ကမ္ဘာ့သတင်း

တရုတ်တွင် စိုးရိမ်ဖွယ်ရာ ကူးစက်နေသည့် IDV တုပ်ကွေးမျိုးစိတ်ခွဲ ကပ်ဘေးအသွင်ဆောင်လာနိုင်လို့ သတိပေး

မဲခေါင် 18 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၈ တရုတ်နိုင်ငံ မွေးမြူရေးခြံများတွင် စိုးရိမ်ဖွယ်ကာ ကူးစက်ပျံ့နှံ့နေသော IDV တုပ်ကွေးမျိုးစိတ်ခွဲသစ်သည် တိရစ္ဆာန်မှတစ်ဆင့် လူ၊ လူမှ လူသို့ ကူးစက်နိုင်စွမ်းရှိကြောင်း သိရှိရသဖြင့် အသံတိတ်နည်းဖြင့် အခြားနိုင်ငံသစ်များသို့ ကူးစက်ပြီး ကပ်ဘေးအသွင်ဆောင်လာမည်ကို ပူပန်ရသည်ဟု တရုတ် သုတေသနပညာရှင်များကိုယ်တိုင်က သတိပေးထုတ်ပြန်လာသည်။ ယင်းတုပ်ကွေးမျိုးစိတ်သစ်ကို တုပ်ကွေး D သို့မဟုတ် influenza D virus (IDV) ဟု ခေါ်တွင်စေပြီး ချန်ချွန်း တိရစ္ဆာန်ကုသရေးနှင့်ဆေးသိပ္ပံဌာနမှ ဟွန်ဘိုဘောင်းဦးဆောင်သော သုနေသနအဖွဲ့မှ လေ့လာမှုများပြုလုပ်နေကြပြီ ဖြစ်သည်။ လေ့လာမှုအရ လက်ရှိတွင် ကျွဲနွားများတွင်သာ အဓိက ပျံ့နှံ့ကူးစက်နေသော်လည်း ဗိုင်းရပ်စ်၏ အသွင်ပြောင်းလာမှုများအရ တိရစ္ဆာန်မှ လူသားသို့ ကူးစက်နိုင်ကြောင်းလည်း တွေ့ရှိခဲ့ရကြောင်း၊

မဲခေါင်၊ အောက်တိုဘာ ၁၈

တရုတ်နိုင်ငံ မွေးမြူရေးခြံများတွင် စိုးရိမ်ဖွယ်ကာ ကူးစက်ပျံ့နှံ့နေသော IDV တုပ်ကွေးမျိုးစိတ်ခွဲသစ်သည် တိရစ္ဆာန်မှတစ်ဆင့် လူ၊ လူမှ လူသို့ ကူးစက်နိုင်စွမ်းရှိကြောင်း သိရှိရသဖြင့် အသံတိတ်နည်းဖြင့် အခြားနိုင်ငံသစ်များသို့ ကူးစက်ပြီး ကပ်ဘေးအသွင်ဆောင်လာမည်ကို ပူပန်ရသည်ဟု တရုတ် သုတေသနပညာရှင်များကိုယ်တိုင်က သတိပေးထုတ်ပြန်လာသည်။

ယင်းတုပ်ကွေးမျိုးစိတ်သစ်ကို တုပ်ကွေး D သို့မဟုတ် influenza D virus (IDV) ဟု ခေါ်တွင်စေပြီး ချန်ချွန်း တိရစ္ဆာန်ကုသရေးနှင့်ဆေးသိပ္ပံဌာနမှ ဟွန်ဘိုဘောင်းဦးဆောင်သော သုနေသနအဖွဲ့မှ လေ့လာမှုများပြုလုပ်နေကြပြီ ဖြစ်သည်။

လေ့လာမှုအရ လက်ရှိတွင် ကျွဲနွားများတွင်သာ အဓိက ပျံ့နှံ့ကူးစက်နေသော်လည်း ဗိုင်းရပ်စ်၏ အသွင်ပြောင်းလာမှုများအရ တိရစ္ဆာန်မှ လူသားသို့ ကူးစက်နိုင်ကြောင်းလည်း တွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် လူမှ လူသို့ ကူးစက်ပျံ့နှံ့နိုင်သဖြင့် လက်ရှိ တိရစ္ဆာန်များအကြား ကမ္ဘာ့အနှံ့ကူးစက်နိုင်သော အနေအထား (panzootic) အဆင့်သာရှိသော်လည်း လူလူချင်း တစ်ကမ္ဘာလုံးဆိုင်ရာ ကူးစက်နိုင်သည့် (pandemic) အန္တရာယ်အထိပါ ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ယင်းလေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

