နေ့စဥ်သတင်း

ကျားဖြန့်စစ်ပွဲအနိုင်တိုက်ရန် ဝန်ကြီးဌာနနှင့် အေဂျင်စီ ၁၅ ခုဖြင့် ထိုင်းဝန်ကြီးချုပ် MOU လက်မှတ်ရေးထိုး

မဲခေါင် 8 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၈ ကမ္ဘာတွင် ကျားဖြန့်ဗဟိုချက်အဖြစ် နာမည်ပျက်နေမှုကြောင့် အမျိုးသားရေးကျားဖြန့်စစ်ပွဲ ကြေညာ ကြောင်းနှင့် နိုင်ငံအတွင်း ဝန်ကြီးဌာန ၆ ခု၊ အခြား အစိုးရနှင့်အရပ်ဘက် အေဂျင်စီအဖွဲ့အစည်း ၉ ခုတို့ နှင့်ပူးပေါင်းတိုက်ဖျက်သွားရန် MOU လက်မှတ်ရေးထိုးကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က နိုဝင်ဘာ ၆ ရက်၌ ထုတ်ပြန်သွားခဲ့သည်။ အစိုးရ ရုံးတွင် အဆိုပါ စာချုပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အနုတင်က ရှုံးမရသည့် စစ်ပွဲဟု ကြွေးကျော်ပြီး အထူးကြပ်မတ်ဆောင်ရွက်မည့် လမ်းစဉ် ၅ ရပ်ကိုလည်း ထုတ်ပြန်သွားခဲ့သည်။ ဥပဒေရေးရာတာဝန်ရှိသူများအပေါ် တင်းကြပ်သည့် စောင့်ကြည့်မှုလုပ်ဆောင်ကာ ပါဝင်ပတ်သက်သူ ရော လာဘ်ထိုးသူများကိုပါ ထိရောက်စွာဖော်ထုတ်အပြစ်ပေးရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို

မဲခေါင်၊ နိုဝင်ဘာ ၈

ကမ္ဘာတွင် ကျားဖြန့်ဗဟိုချက်အဖြစ် နာမည်ပျက်နေမှုကြောင့် အမျိုးသားရေးကျားဖြန့်စစ်ပွဲ ကြေညာ ကြောင်းနှင့် နိုင်ငံအတွင်း ဝန်ကြီးဌာန ၆ ခု၊ အခြား အစိုးရနှင့်အရပ်ဘက် အေဂျင်စီအဖွဲ့အစည်း ၉ ခုတို့ နှင့်ပူးပေါင်းတိုက်ဖျက်သွားရန် MOU လက်မှတ်ရေးထိုးကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က နိုဝင်ဘာ ၆ ရက်၌ ထုတ်ပြန်သွားခဲ့သည်။

အစိုးရ ရုံးတွင် အဆိုပါ စာချုပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အနုတင်က ရှုံးမရသည့် စစ်ပွဲဟု ကြွေးကျော်ပြီး အထူးကြပ်မတ်ဆောင်ရွက်မည့် လမ်းစဉ် ၅ ရပ်ကိုလည်း ထုတ်ပြန်သွားခဲ့သည်။

ဥပဒေရေးရာတာဝန်ရှိသူများအပေါ် တင်းကြပ်သည့် စောင့်ကြည့်မှုလုပ်ဆောင်ကာ ပါဝင်ပတ်သက်သူ ရော လာဘ်ထိုးသူများကိုပါ ထိရောက်စွာဖော်ထုတ်အပြစ်ပေးရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ချောမွေ့စေရေး ထောက်လှမ်းရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များအကြား သတင်းအချက်အလက်များ ဖလှယ်ရန်၊ ထိုင်းနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ ဒုစရိုက်မှုများအဖြစ် အသုံးချသူများ၏ ဘဏ္ဍာရေး လမ်းကြောင်းများပိတ်ဆို့ကာ ပိုင်ဆိုင်မှုများနှင့်တကွ သိမ်းဆည်းသွားရန်တို့ ပါဝင်သည်။

ယင်းအပြင် ဒုစရိုက်မှုခင်းများ မဖြစ်မီ ကတည်းက AI နည်းပညာသုံးပြီး ရာဇဝတ်ဆိုင်ရာ အမူအကျင့်များကို ရယူကာ ကြားဖြတ်တားဆီးရန် နှင့်ငွေကြေးစီးဆင်းမှုလမ်းကြောင်းများကို ခြေရာခံလိုက်ရန်၊ ပြည်သူများ ကျားဖြန့် အန္တရာယ် သတိရှိစေရေးနှင့် ဗဟုသုတများကြွယ်၀စေရေး Team Thailand အဖွဲ့ဖွဲ့စည်းကာ အသိပညာပေးမှု များလုပ်ဆောင်ရန် လမ်းစဉ် ၅ ရပ်ချမှတ်သည်ဟုလည်း အနုတင်က ပြောကြားသွားခဲ့သည်။

အနုတင်က ဆိုက်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့်လိမ်လည်မှုများသည် မိသားစုတစ်ခုတွင် တစ်ယောက်ခံစားရပါက ကျန်မိသားစုအားလုံး ကျပ်တည်းခက်ခဲစွာ ခံစားရစေပြီး နေ့စဉ် နိုင်ငံပေါင်းစုံ မှ လူသားများခံစားနေရကြောင်း၊ ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေခြင်းဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်ပါ အယုံအကြည် မဲ့လာစေကာ ထိပ်တန်း အမျိုးသားရေးရန်စွယ် ဖြစ်သည်ဟု အနုတင်က ဆက်လက်ပြောကြားသွားခဲ့သည်။

ကျားဖြန့်စစ်ပွဲ ပူးပေါင်းတိုက်ခိုက်သွားရေး MOU လက်မှတ်ရေးထိုးသည့် ၁၅ ဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်ပြည်သူ့ဌာန၊ စီးပွားကူးသန်းဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ တော်ဝင်ထိုင်းရဲတပ်ဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO)၊ အကျင့်ပျက်လာဘ်စားမှုကော်မရှင် အရပ်ဘက်ကဏ္ဍအဖွဲ့ (PACC)၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ ထိုင်းဗဟိုဘဏ်၊ ငွေချေးသက်သေခံလက်မှတ်နှင့် ငွေလဲလှယ်ရေးကော်မရှင် (SEC)၊ အမျိုးသား ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)၊ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းနှင့် နိုင်ငံတော်ဘဏ္ဍာရေးအဖွဲ့အစည်းများအသင်းတို့ဖြစ်သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#တိုက်ဖျက်
#နည်းပညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now