မဲခေါင်၊ အောက်တိုဘာ ၂၁
အင်ဒိုနီးရှားသမ္မတသက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှား ကျောင်းသားများ ဂျာကာတာရှိ အမျိုးသားကျောက်တိုက်ရှေ့၌ မနက်ပိုင်းကတည်းက စုဝေးရောက်ရှိ ကာ ဆန္ဒပြရန် စီစဉ်နေသဖြင့် လုံခြုံရေးအရာရှိ ၁၇၄၃ ယောက်အထိ တိုးမြှင့်ချထားကြောင်း သိရသည်။
အင်ဒိုနီးရှားကျောင်းသားများ ညွှန်ပေါင်းအဖွဲ့ BEM SI က ထိုနေ့မတိုင်ခင် အင်စတာဂရမ်၌ hashtags #1YearIsEnough and #1YearOfContinuousProblems ခံကာ ပရာဘိုဝို တစ်နှစ်ပြည့် အင်ဒိုနီးရှား အနာဂတ်အတွက် ပူပန်ရသည်ဆိုသော စာသားဖြင့် စုဝေး ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည်။
ဩဂုတ်လနှောင်းပိုင်းက ကျောင်းသားများဦးဆောင်သော ပရာဘိုဝိုအစိုးရအဖွဲ့ မူဝါဒများအား ဆန့်ကျင်သည့် ဆန္ဒပြမှုကြီး စတင်ပေါ်ပေါက်လာကာ ဒလီဗာရီဒရိုင်ဗာတစ်ဦးကို ရဲတပ်ဖွဲ့ကားတစ်စီးက ဝင်တိုက်ပြီး သေဆုံးစေခဲ့ရာမှာ ဆန္ဒပြမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည်။
၂၀၂၄ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို မဲအနိုင်ရကာ နိုင်ငံသမ္မတအဖြစ် ၅ နှစ် အုပ်ချုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
သို့သော် ပရာဘိုဝိုနှင့် ၎င်း၏အစိုးရအဖွဲ့၊ လွှတ်တော်အမတ်များသည် ပြည်သူများပါဝင်နိုင်မှုမရှိသည့် ဥပဒေပြုမှုများကို ပြုလုပ်ခဲ့ခြင်း၊ စစ်ရေးဘတ်ဂျက်တိုးချကာ စစ်သည်များအတွက် ထမင်းကြွေးမှုနှင့် အခြားပြင်ဆင်မှုပိုင်းများတွင် ငွေပိုသုံးသော်လည်း ပညာရေးဘတ်ဂျက်ကို လျော့ချလိုက်ခြင်းတို့ကြောင့် ကျောင်းသားထု မကျေမနပ် ဆန္ဒပြခဲ့ရာမှာ သေဆုံးမှုများခဲ့သည့် လူထုအုံကြွမှု ဖြစ်ခဲ့ရသည်။
ပရာဘိုဝိုအစိုးရ၏ ကျောင်းသားများအတွက် နေ့လည်စာအခမဲ့ကျွေးသည့် အစီအစဉ်သည် သန်းနှင့်ချီသော ကျောင်းသားနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ရည်ရွယ်ခဲ့သော်လည်း ကျောင်းသား ထောင်နှင့်ချီကာ အစာအဆိပ်သင့်မှုများဖြစ်ပွားခဲ့သည့်အတွက် ပိုမိုဒေါသထွက်ကာ ဆန္ဒပြမှုများကြီး ထွားလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာ ၂၀ မနက်အစောပိုင်းကတည်းက အင်ဒိုနီးရှားကျောင်းသား ညွှန်းပေါင်းတပ် ဖွဲ့များ ဂျာကာတာရှိ အမျိုးသားကျောက်တိုက်မှ သမ္မတ အိမ်တော်အထိ ချီတက်ဆန္ဒပြရန် ကြိုးစားနေ မှုကို ထိန်းသိမ်းရေး လုံခြုံရေးအရာရှိ ၁၇၄၃ ဦးအထိ တိုးမြှင့်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကလင်း
Ref: northweststar
#MeKongNews
#အင်ဒိုနီးရှား
#ကျောင်းသား
#ဆန္ဒပြပွဲ
#ပရာဘိုဝို








