံ ပြည်တော်ပြန်လွှဲအပ်ရေး အက် ဥပဒေ အခြေခံဥပဒေ ပုဒ်မ ၁၉ နှင့် ၂၁ တို့ ကိုချိုးဖောက်ခြင်းဖြစ်သည်ဟု အယူခံဝင်ထားကြသည်။

ထိုအခြေအနေတွင် ကမ္ဘောဒီးယားဘက်ကလည်း မိမိတို့နိုင်ငံသားပေးထားသည့် ရှာဇီးကျန့်အား မိမိတို့ ထံသာ ပြန်လွှဲအပ်ရန်တောင်းဆိုထားပြီး ရှုပ်ထွေးလွန်းနေသည့်အခြေအနေတွင် တရုတ်နှင့်ထိုင်းတို့ ၁၈၈၃ ခုနှစ်က သဘောတူချုပ်ဆိုထားသော စာချုပ်အရ ရှာဇီးကျန့်အား ယခု တရုတ်သို့ ပြန်လွှဲအပ် ရန်ဆုံးဖြတ်အပြီး ရက်ပေါင်း ၉၀ အတွင်း လွှဲပေးရတော့မည်ဟု ထိုင်းအယူခံတရားရုံးက ထုတ်ပြန် သွားခဲ့ခြင်းဖြစ်သည်။

ထိုင်းထောင်ထဲတွင် ကျခံနေရစဉ် ထူးခြားစွာဖြင့် ရှာဇီးကျန့်အား အယ်လ်ဂျာဇီးယားမီဒီယာမှ ဗီဒီယို အင်တာဗျူးလုပ်ခွင့်ရခဲ့ရာ၌ ရှာဇီးကျန့်က မိမိသည် တစ်ချိန်က တရုတ်အမျိုးသားလုံခြုံရေးဌာနမှ ထောက်လှမ်းရေးအေးဂျင့်အဖြစ် တာဝန်ထမ်းခဲ့ရကြောင်း၊ မိမိကို တရုတ်အစိုးရအကြီးအကဲများစွာက ခါးပတ်လမ်းစီမံကိန်းကြီးတွင် ကိုလိုနီချဲ့တွင်နိုင်သူတစ်ဦးဖြစ်စေရန် မြန်မာနယ်စပ် ရွှေကုက္ကိုလ်၌ ယခုလို စီမံကိန်းတစ်စိတ်တစ်ဒေသ၌ပါသော စီးပွားရေးမြို့တော် တည်ဆောက်ရန် ခိုင်းစေခဲ့ကြောင်း ပြောဆိုထားသည်။

၎င်းက နယ်ချဲ့သမားမလုပ်လိုဘဲ စီးပွားရေးသမားသာလုပ်လိုသောကြောင့် တရုတ်အစိုးရ ခိုင်းစေသည့် အလုပ်များကို မသိချင်ဆောင်ခဲ့ရာမှ မိမိအား မရမက ဖမ်းဆီးချင်နေခဲ့ပြီး မဟုတ်သည့် ပုဒ်မများတပ်ခဲ့ကြောင်း၊ ပထမတစ်ခေါက် တရုတ်ထောက်လှမ်းရေးအကြီးအကဲတစ်ဦးက အသက် အန္တရာယ်အာမခံချက်ပေးသည်ဟုဆိုကာ တရုတ်သို့ ခေါ်သွားပြီး အစိုးရအကြီးအကဲများနှင့် ပေးတွေ့ ကာ ခိုင်းစေသည်များကို ဆက်မလုပ်ချင်တော့သဖြင့် ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူပြီး ရွှေကုက္ကိုလ် ရထိုက်မြို့သစ်စီမံကိန်း၌ စိတ်နှစ်လုပ်ဆောင်ခဲ့ကြောင်း၊ မိမိကို ထိုင်းအစိုးရက ဖမ်းဆီးပြီး တရုတ်ထံသို့ လွှဲအပ်မည်ဆိုလျှင် သတ်ခံရမည်သာ သေချာကြောင်း ၂၀၂၄ ခုနှစ်အတွင်းက အယ်လ်ဂျာဇီးယားသို့ ရှာဇီးကျန့်မှ ဖွင့်ပြောသွားခဲ့သည်။

ကိုကလင်း
Ref: thaienquirer & Al Jazeera
#MeKongNews
#ရွှေကုက္ကိုလ်
#ကျားဖြန့်
#ရှာဇီးကျန့်
#တရုတ်နိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now