မဲခေါင်၊ အောက်တိုဘာ ၂၇
အောက်တိုဘာ ၂၇ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၉ မိနစ်ဝန်းကျင်တွင် ချင်းမိုင်ရှိ မွန်ပူအန် ခရိုင်ခွဲ၊ ပန်တောင်တံတားအနီး နယ်စပ်၌ ကင်းလှည့်ထိုင်းနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် မူးယစ် မှောင်ခိုအုပ်စုတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ အလောင်း ၆ လောင်းနှင့် စိတ်ကြွဆေး ၁၂၀၀၀၀၀ သိမ်းဆည်းရမိခဲ့သည်။
သေနတ်အပြန်အလှန်ပစ်ခတ်မှုသည် ၅ မိနစ်ဝန်းကျင်သာကြာပြီး ထိုင်းစစ်တပ်ဘက်မှ ပတ်ဝန်းကျင် ကိုပါစစ်ဆေးထိန်းသိမ်းရန် တပ်ခွဲ ၂ ခု ထပ်မံပို့ဆောင်ပြီးနောက် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေး ရာ အစိမ်းရောင် ကျောပိုးအိတ် ၈ လုံးအတွင်း တစ်အိတ်လျှင် Labubu နှင့် AAA တံဆိပ်ပါ စိတ်ကြွ ဆေးပြား ၁၅၀၀၀၀ ပါရှိပြီး စုစုပေါင်း ဆေးပြား ၁၂၀၀၀၀၀ သိမ်းဆည်းရမိခဲ့သလို သေကျန်ရစ်သော အလောင်း ၆ လောင်းနှင့် လက်နက် ၂ လက်တို့ကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ချိုင်ယာဖန်းတပ်မှူးက ထုတ်ပြန်ပြောဆိုသည်။
အလောင်းများကို အသားစ စစ်ဆေးပြီးမည်သူများဖြစ်ကြောင်းကို ဆက်လက် စုံစမ်းဖော်ထုတ်သွား မည်ဟုလည်း သိရှိရသည်။
ကိုကလင်း
Ref: MAESAIPREE
#MeKongNews
#ချင်းမိုင်
#စိတ်ကြွဆေးပြား
#မူးယစ်ဆေးဝါး
#ပစ်ခတ်ဖမ်းဆီး








