နေ့စဥ်သတင်း

အွန်လိုင်းလောင်းကစားကွန်ရက်မှ လာဘ်စားသည့် ထိုင်းရဲအရာရှိကြီး အယောက် ၃၀ ကျော်စာရင်းကို သက်သေများနှင့် တင်ပြ

မဲခေါင် 7 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၇ ထိုင်းနိုင်ငံ၏ နာမည်ကြီး ဒုရဲချုပ်ဟောင်း ဆူရာချိတ်ဟက်ခ်ပန်းကိုယ်တိုင် ထိုင်းအောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးကော်မတီထံသို့ မိမိတို့ ရဲတပ်ဖွဲ့ အရာရှိကြီးများ အယောက် ၃၀ ကျော်သည် တရားမဝင်အွန်လိုင်းလောင်းကစားကွန်ရက်များဆီမှ လာဘ်စားခဲ့ကြောင်း သက်သေအထောက်အထားများကို နိုဝင်ဘာ ၆ ရက်တွင် တင်သွင်းသွားခဲ့သည်။ ထိုင်းပြည်သူ့ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ နယ်စေပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အောက်လွှတ်တော်ကော်မတီ ဥက္ကဌ ရန်ဆီမန်ရုမ်း ထံသို့ ဟက်ခ်ပန်းက ယင်းလာဘ်စားခဲ့သည့် ရဲအရာရှိများ စာရင်းနှင့် သက်သေများကို တင်ပြပေးအပ်ခဲ့ခြင်းဖြစ်ကာ ရာထူးမှ ဖြုတ်ခံလိုက်ရသူဖြစ်သော်လည်း ပြည်သူတစ်ယောက်အခွင့်အရေးဖြင့် ယခုလို တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတင်ပြသည့် သက်သေများတွင် လောင်းကစားဝက်ဘ်ဆိုက်များမှ ထိုင်းရဲတပ်ဖွဲ့ အရာရှိများ၏

မဲခေါင်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံ၏ နာမည်ကြီး ဒုရဲချုပ်ဟောင်း ဆူရာချိတ်ဟက်ခ်ပန်းကိုယ်တိုင် ထိုင်းအောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးကော်မတီထံသို့ မိမိတို့ ရဲတပ်ဖွဲ့ အရာရှိကြီးများ အယောက် ၃၀ ကျော်သည် တရားမဝင်အွန်လိုင်းလောင်းကစားကွန်ရက်များဆီမှ လာဘ်စားခဲ့ကြောင်း သက်သေအထောက်အထားများကို နိုဝင်ဘာ ၆ ရက်တွင် တင်သွင်းသွားခဲ့သည်။

ထိုင်းပြည်သူ့ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ နယ်စေပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အောက်လွှတ်တော်ကော်မတီ ဥက္ကဌ ရန်ဆီမန်ရုမ်း ထံသို့ ဟက်ခ်ပန်းက ယင်းလာဘ်စားခဲ့သည့် ရဲအရာရှိများ စာရင်းနှင့် သက်သေများကို တင်ပြပေးအပ်ခဲ့ခြင်းဖြစ်ကာ ရာထူးမှ ဖြုတ်ခံလိုက်ရသူဖြစ်သော်လည်း ပြည်သူတစ်ယောက်အခွင့်အရေးဖြင့် ယခုလို တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်းတင်ပြသည့် သက်သေများတွင် လောင်းကစားဝက်ဘ်ဆိုက်များမှ ထိုင်းရဲတပ်ဖွဲ့ အရာရှိများ၏ ဘဏ်စာရင်းများထဲသို့ လာဘ်ထိုးငွေများစွာပေးပြီး နှုတ်ပိတ်စေခဲ့သည့် သက်သေများပါဝင်သည်။

၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက်ကတည်းက ယခုစာရင်းနှင့်သက်သေများကို ရဲချုပ် ကီထရတ်ဖန်ဖတ်ထံ တင်ပြခဲ့သေးသော်လည်း အရေးယူမှုမရှိသည့်အပြင် မိမိကိုယ်ပင် အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် လွှတ်တော်သို့ ယခုလို သက်သေများပေးပို့ရန် ဆုံးဖြတ်ခဲ့သည်ဟု ဟက်ခ်ပန်းက ဆိုသည်။

လာဘ်စားသည့် ရဲအရာရှိများထဲတွင် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့မှ အရာရှိ ကြီးများပင် ပါဝင်နေကာ ကနဦး T ဟုသာ အမည်တပ်ထားသော ရဲချုပ်တစ်ဦးဆီသို့ ဇနီးများ၊ ညီအစ်ကိုမောင်နှမများ ဘဏ်စာရင်းထဲသို့ လာဘ်ထိုးငွေများစွာ လွှဲပေးခဲ့သည့် သက်သေပါ ပါဝင်သည် ဟု ဟက်ခ်ပန်းက ဖောက်သည်ချခဲ့သည်။

ဟက်ခ်ပန်းသည် ရာဇဝတ်မှုဆိုင်ရာ အကြီးမားဆုံး အဖွဲ့အစည်းမှာ ရဲအဖွဲ့အစည်းသာဖြစ်သည်ဟု မိမိပြောဆိုခဲ့သည်မှာ မှန်သော်လည်း ရဲချုပ်ကီထရတ်က မိမိနှင့်ရဲတပ်ဖွဲ့မိသားဝင်များအားလုံးကို ရန်တိုက်ပေးပြီး ဆန့်ကျင်ရန် လှုံ့ဆော်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မိမိဆိုလိုသည့်အစစ်အမှန်မှာ အင်အား ၂၀၀၀၀၀ ရှိသော ထိုင်းရဲမိသားစုကြီးတစ်ခုလုံးကို မဆိုလိုဘဲ ဒုစရိုက်မှ လာဘ်ငွေများစွာရယူနေသော ရဲအနည်းစုကို ဆိုလိုခြင်းသာဖြစ်သည်ဟုပါ ဖွင့်ဟပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#အွန်လိုင်းလောင်းကစား
#ရဲတပ်ဖွဲ့
#လာဘ်စား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now