မဲခေါင်၊ အောက်တိုဘာ ၂၇
မူးယစ်အလွန်အကျွံ သုံးစွဲထားသူတစ်ဦး မောင်းနှင်သည့်ကားက မျက်နှာချင်းဆိုင်မှ ကားနှင့်ဆိုင်ကယ်များကို ပြင်းထန်စွာတိုက်မိ၍ လူ ၃ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၆ ရက် ညပိုင်း ၇ နာရီ ၂၀ မိနစ်ခန့်က လားရှိူးမြို့၊ ရပ်ကွက် ၇၊ သံလွင်ရပ်ကွက်၊ ရန်ကင်းလမ်းထိပ်၊ အထက ၂ အနောက်ဖက်ပေါက် ရှေ့တွင် အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် Crown ကားက Alphard ကားတစ်စီးနှင့် ဆိုင်ကယ် ၄ စီးကို ဝင်တိုက်မိခဲ့ပြီး လူ ၃ ဦး သေဆုံးသွားခြင်း ဖြစ်သည်။
“တိုက်တဲ့ကောင်က ဆေးကြောင်နေတာ၊ အရမ်း လွင့်နေတဲ့ပုံ။ ရဲဖမ်းသွားပြီ” ဟု အခင်းဖြစ်ရပ်ကို သိမြင်သူ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံးသူ ၃ ဦးအနက် အမျိုးသမီး တစ်ဦးပါဝင်ပြီး သေသူများနှင့် ဒဏ်ရာရသူများကို လားရှိုးဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#ယာဉ်တိုက်မှု
#မူးယစ်ဆေးဝါး
#သံလွင်ရပ်ကွက်








