နေ့စဥ်သတင်း

လားရှိူးယာဥ်ထိန်းရဲမှူး မျိုးထိုက် မူးယစ်ဆေးသုံးပြီး လိုင်းခန်းတွင် သေနတ် ၆ ချက် ပစ်ဖောက်

မဲခေါင် 29 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် လားရှိူးမြို့တာဝန်ကျ ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ကုန်တင်ယာဥ်နှင့် လိုင်စင်မဲ့ကားများအပေါ် ငွေတောင်းကြမ်းနေပြီး မူးယစ်ဆေးဝါးသုံးစွဲကာ သေနတ်တကားကားဖြင့်ရမ်းကားနေကြောင်း ဒေသခံတစ်များက မဲခေါင်သို့ ပြောသည်။ ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့​ကြောင်း၊ ယင်းကိစ္စကြောင့် လားရှိုး ပြည်နယ်ရဲမှူးကိုယ်တိုင် မျိုးထိုက်ကို အချုပ်ထဲ ထည့်ခဲ့သော်လည်း ညတွင်းချင်း အချုပ်ထဲမှ ပြန်လွတ်လာခဲ့သလို ၎င်းကိစ္စအား အထက်ဌာနသို့ ဆက်လက်တင်ပြခြင်း၊ အမှု့ဖွင့်အရေးယူခံခဲ့ရခြင်း မရှိခဲ့ကြောင်း

မဲခေါင်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီထိန်းချုပ်သည့် လားရှိူးမြို့တာဝန်ကျ ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ကုန်တင်ယာဥ်နှင့် လိုင်စင်မဲ့ကားများအပေါ် ငွေတောင်းကြမ်းနေပြီး မူးယစ်ဆေးဝါးသုံးစွဲကာ သေနတ်တကားကားဖြင့်ရမ်းကားနေကြောင်း ဒေသခံတစ်များက မဲခေါင်သို့ ပြောသည်။

ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့​ကြောင်း၊ ယင်းကိစ္စကြောင့် လားရှိုး ပြည်နယ်ရဲမှူးကိုယ်တိုင် မျိုးထိုက်ကို အချုပ်ထဲ ထည့်ခဲ့သော်လည်း ညတွင်းချင်း အချုပ်ထဲမှ ပြန်လွတ်လာခဲ့သလို ၎င်းကိစ္စအား အထက်ဌာနသို့ ဆက်လက်တင်ပြခြင်း၊ အမှု့ဖွင့်အရေးယူခံခဲ့ရခြင်း မရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူက အထက်ကိုဂါနိုင်တယ်ဆိုပြီး သောင်းကြမ်းနေတာ။ ဆေးလဲစွဲနေပြီ။ အဆိုးဆုံးတော့ မူးလာရင် သေနတ်တကားကားနဲ့ လူမိုက်စကားပြောပြီး ခြိမ်းခြောက်တာဘဲ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

၎င်းသည် လားရှိုးမြို့ကို ဖြတ်သွားသည့် မူဆယ်မှ အကောက်ခွန်မဲ့ကုန်စုံ ကားများထံမှ ၁၂ ဘီး တစ်စီး လျှင်ကျပ် ၃ သိန်း၊ ၆ ဘီး တစ်စီးလျှင် ၂ သိန်းကျပ် ရယူလာဘ်စားလျက်ရှိပြီး ၎င်း၏ တပည့်ဖြစ်သူ စကားပြောစက်နာမည် ရည်မှန်းမှတဆင့် ရယူနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည် အတည်ပြုသည်။

ယင်းအပြင် ယာဥ်တိုက်မှုများကို အမှုမဖွင့်ဘဲ အလှည့်ကျ တာဝန်မှူးများက ​ယာဥ်မောင်းများဆီထံ လာဘ်ငွေတောင်းခံကာ လွှတ်ပေးပြီး ယင်းလာဘ်ငွေ၏ ၄ ပုံ ၁ ပုံ ကို ယာဉ်ထိန်းရဲမှူးမျိုးထိုက်ကို ပေးရကြေင်း ယင်းက ဆိုသည်။

လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ​ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်း​ဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းယာဉ်ထိန်းရဲမှူးသည် လားရှိုးမြို့တွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လကတည်းက လားရှိုးမြို့သို့ ရောက်လာသူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့ကို သိမ်းပိုက်ထားချိန်တွင် အခြားမြို့၌ သွားရောက်နေထိုင်ပြီး ယခု စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့်အခါ ပြန်ရောက်လာခြင်းဖြစ်သည်။

လားရှိုးမြို့သည် စစ်ကောင်စီထိန်းချုပ်နေသော်လည်း နေ့စဥ်လို မူးယစ်မှု၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု များဖြင့်ရာဇဝတ်မှုများ ထူပြောနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းကပင် လူ၃ဦးသေဆုံးသည်အထိ ဆေးကြောင်နေသူတစ်ဦး၏ ယာဥ်တိုက်မှုဖြစ်ပွားခဲ့သေးသည်။

#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#လာဘ်စား
#မျိုးထိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now