မဲခေါင်၊ နိုဝင်ဘာ ၁
အောက်တိုဘာ ၃၁ ရက်က ဖွေထိုင်းပါတီခေါင်းဆောင်သစ်ရွေးချယ်ပွဲနှင့် အမှုဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးအခမ်းအနားကျင်းပခဲ့ရာ ချင်းမိုင်လွှတ်တော်အမတ်၊ ဘဏ္ဍာရေးဒုဝန်ကြီးဟောင်း ဂျူလာပန်အမွန်ဗီဗတ်သည် ၃၅၄ မဲရရှိပြီး ဖွေထိုင်းပါတီ ခေါင်းဆောင်သစ်ဖြစ်လာခဲ့သည်။
ဖွေထိုင်းပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ခွင့်ရခဲ့သလို ဝန်ကြီးချုပ်တင်မြှောက်ခွင့်လည်း ရခဲ့သော်လည်း ပါတီထူထောင်သူ သက်ဆင်၏ သမီးငယ် ပေထောင်တန်မှာ ဝန်ကြီးချုပ်ဖြစ် လာပြီးနောက် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့် ပုဂ္ဂိုလ်ရေးဆွေးနွေးပြောဆိုမှု၌ နိုင်ငံ ဂုဏ်သိက္ခာကျဆင်းကာ ထိုစကားပြောဆိုမှု လူသိရှင်ကြားပေါက်ကြားသဖြင့် ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး အစိုးရပါ ပြုတ်ကျခဲ့သည်။
ထို့ကြောင့် ပေထောင်တန်သည် လာမည့်ရွေးကောက်ပွဲ အသစ်အတွက် ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်ပြီး ယခုလို ခေါင်းဆောင်သစ်နှင့် အမှုဆောင်ကော် မတီပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ သာရှိသေးသည်ပါတီခေါင်းဆောင်သစ်ဖြစ်လာသူ ဂျူလာပန်သည် ၎င်းတို့ပါတီမှ ဝါရင့်သက်ကြီးနိုင်ငံရေးသမားကြီးများနှင့် မျိုးဆက်သစ်များအကြား မတူညီသည့် မျိုးဆက်နှစ်ခုပေါင်းကူးပေးမည်သူအဖြစ် ယုံကြည်သောကြောင့် ခေါင်းဆောင်သစ် အဖြစ် မဲပေးတင်မြှောက်ကြခြင်းဖြစ်သည်ဟုလည်း ဖွေထိုင်းပါတီက ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဖွေထိုင်းပါတီ
#ချင်းမိုင်
#သက်ဆင်








