ကမ္ဘာ့သတင်း

တရုတ်မှ မြေရှားတင်ပို့မှု အကန့်အသတ်ကို တစ်နှစ်ပြန်ဖွင့်ပေးပြီး ဒေါ်နယ်ထရမ့်ဘက်မှ သွင်းကုန် အခွန်ကို ၅၇ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းသို့ လျှော့ချပေး

မဲခေါင် 31 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၃၁ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် စတင်ကျင်းပနေသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးတွင် အောက်တိုဘာ ၃၀ ရက်မနက်က ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်နှင့်တရုတ်ခေါင်းဆောင် ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ၁ နာရီ ၄၅ မိနစ်ကြာ မျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးပြီးနောက် အောင်မြင်အကျိုးဖြစ်ထွန်းမှုသည် ၁၂ ဆင့်တွင် ၁၀ ဆင့် အောင်မြင် သလောက်ရှိခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ နောက်ဆုံးပေါ် စစ်လက်နက်များနှင့် နည်းပညာကဏ္ဍတွင် မရှိမဖြစ်သော မြေရှားသတ္တုကို တရုတ်က ကမ္ဘာစျေးကွက်၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားရာ မကြာသေးမီက ရှီကျင့်ဖျင် သည်

မဲခေါင်၊ အောက်တိုဘာ ၃၁

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် စတင်ကျင်းပနေသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးတွင် အောက်တိုဘာ ၃၀ ရက်မနက်က ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်နှင့်တရုတ်ခေါင်းဆောင် ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ၁ နာရီ ၄၅ မိနစ်ကြာ မျက်နှာချင်း ဆိုင်တွေ့ဆုံဆွေးနွေးပြီးနောက် အောင်မြင်အကျိုးဖြစ်ထွန်းမှုသည် ၁၂ ဆင့်တွင် ၁၀ ဆင့် အောင်မြင် သလောက်ရှိခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ နောက်ဆုံးပေါ် စစ်လက်နက်များနှင့် နည်းပညာကဏ္ဍတွင် မရှိမဖြစ်သော မြေရှားသတ္တုကို တရုတ်က ကမ္ဘာစျေးကွက်၏ ၇၀ မှ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားရာ မကြာသေးမီက ရှီကျင့်ဖျင် သည် ပြည်ပသို့ မြေရှားပါဝင်သည့် ဓာတ်သတ္တုများတင်ပို့မှုအား တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်မှုများ လုပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ယင်းအနေအထားကြောင့် ဒေါ်နယ်ထရမ့်က ကမ္ဘာ့စျေးကွက်ကို စိုးမိုးဗိုလ်ကျခြင်း၊ မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်ဟုဆိုကာ တရုတ်အား သွင်းကုန်အခွန် ၅၇ ရာခိုင်နှုန်းချမှတ်ထားသည့်ကြားမှ နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး နောက်ထပ် သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်း ထပ်တိုးချမှတ်မည်ဟု ထုတ်ပြန်ကာ ကုန်သွယ်ရေးစစ်ပွဲအသွင် တင်းမားမှုမြင့်တက်လာခဲ့သည်။

ထရမ့်သည် ယခုခရီးစဉ်မတိုင်မီ အာဆီယံအစည်းအဝေးသို့တက်ရောက်စဉ်တွင် ထိုင်း၊မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများ၌ မြေရှားသတ္တုထုတ်လုပ်ရန် MOU စာချုပ်များ ချုပ်ဆိုသွားခဲ့ပြီး တရုတ်ကို တန်ပြန် ရန် ကြိုးစားခဲ့သေးကာ ယခုတွေ့ဆုံမှုတွင် တရုတ်ဘက်မှ မြေရှားတင်ပို့မှု ပိတ်ပင်ကန့်သတ်မှုအား အမေရိကန်အား မသက်ရောက်စေဘဲ ၁ နှစ်ပြန်လည်တင်သွင်းခွင့်ပြုသည်ဟု ရှီကျင့်ဖျင်ဘက်မှ သဘောတူပေးခဲ့သလို ထရမ့်ဘက်မှလည်း လက်ရှိ သွင်းကုန်ခွန် ၅၇ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု ညှိနှိုင်းခဲ့မှုများ အောင်မြင်ခဲ့သည်ဟု ထရမ့်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုတွင် တရုတ်သည် အမေရိကန်သို့ မူးယစ်ဆေးဝါးတင်သွင်းနေမှုအား ၁၀ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့သဖြင့် ကျေနပ်ရကြောင်း၊ သို့သော် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ ငြိမ်းချမ်းရေး ရရှိရန်တွင်မူ တရုတ်သည် အိမ်နီးချင်းဖြစ်ပါလျှက် မည်သည့် ပါဝင်မှုမျိုးမှ မလုပ်ခဲ့ဟု ပြောင်ပြောင် တင်းတင်းပြောဆိုခဲ့သေးသည်။

ထိုပြောဆိုမှုကို ရှီကျင့်ဖျင်က မိမိတို့ ထရမ့်၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအားလုံးအား လေးစားရပြီး ထိုင်းနှင့်ကမ္ဘောဒီးယား ငြိမ်းချမ်းရေးရရှိရေ ကိုယ့်နည်းကိုယ့်လမ်း ဖြင့် ဝင်ရောက် အားဖြည့်ခဲ့ခြင်းများရှိခဲ့သည်ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ဘူဆန် APEC ညီလာခံတွင် ဒေါ်နယ်ထရမ့်သည် မဟာမိတ်တောင်ကိုရီးယားနိုင်ငံ နျူကလီးယားရေငုပ် သင်္ဘောတည်ဆောက်ရေးအတွက် ခွင့်ပြုပေးလိုက်ကြောင်းလည်း အတည်ပြုထုတ်ပြန်သွားခဲ့သည်။

ယင်းနျူကလီးယားရေငုပ်သင်္ဘောကို ဖီလာဒဲဖီးယားဆိပ်ကမ်းတွင် တည်ဆောက်မည်ဖြစ်ကာ တောင်ကိုရီးယားဘက်မှ ရင်းနှီးမြှုင်္ပနှံမှုများအတွက် အကူအညီဖြည့်ပြီး အကောင်အထည်ပေါ်စေမည် ဟု ထရမ့်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ကိုကလင်း
Ref: yenisafak
#MeKongNews
#ရှီကျင်းဖျင်
#တရုတ်
#အမေရိကန်
#မြေရှားသတ္တု
#တောင်ကိုရီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now