မဲခေါင်၊ နိုဝင်ဘာ ၁
စင်ကာပူနိုင်ငံ ပြည်ပလိမ်လည်မှုများထဲ အကြီးမားဆုံး လိမ်လည်မှုတစ်ခုဖြစ်သော ကျားဖြန့်ကွန်ရက် ကို ဖမ်းဆီးရန် ၃၄ ယောက်အား ဖမ်း၀ရမ်းထုတ်ခဲ့ရာ မလေးရှားနိုင်ငံသား ၇ ယောက်ပါဝင်နေသဖြင့် နိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် ထို ၇ ဦးအား ဖမ်းမိနိုင်ရေး မလေးရှားအစိုးရကပါ ဖမ်း၀ရမ်း ထုတ်ပြန်ခဲ့သည်။
ယင်းကျားဖြန့်ကွန်ရက်သည် ဖိလစ်ပိုင်နိုင်ငံ ဖနွမ်ပင်ကျားဖြန့်ကွန်ရက်နှင့် ပူးပေါင်းကာ ရာနှင့်ချီသော လူများထံမှ စင်ကာပူဒေါ်လာ ၄၁ သန်း (အမေရိကန်ဒေါ်လာ သန်း ၃၀) ကို လိမ်လည်ရယူခဲ့သူများ ဖြစ်သည်။
စင်ကာပူထုတ်ပြန်လိုက်သော ဖမ်း၀ရမ်းတွင် မလေးရှားနိုင်ငံသား ၇ ယောက်နှင့် စင်ကာပူနိုင်ငံသား ၂၇ ယောက်ပါဝင်ခဲ့သည်။
ထို့ကြောင့် မလေးရှားရဲတပ်ဖွဲ့က အရှေ့တောင်အာရှနိုင်ငံများတွင် အလွန်ဆိုးရွားလာနေသော ကျားဖြန့် ကွန်ရက်များကို စင်ကာပူနှင့်ပူးပေါင်းတိုက်ဖျက်နိုင်ရေး အမှုတွဲ၌ ပါဝင်သည့် မလေးရှားကျားဖြန့် ရာဇဝတ်သား ၇ ဦးကို ဖမ်း၀ရမ်း ထပ်မံ ထုတ်လိုက်ခြင်းဖြစ်သည်။
ကိုကလင်း
Ref:Khaosod
#ကျားဖြန့်
#စင်ကာပူ
#မလေးရှား
#အရှေ့တောင်အာရှ








