နေ့စဥ်သတင်း

KK Park မှ ထိုင်းသို့ခိုဝင်လာသည့် ကျားဖြန့်သမား ၁၀၀၀ ကျော်ထဲ လာအိုရွှေတြိဂံနယ်ထဲမှ တရုတ်ဒုစရိုက်ခေါင်းဆောင် ဇောင်ဝေ (Zhao Wei) ပါဝင်ဖွယ်ရှိ

မဲခေါင် 28 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၈ အောက်တိုဘာ ၂၆ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KK Park ကျားဖြန့်ဝင်းအတွင်းမှ ထိုင်းဘက်သို့ ထွက်ပြေးလာသည့် ၂၈ နိုင်ငံမှ ၁၂၄၃ ယောက်သော လူများထဲတွင် ယင်းဒုစရိုက်ရပ်ဝန်း၏ ခေါင်းဆောင်ကြီးဖြစ်သော တရုတ်နိုင်ငံသား ဇောင်ဝေ (Zhao Wei) ပါဝင်ဖွယ်ရှိသည်ဟု ထိုင်း The Nation မီဒီယာက ဖော်ပြသွားခဲ့သည်။ KK Park ကျားဖြန့်ဝင်းကြီးအား မြန်မာစစ်ကောင်စီမှ ချေမှုန်းနေသည်ဟု ထုတ်ပြန်ကာ ထိုဒေသအား ထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် BGF များနှင့်ပေါင်းကာ ၃၊ ၄ ည ဆက်တိုက် အဆောက်အအုံအတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ကာ ကျားဖြန့်လုပ်သားများနှင့် ဂိုဏ်းခေါင်းဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၈

အောက်တိုဘာ ၂၆ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KK Park ကျားဖြန့်ဝင်းအတွင်းမှ ထိုင်းဘက်သို့ ထွက်ပြေးလာသည့် ၂၈ နိုင်ငံမှ ၁၂၄၃ ယောက်သော လူများထဲတွင် ယင်းဒုစရိုက်ရပ်ဝန်း၏ ခေါင်းဆောင်ကြီးဖြစ်သော တရုတ်နိုင်ငံသား ဇောင်ဝေ (Zhao Wei) ပါဝင်ဖွယ်ရှိသည်ဟု ထိုင်း The Nation မီဒီယာက ဖော်ပြသွားခဲ့သည်။

KK Park ကျားဖြန့်ဝင်းကြီးအား မြန်မာစစ်ကောင်စီမှ ချေမှုန်းနေသည်ဟု ထုတ်ပြန်ကာ ထိုဒေသအား ထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် BGF များနှင့်ပေါင်းကာ ၃၊ ၄ ည ဆက်တိုက် အဆောက်အအုံအတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ကာ ကျားဖြန့်လုပ်သားများနှင့် ဂိုဏ်းခေါင်းဆောင် များစွာလည်း ထွက်ပြေးရာ ဇောင်ဝေသည် မဲ့ရမတ် သဘာ၀နယ်စပ်ဖြတ်ကျော်လမ်းမှ ထိုင်းဘက်သို့ အောက်တိုဘာ ၂၆ ရက်တွင် ဝင်လာခဲ့ပြီး ထိုမှတစ်ဆင့် ၎င်းအထိုင်ချထားသော ရွှေတြိဂံနယ်မြေ လာအိုပိုင်နက်တွင်းရှိ Kings Romans ကာစီနိုစီမံကိန်းဝင်းကြီးထဲ ဦးတည်သွားနေသည်ဟု ယင်းသတင်းက ဖော်ပြခဲ့သည်။

ထိုင်း၊ မြန်မာနှင့်လာအိုတို့ ဆုံရာရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်ခြမ်း ဘိုခဲရို ခရိုင် Houay Xay အရပ်တွင် ၂၀၀၇ ခုနှစ်က ဇောင်ဝေသည် လာအိုအစိုးရ၏ ဖိတ်ခေါ်မှုနှင့် Kings Romans ကာစီနို မြို့တော်ကြီးကို ထူထောင်ခဲ့ကာ ထိုရပ်ဝန်းသည် ကျားဖြန့်နှင့်ပတ်သက်သော လူမှောင်ခို၊ တိရစ္ဆာန် မှောင်ခို၊ ငွေကြေးခဝါချမှုများကို အဓိကလုပ်ဆောင်သဖြင့် အမေရိကန်က ပိတ်ဆို့အရေးယူမှု လုပ် ထားခဲ့သည်။

Kings Romans ကုမ္ပဏီသည် ဟောင်ကောင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ကာ ဇောင်ဝေသည် မက္ကာအိုမှ ဒုစရိုက်ကွန်ရက်ခေါင်းဆောင်အဖြစ် ထိုနေရာသို့ ရွှေ့လာသူဖြစ်ကာ မဲခေါင် မြစ်ဝှမ်းတစ်လျှောက် တရုတ်ကျားဖြန့်များစိုးမိုးရေးကို ဦးဆောင် ထူထောင်ခဲ့သူဖြစ်သည်။

ယခင် မိုင်းလားတွင်လည်း ကာစီနိုမြို့တော်ဟုဆိုကာ ၀ တပ်(UWSA)၊ NDAA တို့နှင့်ပူးပေါင်းပြီး မူးယစ်ဆေးနှင့်ငွေကြေးခဝါချ၊ ကျားဖြန့်လုပ်ငန်းများပါ ထူထောင်ခဲ့သူ ဒုစရိုက်ခေါင်းဆောင်အဖြစ် ကမ္ဘာက သတ်မှတ်ထားသည့် ဇောင်ဝေ (၇၃ နှစ်) သည် ယခု KK Park မှ ထွက်ခွာကာ ထိုင်းသို့ မဲ့ရမတ် နယ်စပ်ဖြတ်ကျော်သဘာ၀လမ်းမှ ဝင်လာပြီး ၎င်းအခြေစိုက်ထူထောင်ထားသော ရွှေတြိဂံဇုန် လာအို ဘက်ခြမ်းသို့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းဆန်မှ ဖြတ်ထွက်ရန် သွားနေလောက်သည်ဟု The Nation က ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။

ထောက်လှမ်းရေးသတင်းများအရ မဲခေါင်မြစ်ဝှမ်းဒေသတစ်လျှောက် တရုတ်စိုးမိုးလာနိုင်ရေး တရုတ်အစိုးရမှ ကာစီနိုများတည်ကာ ဖျက်စီးရေးစီမံချက်တွင် ယောင်ဝေသည် သူလျှိုအဖြစ် စေလွှတ်ထားသူဖြစ်နိုင်သည်ဟုလည်း ဖော်ပြမှုများ ရှိခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ဇောင်ဝေ
#ကာစီနို
#ကျားဖြန့်
#မဲခေါင်မြစ်
#ဒုစရိုက်ခေါင်းဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now