မဲခေါင်၊ အောက်တိုဘာ ၃၀
တောင်ကိုရီးယားတွင် ကျင်းပမည့် APEC ညီလာခံ၌ အောက်တိုဘာ ၃၀ ရက်တွင် တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့်တွေ့ဆုံဖွယ်ရှိနေသဖြင့် အောက်တိုဘာ ၂၉ ရက်တွင် ဒေါ်နယ်ထရမ့် တောင်ကိုရီးယားသို့ ရောက် လာမည်ဖြစ်ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ထရမ့်ရောက်မလာမီ နာရီပိုင်းသာလိုသော အောက်တိုဘာ ၂၈ ရက်နှောင်းပိုင်း၌ အနောက်ပင်လယ်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ် ခဲ့သည်။
ယင်းဒုံးကျည်သည် သင်္ဘောပေါ်မှ မြေပြင်သို့ ပစ်ခတ်နိုင်စွမ်းရှိသည့် ဒုံးအမျိုးအစားဖြစ်ကာ ၇၈၀၀ စက္ကန့်ကြာ ပျံဝဲပြီးနောက် ပစ်မှတ်ကို ကွက်တိ ထိမှန်စေရန် အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း နှင့် မိမိတို့၏ ပြင်ဆင်မှုများသည် နျူကလီးယားစစ်ပွဲအတွက် ကာကွယ်ရေးလေ့ကျင့်မှု အစီအစဉ်များ သာဖြစ်သည်ဟု ကင်ဂျုံအန်က ထုတ်ပြန်သွားခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားနိုင်ငံ၌ ကျင်းပသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဂျပန်သို့ ဆက်လက်ထွက်ခွာကာ ယခု တောင်ကိုရီးယားသို့ သွားရောက်နေပြီ ဖြစ်ကာ ရှီကျင့်ဖျင်နှင့်တွေ့ဆုံရန် ရှိသလို ပြီးခဲ့သည့် သီတင်းပတ်ကုန်ကတည်းက ထိုခရီးစဉ်တွင် တောင်နှင့်မြောက်ကိုရီးယား ၂ နိုင်ငံကြား စစ်မဲ့ဇုန်၌ ကင်ဂျုံအန်နှင့်တွေ့ဆုံရန် ဖိတ်ခေါ်ထားသေးသည်။
သို့သော် ကင်ဂျုံအန်ဘက်မှ ယခုအထိ ထရမ့်၏ ကမ်းလှမ်းမှုအား မည်သည့် တုံ့ပြန်မှုမှ မလုပ်သေးဘဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဖြင့်သာ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ထရမ့်နှင့် ကင်ဂျုံအန်တို့သည် ၂၀၁၉ ခုနှစ်က တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#တောင်ကိုရီးယား
#မြောက်ကိုရီးယား
#ဒေါ်နယ်ထရမ့်
#ကင်ဂျုံအန်
#နျူကလီးယား








