နေ့စဥ်သတင်း

ရွာငံတွင် ရွာလူကြီးတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦး ရှင်းလင်းခံရ

မဲခေါင် 31 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၃၁ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ထိုင် ၂ ဦး ရှင်းလင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်တစ်စုက ရွာငံမြို့နယ်၊ကျောက်ပိဇတ် ကျေးရွာလူကြီး ဦးတင့်ဝေနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ညီထွဋ်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ရွာလူထုကတော့ PDF လို့ ပြောတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိရဘူး။ စစ်တပ်က အခု နယ်မြေရှင်း တောနင်းနေတယ်” ဟု ရွာငံ ဒေသခံတစ်ဦးက ပြောသည်။ ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မဲခေါင်မှ စုံစမ်းရာ လက်ရှိအခြေအနေတွင် စစ်ကောင်စီ၏

မဲခေါင်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ထိုင် ၂ ဦး ရှင်းလင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်တစ်စုက ရွာငံမြို့နယ်၊ကျောက်ပိဇတ် ကျေးရွာလူကြီး ဦးတင့်ဝေနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ညီထွဋ်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရွာလူထုကတော့ PDF လို့ ပြောတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိရဘူး။ စစ်တပ်က အခု နယ်မြေရှင်း တောနင်းနေတယ်” ဟု ရွာငံ ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မဲခေါင်မှ စုံစမ်းရာ လက်ရှိအခြေအနေတွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အားပေးကူညီနေသည့် ထောက်တိုင်များကို ရှင်းလင်းသည်များ ရှိနေကြောင်း ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။

“နယ်မြေအကြပ်တည်းကြောင့် ဘယ်အဖွဲ့မှမထုတ်ပြန်ကြဘူးဗျ။ (ရှင်းလင်းခံရသူတွေက) အတုအယောင်ရွေးကောက်ပွဲကို ကူညီနေတဲ့သူတွေပါ” ဟု ၎င်းက ပြောသည်။

ယခုကာလအတွင် ထောက်တိုင်ဖြုတ်သည်များ၊ ပြောက်ကျားစစ်ဆင်မှုများကို မြင်တွေ့ရနိုင်ပြီး စစ်တပ်ကလည်း အရင်နှင့်မတူဘဲ အသေအချာ ပိတ်ဆို့ထားသော်လည်း တော်လှန်ရေးလှုပ်ရှားမှုများ စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်ကလည်း ရွာငံမြို့နယ်၊ ကျန်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘမွှေးနှင့် မြသိန်းတန်ကျေးရွာနေ ပြည်သူ့စစ် ဦးမျိုးကျော် (ခ) အမောင်တို့ အသတ်ခံခဲ့ရသေးသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းကလည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူတို့ကို လက်နက်ကိုင်လူတစ်စုက နေအိမ်အတွင်းထိ သေနတ်နှင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

#MeKongNews
#ရွာငံ
#စစ်ကောင်စီ
#ပြည်သူ့စစ်
#တော်လှန်ရေး
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now