နေ့စဥ်သတင်း

KK Park ကျားဖြန့်မှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁၅၉၈ ယောက် လက်ခံပြီးနောက် တာ့ခ်ခရိုင်မှ မှတ်ပုံတင်ခွင့်ပိတ်ပြီ

မဲခေါင် 4 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၄ ကရင်ပြည်နယ် မြ၀တီမြို့ရှိ KK Park ကျားဖြန့်ဝင်းအား စကစနှင့် BGF တို့ ရှင်းလင်းနေသဖြင့် ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁၅၉၈ ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ တာ့ခ်ခရိုင်တွင် မှတ်ပုံတင်ခဲ့ပြီးနောက် လက်ခံမှုအား နိုဝင်ဘာ ၂ ရက်မှ စတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ၂၀၂၅ နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် တာ့ခ်ခရိုင် လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှ ယခင်ရက်များက ရောက်ရှိလာသော KK Park မှ နိုင်ငံခြားသား အမျိုးသား ၁၃၃၃ ယောက်၊ အမျိုးသမီး ၂၆၅ ယောက်ကို မှတ်ပုံတင်ကာ စစ်ဆေးလက်ခံခဲ့ပြီး အများဆုံးမှာ

မဲခေါင်၊ နိုဝင်ဘာ ၄

ကရင်ပြည်နယ် မြ၀တီမြို့ရှိ KK Park ကျားဖြန့်ဝင်းအား စကစနှင့် BGF တို့ ရှင်းလင်းနေသဖြင့် ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁၅၉၈ ဦးကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ တာ့ခ်ခရိုင်တွင် မှတ်ပုံတင်ခဲ့ပြီးနောက် လက်ခံမှုအား နိုဝင်ဘာ ၂ ရက်မှ စတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

၂၀၂၅ နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် တာ့ခ်ခရိုင် လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှ ယခင်ရက်များက ရောက်ရှိလာသော KK Park မှ နိုင်ငံခြားသား အမျိုးသား ၁၃၃၃ ယောက်၊ အမျိုးသမီး ၂၆၅ ယောက်ကို မှတ်ပုံတင်ကာ စစ်ဆေးလက်ခံခဲ့ပြီး အများဆုံးမှာ အိန္ဒိယမှဖြစ်ကာ ၄၆၅ ဦး၊ ဖိလစ်ပိုင်မှ ၂၂၀ ဦး၊ တရုတ်မှ ၁၈၅ ဦး၊ ဗီယက်နမ်မှ ၁၅၁ ဦး၊ အီသီယိုးပီးယားမှ ၁၃၀ ဦးပါဝင်ကာ နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အတွင်း အိန္ဒိယလေတပ်က မဲဆောက်လေဆိပ်မှတစ်ဆင့် အိန္ဒိယသို့ ၃ သုတ်ခွဲကာ ပြန်လည်ခေါ်ဆောင်သွားမည်ဟု သိရသည်။

တစ်ဆက်တည်း နိုဝင်ဘာ ၃ ရက်ထုတ်ပြန်မှုအရ တာ့ခ်ခရိုင် နယ်စပ်ဖြတ်ကျော်ဂိတ် ၅ ခုဖြစ်သော သာဆောင်ယန်း၊ မဲ့ရမတ်၊ မဲဆောက်၊ ဖုပ်ဖရနှင့် အမ်ဖန်းနယ်မြေများမှ ထိုင်းနိုင်ငံအတွင်းသို့ ကျားဖြန့် သမားပြည်ပသားများ ထပ်မံဝင်ရောက်လာမှုကို နိုဝင်ဘာ ၂ ရက်နောက်ပိုင်း လက်ခံတော့မည်မဟုတ်ဘဲ မှတ်ပုံတင်ခြင်း ပိတ်လိုက်ပြီဖြစ်ကာ ဝင်လာသူများသည် တရားမဝင်နိုင်ငံတွင်း ခိုးဝင်သူများအဖြစ် ဥပဒေအရ အရေးယူခံရမည်ဖြစ်သော ရဲမှုခင်းရေးရာနှင့် သက်ဆိုင်သူများဖြစ်မည်ဟု တာ့ခ်ခရိုင် လူဝန်မှုကြီး ကြပ်ရေးအဖွဲ့က ထုတ်ပြန်အသိပေးခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#မြဝတီ
#မဲဆောက်
#စောချစ်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now