မဲခေါင်၊ နိုဝင်ဘာ ၅
နိုဝင်ဘာ ၂ ရက်ည ၈ နာရီဝန်းကျင်တွင် နိုင်မူအန်းခရိုင် ကာစီကွန်းဘဏ်ခွဲအဝင် မှန်တံခါးအား လူတစ်ယောက်ရိုက်ခွဲသည်ဆိုသဖြင့် ဖီမိုင်ရဲစခန်းမှ တာဝန်ရှိသူများ အနီးအနားရပ်ကွက်၌ သံတုတ်ကိုင်ထားသည် အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့သည်။
ရန်ကယိုင် ရပ်ကွက်တွင် နေထိုင်သူအဆိုပါ အမျိုးသားသည် အိမ်ရှေ့ဥပစာတွင် သံထုတ်ကိုင်ကာ လူမြင်ခံနေခဲ့ပြီး ဖမ်းဆီးမေးမြန်းရာ နာခွန်းရတ်ချာစီးမားနံပါတ်ပြားနှင့် ဆိုင်ကယ်ကို စီးလာပြီး ဘဏ်မှန်တံခါးများကို သံတုတ်ဖြင့် ရိုက်ခွဲခဲ့သူဖြစ်ကြောင်း သေချာ သိရှိခဲ့ရသည်။
ရဲတပ်ဖွဲ့မှ မေးမြန်စုံစမ်းစဉ် ယင်းထိုင်းအမျိုးသားက အကြွေးများ ထူလွန်းနေခဲ့ပြီး မည်သို့မျှ ပြန်မပေးနိုင်ဖြစ်နေသဖြင့် အပြင်တွင်မနေချင်တော့ဘဲ ထောင်ထဲသွားနေချင်သောကြောင့် ယခုလို ဘဏ်မှန်တံခါးများရိုက်ခွဲခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကာစီကွန်းဘဏ်
#အကြွေး
#ရဲတပ်ဖွဲ့








