မဲခေါင်၊ နိုဝင်ဘာ ၄
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ အိမ်ရှင်လုပ်ပြီး ၄၃ ကြိမ်မြောက် အာဆီယံရဲချုပ်များအစည်းအဝေး (ASEANAPOL) ကို ဘန်ကောက်တွင် နိုဝင်ဘာ ၃ ရက်မှ စတင်ကာ အာဆီယံ ၁၀ နိုင်ငံမှ ရဲတပ်ဖွဲ့ အကြီးအကဲများနှင့် စတင်ကျင်းပကာ အဓိကအားဖြင့် ကျားဖြန့်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု များအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုအစည်းအဝေးသည် နိုဝင်ဘာ ၇ ရက်အထိ ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ ပူးပေါင်းတိုက်ဖျက် ရေး၊ ကျားဖြန့်များအား ချေမှုန်းရေးနှင့်အနှောက်အယှက်ပေးရေး၊ ပြည်သူများကို ကာကွယ်ပေးနိုင်ရေး ဆိုသည့် ခေါင်းစဉ်အောက်တွင် ကျင်းပနေခြင်းဖြစ်သည်။
ထိုင်းကိုယ်စားပြုများအဖြစ် ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ရဲချုပ်လည်းဖြစ်သော အနုတင်နှင့် တော်ဝင်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ကီထရက်ဖန်ဖတ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်သည်။
ယင်းအစည်းအဝေးသို့ စီနီယာ ရဲအရာရှိကြီးများ၊ ပေါင်းစပ်ညှိနှိုင်းရေးလက်တွဲဖော်များ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများစုစုပေါင်း ၂၈၀ ကျော် တက်ရောက်သည်ဟု သိရှိရသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#ဘန်ကောက်
#အာဆီယံ
#ရဲချုပ်








