နေ့စဥ်သတင်း

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်

မဲခေါင် 23 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်း စစ်မြေပြင်တွင် TNLA နှင့်အတူပူးတွဲ တိုက်ပွဲဝင်နေသည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာကြောင်း ယင်းအဖွဲ့က အောက်တိုဘာ၂၂ရက်တွင် ထုတ်ပြန်ကြေညာသည်။ အလင်းဝင်လာသည့် ရဲဘော်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၂ဆင်း တပ်သားအောင်ကျော်ဖြစ်ကာ ၎င်းတာ ဝန်ကျနေသည့် နမ့်လန်အခြေစိုက် ခလရ-၂၄၃ မှ လက်နက်မဲ့ ထွက်ပြေးလာပြီး လူထုတော်လှန်ရေးဘက်သို့ အလင်းဝင်လာကြောင်း သိရသည်။ “လက်နက်ခဲယမ်းမပါခဲ့ဘူး။ အလင်းဝင်တဲ့နေ့ရက်ကတော့ ကာယကံရှင်က မဖော်ပြစေချင်လို့ပါ။ လက်ရှိမှာတော့ မဟာမိတ် TNLA နဲ့အတူရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားနေပါတယ်။ ရဲဘော်အသစ်တွေလဲ ခေါ်ယူနေပါတယ်။ ရှေ့တန်းရဲဘော်များအနေနဲ့ အရေးပေါ်စက်သုံးဆီ၊ ဆေးဝါးနဲ့ ရိက္ခာများ လိုအပ်နေပါတယ်။ ရဲဘော်တွေအားလုံး ရပ်မနေပဲ

မဲခေါင်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်မြောက်ပိုင်း စစ်မြေပြင်တွင် TNLA နှင့်အတူပူးတွဲ တိုက်ပွဲဝင်နေသည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး အလင်းဝင်လာကြောင်း ယင်းအဖွဲ့က အောက်တိုဘာ၂၂ရက်တွင် ထုတ်ပြန်ကြေညာသည်။

အလင်းဝင်လာသည့် ရဲဘော်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၂ဆင်း တပ်သားအောင်ကျော်ဖြစ်ကာ ၎င်းတာ ဝန်ကျနေသည့် နမ့်လန်အခြေစိုက် ခလရ-၂၄၃ မှ လက်နက်မဲ့ ထွက်ပြေးလာပြီး လူထုတော်လှန်ရေးဘက်သို့ အလင်းဝင်လာကြောင်း သိရသည်။

“လက်နက်ခဲယမ်းမပါခဲ့ဘူး။ အလင်းဝင်တဲ့နေ့ရက်ကတော့ ကာယကံရှင်က မဖော်ပြစေချင်လို့ပါ။ လက်ရှိမှာတော့ မဟာမိတ် TNLA နဲ့အတူရှေ့တန်းစစ်မြေပြင်မှာ စစ်ရေးလှုပ်ရှားနေပါတယ်။ ရဲဘော်အသစ်တွေလဲ ခေါ်ယူနေပါတယ်။ ရှေ့တန်းရဲဘော်များအနေနဲ့ အရေးပေါ်စက်သုံးဆီ၊ ဆေးဝါးနဲ့ ရိက္ခာများ လိုအပ်နေပါတယ်။ ရဲဘော်တွေအားလုံး ရပ်မနေပဲ ဆက်လက်ကြိုးစားနေပါတယ်”ဟု ယင်းတပ်မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

အလင်းဝင်လာသူ၏ ပြောကြားချက်တွင် ၎င်းသည် နောင်ချိုဘက်တံတားပြင်ရာမှ အလင်းဝင်လာခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းသည် မန္တလေးကျောက်ဝိုင်းဘက် ရောက်ရှိနေစဥ် ပေါ်တာဆွဲဖမ်းဆီးခံရပြီး လေ့ကျင့်ရေးစခန်းသို့ အခြားပေါ်တာဖမ်းခံရသူများနှင့် သင်တန်းတက် ခဲ့ရကြောင်း၊ သင်တန်းတွင် ပါးရိုက်ခံ၊ စစ်ဖိနပ်ဖြင့် အကန်ခံရမှုများ ကြုံတွေ့ခဲ့ရသလို အခြားညှဥ်းပန်းနှိပ်စက်မှုများလည်း ခံစားခဲ့ရကြောင်း ၎င်းကပြောသည်။

“သမီးလေးကို မတွေ့ရသေးဘူး။ မိသားစုနဲ့ အေးအေးချမ်းပဲ နေချင်တယ်။ မတရားဖိနှိပ်ရက်စက်တဲ့ စစ်အာဏာရှင်ကိုတော့ တတ်နိုင်သမျှ ရဲဘော်တွေနဲ့ အတူ ဆန့်ကျင်သွားမယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းချသည်ကို ကိုယ်တိုင်သိမြင်ခဲ့ရပြီး သိသာသိစေ မမြင်စေနဲ့ဟုအထက်က ပြောကြားထားသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားရှိနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက အဓမ္မနည်းလမ်းအမျိုးမျိုးဖြင့် လူသစ်စုဆောင်းကာ သင်တန်းပေးခဲ့သည့် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁၅ သင်တန်းဆင်းခဲ့ပြီး လက်ရှိ အပတ်စဥ် ၁၈ တက်ရောက်နေကာ ၁၉ အတွက် လူသစ် အဓမ္မစုနေဆဲ ဖြစ်သည်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့-MDSI အဖွဲ့ဝင်တစ်ဦးကမူ စစ်ကောင်စီတပ်မှ ထွက်ပြေး၊ ပျောက်ဆုံး အနည်းဆုံးအင်အား ၃၀၀၀ ခန့်ရှိနေကြောင်းခန့်မှန်းထားသည်။

#MeKongNews
#ရှမ်းမြောက်
#ကျောက်မဲ
#အဓမ္မစစ်သားစုဆောင်း
#အလင်းဝင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now