IDV ဗိုင်းရပ်စ်ကို ၂၀၁၁ ခုနှစ်က ဝက်များတွင် ကူးစက်ခဲ့သည်ကို စတင်တွေ့ရှိခဲ့ရပြီး ရောဂါလက္ခဏာများသည် အိုကလာဟိုးမား ဗိုင်းရပ်စ်နှင့် ဆင်တူကြောင်း သုံးသပ်ခဲ့ကြသည်။

ထို့နောက်ပိုင်း စောင့်ကြည့်လေ့လာမှုများအရ ဝက်မှတစ်ဆင့် နွားများသို့ ကူးစက်ကာ နွားများမှ တစ်ဆင့် နွားခြံလုပ်သား လူသားများဆီအထိ သယ်ဆောင်ပျံ့နှံ့စေနိုင်သည့် အန္တရာယ်ကို သတိပြုမိလာခြင်းဖြစ်သည်။

အခြားသော IDV တုပ်ကွေးဗိုင်းရပ်စ်လေ့လာသည့်အဖွဲ့တစ်ဖွဲ့က မကြာသေးမီ နှစ်များအတွင်း ယင်းဗိုင်းရပ်စ်သည် နိုင်ငံသစ်၊ တိုက်အသစ်သို့ ရောဂါလက္ခဏာ ထူးခြားမှုမပြဘဲ ပျံ့နှံ့ရောက်ရှိခဲ့ပြီးဖြစ်ကာ ဥရောပ၊ မြောက်နှင့် တောင်အမေရိက၊ အာရှ၊ အာဖရိကတိုက်များအထိ ဆိတ်၊ သိုး၊ မြင်း၊ ကုလားအုတ်၊ ခွေးများသို့ ကူးစက်ပျံ့နှံ့မှု ရှိခဲ့သည်ဟုဆိုကာ ပိုမိုးဆိုးရွားသော အဆင့်များဖြင့် လူများ ကမ္ဘာပတ် ကူးစက်မည်လားဆိုသည်ကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်ရမည်ဟု သတိပေးထုတ်ပြန်ခဲ့သည်။

D/HY11 ဟုလည်းခေါ်သည် IDV တုပ်ကွေးဗိုင်းရပ်စ်သစ်ကို ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း နွားမွေးမြူရေးခြံများတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ လေ့လာမှုများအရ ထိတွေ့မှုမှသာမက လေထဲမှပင် ကူးစက်ပျံ့နှံ့နိုင်သည်ကို တွေ့ရှိခဲ့ရသည်။

တရုတ်အရှေ့မြောက်ပိုင်းရှိ လူများကို သွေးနမူနာများစစ်ဆေးခဲ့ရာတွင် ၇၄ ရာခိုင်နှုန်းသည် ယင်းဗိုင်းရပ်စ် ကိုယ်တွင်း ကူးစက်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသဖြင့် တိရစ္ဆာန်မှ လူသားသို့ ကူးစက်နိုင်စွမ်းရှိသည်မှာ သေချာခဲ့ပြီး လူမှ လူသို့ ကူးစက်ခြင်း သေချာ ရှိ မရှိကိုမူ ဆက်လက် စမ်းသပ်လေ့လာနေဆဲဖြစ်သည်။

ယင်းဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းကို ဆိုးရွားစွာထိခိုက်စေကာ သာမန် တုပ်ကွေးဆေးများဖြင့် ပျောက်ကင်းနိုင်ရန် ကုသမရသည်ကိုလည်း စမ်းသပ်တွေ့ရှိထားသဖြင့် ကမ္ဘာ့ကပ်ဘေး အန္တရာယ် ဖြစ်လာဖွယ်ရှိသည်ဟု စိုးရိမ်နေရခြင်းဖြစ်ကြောင်း ဟွန်ဘိုဦးဆောင်သည့် သုတေသနအဖွဲ့ စာတမ်း ထုတ်ပြန်မှုတွင် ဖော်ပြပါရှိခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်
#တုတ်ကွေး
#ဗိုင်းရပ်စ်
#ကူးစက်ရောဂါ
#ကျန်းမာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now