ကမ္ဘာ့သတင်း

US နှင့် UK ပေါင်းပြီး ကမ္ဘောဒီးယားကျားဖြန့်ကွန်ရက်ခေါင်းဆောင် ဒုစရိုက်အုပ်စုများကို ပိတ်ဆို့၊ ဒေါ်လာ ၄ ဘီလီယံဖိုးရှိ ပိုင်ဆိုင်မှုများ သိမ်းယူ

မဲခေါင် 15 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၅ အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ကမ္ဘောဒီးယား၌ အခြေစိုက်သည့် ကျားဖြန့် ကွန်ရက်ခေါင်းဆောင် ကမ္ဘောဒီးယားသား ချန်ဇီနှင့် ပတ်သက်သည့် လူနှင့်အုပ်စုပေါင်းများစွာကို ယူကေနှင့်အတူ ပူးပေါင်းကာ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ကြောင်းနှင့် ပိုင်ဆိုင်မှု ဒေါ်လာ ၄ ဘီလီယံဖိုးကိုလည်း သိမ်းဆည်းလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘောဒီးယားအပါ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသည် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်ယူနေကာ လူမှောင်ခိုမှု၊ အလုပ်ဗန်းပြလိမ်လည်ခေါ်ဆောင်အာ အဓမ္မ ကျားဖြန့်လုပ်ငန်းများခိုင်းစေမှုများ ရှိနေသည်။ အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) နှင့် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများ နှိမ်နင်းရေးကွန်ရက် (FinCEN)တို့သည့် ယူကေ၏ နိုင်ငံခြား၊ ဓနသဟာယနှင့်

မဲခေါင်၊ အောက်တိုဘာ ၁၅

အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၁၄ ရက်တွင် ကမ္ဘောဒီးယား၌ အခြေစိုက်သည့် ကျားဖြန့် ကွန်ရက်ခေါင်းဆောင် ကမ္ဘောဒီးယားသား ချန်ဇီနှင့် ပတ်သက်သည့် လူနှင့်အုပ်စုပေါင်းများစွာကို ယူကေနှင့်အတူ ပူးပေါင်းကာ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ကြောင်းနှင့် ပိုင်ဆိုင်မှု ဒေါ်လာ ၄ ဘီလီယံဖိုးကိုလည်း သိမ်းဆည်းလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ကမ္ဘောဒီးယားအပါ အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများသည် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်ယူနေကာ လူမှောင်ခိုမှု၊ အလုပ်ဗန်းပြလိမ်လည်ခေါ်ဆောင်အာ အဓမ္မ ကျားဖြန့်လုပ်ငန်းများခိုင်းစေမှုများ ရှိနေသည်။

အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) နှင့် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများ နှိမ်နင်းရေးကွန်ရက် (FinCEN)တို့သည့် ယူကေ၏ နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO)နှင့်ပူးပေါင်းကာ ကျားဖြန့်နှိမ်နင်းရေးသမိုင်း၌ အကြီးမားဆုံး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ယခုလို အရေးယူမှုများ၊ ပိုင်ဆိုင်မှု သိမ်းဆည်း ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ရာတွင် Prince Group Transnational Criminal Organization (Prince Group TCO)နှင့် Huione Group တို့အား အမေရိကန်နိုင်ငံ ဘဏ္ဍာရေးစနစ်အတွင်းမှ လုံး၀ ဖြတ်တောက်အရေးယူကာ ဒေါ်လာဘီလီယံချီ ငွေကြေးခဝါချမှုများကြောင့် မည်သည့် အမေရိကန်၊ ယူကေ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ ပတ်သက်ခြင်းမပြုရန်ပါ ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

Prince Group TCO သည် ချန်ဇီ ဦးဆောင်ထူထောင်ထားသော ကျားဖြန့်၊ အွန်လိုင်းရင်းနှီးမြှပ်နှံမှု အယောင်ပြ ငွေလိမ်မှု၊ လူမှောင်ခိုကူးမှုများအပြင် လူသတ်မှုပင်ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဖြစ်ကာ ၎င်း၏ ကွန်ရက် အတွင်း ပါဝင်နေသော Prince Holding Group နှင့် Prince Bank Plc အပါအဝင် ဟန်ပြေအဖြစ် ကမ္ဘာအနှံ့ဖွင့်လှစ်ထားသည့် မိတ်ဖက်အဖွဲ့အစည်း ပစ်မှတ် ၁၄၆ ခုအား ပိတ်ဆို့အရေး ယူကြောင်း OFAC ကလည်း ထုတ်ပြန်ခဲ့သည်။

FinCEN ၏ စုံစမ်းဖော်ထုတ်မှုအရ Huione Group သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ငွေကြေး အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံကို ငွေကြေးခဝါချခဲ့ကြောင်း၊ ထိုအထဲတွင် မြောက်ကိုရီးယားမှ ဆိုက်ဘာတိုက်ခိုက်ခိုးယူခဲ့သည့် ငွေများလည်း ပါဝင်သဖြင့် အမေရိကန်ဘဏ္ဍာရေးနယ်ပယ်၌ ၎င်းအုပ်စုနှင့် မည်သည့် ပတ်သတ်မှုမျိုးမှမရှိရန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး စကော့ဘက်ဆန့်က နယ်စပ်ဖြတ်ကျော် ကျားဖြန့် ရာဇဝတ်မှုများကြောင့် အမေရိကန်နိုင်ငံတစ်ခုတည်း နစ်နာရမှုသည် ဒေါ်လာ ၁၆ ဘီလီယံ ရှိခဲ့ကာ Prince Group သည် ထိုလိမ်လည်မှုများ၌ ထဲထဲဝင်ဝင်ပါဝင်နေခဲ့သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်မှ ရရှိသော သတင်းအရ ချန်ဇီကွန်ရက်သည် ပါလာရူကျွန်းနိုင်ငံကျားဖြန့်လုပ်ငန်း ချဲ့ထွင်နေမှုတွင်ပါ အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး ထိုကျွန်းတွင် Grand Legend International Asset Management Co. အမည်ဖြင့် ဟိုတည်လုပ်ငန်းဟန်ပြကာ တရားမဝင် ငွေကြေးခဝါချ၊ လိမ်လည်မှု လုပ်ငန်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

၃၈ နှစ်သာရှိသေးသော ချန်ဇီကို ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးက အောက်တိုဘာ ၈ ရက်၌ လိမ်လည်မှု၊ ငွေကြေးခဝါချမှုများအတွက် စွဲချက်တင်ခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက် ထုတ်ပြန် ချက်အရ သိရှိရပြီး ယခုလို ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းနှင့် ပိတ်ဆို့အရေးယူမှုများအတွက် ချန်ဇီနှင့် ၎င်း၏ Prince Group တို့မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မလုပ်ကြသေးပေ။

အမေရိကန်နှင့် ယူကေတို့ သိမ်းယူလိုက်သည့် ပိုင်ဆိုင်မှုတန်ဖိုးမှာ ဘစ်ကွိုင် ၁၂၇၂၇၁ သို့မဟုတ် စင်ကာပူဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံရှိသည်ဟုလည်း အမှုလိုက် ရှေ့နေများ အဆိုအရ သိရှိရသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ချန်ဇီ
#အမေရိကန်
#ယူကေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now